ထိပ်ကပ်နာရောဂါကို သက်သာသွားစေနိုင်မယ့် အထိရောက်ဆုံးနည်းလမ်းများ

18-2-2021-yyl-28.jpg

ထိပ်ကပ်နာရောဂါကို ကြုံတွေ့ရတဲ့သူတွေက တကယ်ကို စိတ်ကသိကအောက်ဖြစ်ရပါတယ်။ Sinus Infection ဆိုတဲ့ ထိပ်ကပ်နာရောဂါဆိုတာက ဦးခေါင်းခွံမှာ နှာခေါင်းပေါက်နဲ့ ဆက်သွယ်ထားတဲ့ လေလမ်းကြောင်း/ နှာခေါင်းပေါက် ပိတ်ဆို့ရာကနေ ပိုးဝင်ရောင်ရမ်းတာဖြစ်ပါတယ်။ နှာပိတ်တာလို့လည်း ပြောလို့ရပါတယ်။ ထိပ်ကပ်နာရောဂါက ရုတ်တရက်ဖြစ်တဲ့ ထိပ်ကပ်နာနဲ့နာတာရှည်ထိပ်ကပ်နာဆိုပြီး အမျိုးအစား (၂) မျိုးရှိပါတယ်။ ခဏခဏ အကြာကြီးဖြစ်တဲ့ နာတာရှည်ထိပ်ကပ်နာကို ကုသဖို့အတွက် ပဋိဇီဝဆေးလိုအပ်ပါတယ်။ ရုတ်တရက်ဖြစ်တဲ့ထိပ်ကပ်နာကိုတော့ အိမ်မှာပဲ ကုသပေးလို့ရပါတယ်။

Sinus Infection ဖြစ်ရခြင်းက ဖုန်မှုန့်၊ ဓာတုပစ္စည်းတွေကြောင့် ဓာတ်မတည့်တာကြောင့်ဖြစ်ပါတယ်။ နှာခေါင်းပေါက်က ရောင်ရမ်းပြီး ပိုးဝင်လာတဲ့အခါ ထိပ်ကပ်နာဖြစ်လာရပါတယ်။ အဖြစ်များတဲ့လက္ခဏာရပ်တချို့ကတော့ ခေါင်းကိုက်တာ၊ မျက်နှာတစ်ဝိုက်လေးလံနာကျင်တာ၊ နှာပိတ်တာ၊ နှာစေးတာ၊ လည်ချောင်းနာတာ၊ ချောင်းဆိုးတာ၊ ဖျားနာတာ၊ ရောင်ရမ်းတာတွေဖြစ်ပါတယ်။ အဲဒီလက္ခဏာရပ်တွေဖြစ်လာရင် သက်သာသွားစေနိုင်တဲ့ အိမ်တွင်းနည်းလမ်းတချို့ရှိပေမဲ့ ဘာကြောင့်လဲဆိုတဲ့ အကြောင်းအရင်းကို သေချာသိရဖို့အတွက် ဆရာဝန်ပြကြည့်သင့်ပါတယ်။ လက္ခဏာရပ်က မပြင်းထန်ဘဲ ရုတ်တရက်ထိပ်ကပ်နာဖြစ်တယ်ဆိုရင် အောက်မှာဖော်ပြပေးထားတဲ့ အိမ်တွင်းနည်းလမ်းတချို့ကို လုပ်ကြည့်လို့ရပါတယ်။

ရေများများသောက်ပေးပါ

ရေဓာတ်ပြည့်ဝအောင်နေတာက ရေဓာတ်ကုန်ခန်းတာကနေ ကာကွယ်တာပါပဲ။ လူတစ်ယောက်က ထိပ်ကပ်နာရောဂါကနေ သက်သာသွားဖို့အတွက် ရေကို ပိုပြီး သောက်ပေးရပါတယ်။ ရေက ချွဲသလိပ်တွေကို ပါးသွားစေပြီး နှာခေါင်းပေါက်မှာ ပိတ်ဆို့တာမျိုးတွေမဖြစ်တော့အောင် ကူညီပေးနိုင်ပါတယ်။

ရေနွေးငွေ့ရှုပါ

ရေနွေးငွေ့က နှာခေါင်းပေါက်မှာ ပိတ်ဆို့နေတာတွေ ရှင်းလင်းသွားအောင် ကူညီပေးပါတယ်။ ရေနွေးငွေ့ထုတ်စက်မရှိရင် ရေနွေးထည့်ပြီး သက်သာသွားဖို့အတွက် ပူစီနံအနည်းငယ်ထည့်လိုက်ပါ။ ပူစီနံထည့်ထားတဲ့ရေကနေ ရေနွေးငွေ့ရှုတာက ထိပ်ကပ်နာကြောင့် နာကျင်တာ၊ ယားယံတာတွေကနေ သက်သာအောင် ကူညီပေးပါလိမ့်မယ်။

စွပ်ပြုတ်သောက်ပေးပါ

စွပ်ပြုတ်ပူပူလေးတစ်ခွက်ကလည်း ထိပ်ကပ်နာရောဂါ/ နှာပိတ်တာကို သက်သာသွားစေနိုင်ပါတယ်။ သင်ကြိုက်တဲ့ ဘယ်စွပ်ပြုတ်မဆို သောက်ပေးလို့ရပါတယ်။ စွပ်ပြုတ်က အခိုးအငွေ့က နှာခေါင်းပေါက်မှာ ပိတ်ဆို့နေတာတွေကို ဖယ်ရှားသွားအောင် ကူညီပေးနိုင်ပါတယ်။

ပန်းသီးအရက်ဗင်နီဂါကို အသုံးပြုပေးပါ

ပန်းသီးအရက်ဗင်နီဂါမှာ ကျန်းမာရေးအကျိုးကျေးဇူးများစွာရှိပြီး ထိပ်ကပ်နာရောဂါကို ဖယ်ရှားတဲ့အခါ အသုံးပြုလို့ရပါတယ်။ ပန်းသီးအရက်ဗင်နီဂါကို ရေနွေးထဲထည့်သောက်ပေးမယ်ဆိုရင် နှာပိတ်တာ၊ ထိပ်ကပ်နာဖြစ်တာကို သက်သာသွားစေနိုင်ပါတယ်။

Ref: Five effective home remedies to relieve sinus pain

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top