နာမကျန်းကလေးငယ်တွေအတွက် ဒေါ်လာ ၂ သိန်းကျော် လှူဒါန်းခဲ့တဲ့ အမျိုးသားကြီးရဲ့ စိတ်ဝင်စားဖွယ်အလုပ်အကိုင်

44936688_1197719443713133_1238436253385359360_n.jpg

ပစ်(တ်)ဘာ့ရှ်မြို့က UPMC ကလေးဆေးရုံမှာ အဲလ်ဘတ် လက်စီ ဆိုသူ အမျိုးသားကြီးက ဖိနပ်တိုက်လုပ်ငန်းကို လုပ်ကိုင်ခဲ့ပြီး အပတ်စဉ် အင်္ဂါနဲ့ ကြာသပတေးနေ့တိုင်း ပုံမှန် နှစ်ပေါင်း ၃၀ တိုင်အောင် ဒီအလုပ်ကို လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၇၆ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ အဲလ်ဘတ်က မွန်မြတ်တဲ့ သူ့ရဲ့ ကုသိုလ်တစ်ခုတော့ ချန်ထားရစ်ခဲ့ပါတယ်။ သူဖိနပ်တိုက်လို့ရတဲ့ လုပ်အားခငွေ ဒေါ်လာ ၂ သိန်းကျော်ကို နာမကျန်း ကလေးငယ်တွေအတွက် ရန်ပုံငွေအဖြစ် အဲလ်ဘတ်က ထည့်ဝင်ခဲ့တာပါ။

၁၉၈၂ ခုနှစ်ကတည်းက စတင်ပြီး ဆေးရုံမှာ ဖိနပ်တိုက်အလုပ် လုပ်ခဲ့တဲ့ အဲလ်ဘတ်က နယ်မြို့လေးကနေ ၂ နာရီကြာ ဘတ်စ်ကားစီးပြီး အလုပ်ကို လာရတာ ဖြစ်ပါတယ်။ ဖိနပ်တစ်ခါတိုက်ခ ၃ ဒေါ်လာ ရရှိပြီး တစ်နှစ်ပတ်လည်ကို ဒေါ်လာ တစ်သောင်း အဖတ်တင်တာဖြစ်လို့ ရသမျှ လုပ်အားခလေးတွေကို အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှု ရန်ပုံငွေထဲ ထည့်ဝင်ခဲ့ပါတယ်။ ဒီရန်ပုံငွေက အသက်အာမခံချက် မရသေးတဲ့ ကလေးငယ်တွေကို ကျန်းမာရေး စောင့်ရှောက်မှုပေးဖို့ အသုံးပြုသွားမယ့် ငွေတွေပဲ ဖြစ်ပါတယ်။

အဲလ်ဘတ်က ဖိနပ်တိုက်လုပ်ငန်းထဲမှာ စိတ်ထည့်ပြီး တစ်စိုက်မတ်မတ် ဆောင်ရွက်ရတဲ့ အကြောင်းရင်းကလည်း ကလေးငယ်တွေကို ကူညီချင်တဲ့ စေတနာကိုသာ အရင်းခံတာ ဖြစ်ပါတယ်။ ဒါကြောင့် ၁၉၉၇ ခုနှစ်မှာ အထူးချွန်ဆုံး နိုင်ငံသားဆုကို ချီးမြှင့်ခံရပြီး ၂၀၀၁ ခုနှစ်မှာ ရန်ပုံငွေရှာဖွေရေးအဖွဲ့အစည်းက ချီးမြှင့်တဲ့ သဒ္ဓါတရား အထက်သန်ဆုံးဆုကိုလည်း ရရှိခဲ့ပါတယ်။ ဒါတင်မကသေးပါဘူး ဇာတိမြို့က အာဏာပိုင်တွေကလည်း သူ့အတွက် တစ်သက်တာ ဘတ်စ်ကား အခမဲ့ စီးနှင်းခွင့်ကို ဂုဏ်ပြုပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

Ref: CNN “He spent 30 years shining shoes — and raised more than $200,000 for sick kids”

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top