မြန်မာ၊ရန်ကုန်၊ဧပြီလ (၂၁)ရက်၊ ၂၀၂၅။ ။vivo သည် V50 ၏ နောက်ဆက်တွဲ series ဖြစ်သည့် ဘတ်ထရီ စွမ်းအင်ပမာဏများပြီး ပါးလွှာကျစ်လစ်သောဒီဇိုင်းနှင့် ဘက်စုံပြီးပြည့်စုံသော vivo V50 Lite ကိုမိတ်ဆက်ခဲ့ သည်။စတိုင်ကျလှပသောဒီဇိုင်းနှင့် အရည်အသွေးပြည့်ဝသော လုပ်ဆောင်ချက်တို့ ပြီးပြည့်စုံစွာ ပေါင်းစပ်ထား သောကြောင့် vivo V50 Lite သည် အကြမ်းခံနိုင်ခြင်း၊ AI အဆင့်မြင့် ပုံရပ်မြှင့်တင်ခြင်းစွမ်းရည်နှင့် ချောမွေ့သော အတွေ့အကြုံများ ပေးစွမ်းနိုင်သည့်အပြင် vivo၏ ဖုန်းများအနက် 6500 mAh BlueVolt Battery ပါဝင်ပြီး အပါးလွှာဆုံးဖုန်းတစ်ခုအဖြစ် မှတ်တမ်းတင်လျက်ရှိသည်။

ဆွဲဆောင်မှုရှိပြီး စတိုင်ကျသော ဒီဇိုင်း
ပါးလွှာကျစ်လစ်သော ကိုယ်ထည်သည် 7.79 မီလီမီတာအထူသာရှိပြီး 2.5D မျက်နှာပြင်ပါရှိသော V50 Lite ကို သဘာဝနှင့်အနီးစပ်ဆုံးပုံဖော်ထားသည့် အရောင် (၃) ရောင်နှင့် ရရှိမည်ဖြစ်ပြီး ပြောင်လက်တောက်ပသောဘေးဘောင် တို့က ပြောင်မြောက်သောနည်းပညာတို့ကို ဖော်ပြနေသည်။ Titanium Gold အရောင်သည် သဘာဝ၏ အနွေးဓာတ်နှင့် နည်းပညာကို ပေါင်းစပ်ထားပြီး တည်ငြိမ်မှုရှိသော ခံစားချက်ကိုပေးစွမ်းနိုင်သည်။Phantom Black အရောင်သည် အနက်ရောင်နှင့် ခရမ်းရောင်တို့ပေါင်းစပ်ထားပြီး ညကောင်းကင်၏ အလှတရားကို ပုံဖော်ထားသည်။ Fantasy Purple အရောင်သည် ကမ်းခြေ၏ညနေဆည်းဆာအချိန်တွင်ဖြစ်ပေါ်နေသော ပန်းခရမ်းရောင် အရောင်ပြေးကို ပုံဖော်ထားခြင်း ဖြစ်သည်။
V50 Lite သည် ၆.၇၇ လက်မ မျက်လုံးထိခိုက်မှုကာကွယ်ပေးသောမျက်နှာပြင်ကို P-OLED နည်းပညာနှင့် လုပ်ဆောင် ထားပြီး ပါးလွှာသောဘေးဘက်မျက်နှာပြင်တွေက ၉၄.၂ရာခိုင်နှုန်း မျက်နှာပြင်နှင့်ကိုယ်ထည်အချိုးအဆရှိပြီး ကျယ်ပြန့်သော မြင်ကွင်းအတွေ့အကြုံကို ပေးစွမ်းနိုင်သည်။
ကြီးမားသော ဘတ်ထရီနှင့် Reverse Charging အားသွင်းစနစ်ပါဝင်သော vivo ၏ အပါးလွှာဆုံးဖုန်း
vivo V50 Lite ၏ အခရာကျသော ပါးလွှာကျစ်လစ်သည့် 6500 mAh BlueVolt Battery သည် သူမတူသော ကြီးမားသော စွမ်းအင်ကို ပါးလွှာသောဒီဇိုင်းနှင့်အတူ ယူဆောင်လာသည်။ထိုဘတ်ထရီပမာဏသည် YouTube ကြည့်လျှင် ၂၇.၄၁ နာရီနှင့် TikTok သုံးလျှင် ၁၅နာရီအထက် သုံးစွဲနိုင်မယ်ဖြစ်သောကြောင့် သုံးစွဲသူများအနေဖြင့် အနှောက်အယှက်မရှိဘဲ သုံးစွဲနိုင်မည်ဖြစ်သည်။ထို့အပြင် vivo V50 Liteသည် reverse charging အားသွင်းစနစ်ပါဝင်သောကြောင့် မိမိ၏တခြားသော ပစ္စည်းများကို အားပြန်သွင်းနိုင်မည်ဖြစ်သည်။
ဘတ်ထရီနည်းပညာများ၏ရှေ့ဆောင်ဖြစ်သည့် Carbon Recomposition၊Electrode Reshaping နှင့် Laser Etching
နည်းပညာတို့က ဘတ်ထရီ၏တည်ဆောက်ပုံ၊ စွမ်းအားတိုးမြှင့်ခြင်းနှင့် မြန်ဆန်သောစွမ်းအားကူးပြောင်းခြင်းများကို လုပ်ဆောင်ပေးသည်။ vivo၏ မူပိုင်နည်းပညာတစ်ခုဖြစ်သည့် Battery Encapsulation Technology သည် သိပ်သည်း ကျစ်လစ်သော ဘတ်ထရီကို ပါးလွှာသောဘတ်ထရီကိုယ်ထည်တွင် ဝင်ဆံ့နိုင်ရန်လုပ်ဆောင်ထားသည်။ထို့အပြင် ဘတ်ထရီ သည် 24- Dimension Security Protection ပါဝင်ပြီး ၅နှစ်ကြာဘတ်ထရီအရည်အသွေးကို ထိန်းသိမ်းထားနိုင်သည်။ အကြိမ် ၁၇၀၀ အားသွင်းပြီးလျှင်တောင် ဘတ်ထရီကို ၈၀ရာခိုင်နှုန်းအထိ ရှိနေအောင်လုပ်ဆောင် ပေးနိုင်မည်။ အကြမ်းခံနိုင်သည့် ဒီဇိုင်းတည်ဆောက်ပုံကြောင့် အပူချိန် အနှုတ် ၂၀ဒီဂရီဆဲလ်စီးယက်စ် မှ ၅၀ ဒီဂရီ ဆဲလ်စီးယက်စ် အထိ လွန်ကဲသော အခြေအနေများတွင် ပုံမှန်အခြေအနေများအတိုင်းကဲ့သို့ လုပ်ဆောင်ပေးနိုင်သည်။
Flagship အဆင့်မီ 90W FlashCharge နည်းပညာသည် လျင်မြန်သောအားသွင်းကိုထောက်ပံ့ပေးပြီး ၉မိနစ် အားသွင်းရုံဖြင့် ၂၀ရာခိုင်နှုန်းအထိ အားသွင်းနိုင်သည်။ ၁၀၀ရာခိုင်နှုန်း အားအပြည့်ကို ၅၇.၅ မိနစ်သာ ကြာမည် ဖြစ်သည်။ ထို့အပြင် V50 Liteတွင် AI- Charging စနစ်ပါဝင်ပြီး ဘတ်ထရီအားကုန်သည့်အခြေအနေမှ ချက်ချင်းအားပြန်သွင်းသည့်အချိန်တွင် ဘတ်ထရီသက်တမ်းကိုလျှော့ကျခြင်းကို နှေးကွေးအောင် လုပ်ဆောင်ပေး သည်။

ယုံကြည်စိတ်ချရသော ဘက်စုံအကြမ်းခံနိုင်မှု စွမ်းရည်
အရည်အသွေးပြည့်မီအောင် လုပ်ဆောင်ထားသော V50 Lite သည် SGS Five-Star Drop Resistance နှင့် military-grade certification ရရှိထားသည်။ ထို့အပြင် IP65 Dust and Water Resistance ပါဝင်သောကြောင့် နေ့စဉ်ကြုံတွေ့နေရတဲ့ ရေစင်ဒဏ်၊ဖုန်ဒဏ်တို့ကို ကာကွယ်ပေးနိုင်သည်။ Wet-Hand Touch နည်းပညာသည် မည်သည့်အခြေအနေတွင်မဆို ရေစိုနေသောလက်၊ ဆီပေနေသောလက်များနှင့် အလွယ်တကူ ချက်ချင်း လုပ်ဆောင်နိုင်မည်ဖြစ်သည်။
V50 Lite သည် လ ၅၀ ကြာ ချောမွေ့သော သုံးစွဲမှုအတွေ့အကြုံကိုပေးစွမ်းနိုင်သည်။ Memory Booster နည်းပညာသည် တစ်ချက်ထိလိုက်ရုံဖြင့် သုံးစွဲပြီးသား အက်ပလီကေးရှင်းများကို လွယ်ကူစွာရှင်းလင်းနိုင်မည်။ သိုလှောင်ပမာဏ 256GB ဖြင့် သုံးစွဲသူများသည် အက်ပလီကေးရှင်း၊ ဗီဒီယိုနှင့် ဖိုင်များကို စိတ်ပူစရာမလိုပဲ သိမ်းဆည်းနိုင်မည်ဖြစ်သည်။
AI ပါဝါသုံး ကြည်လင်ပြတ်သွားသည့် ပုံရိပ်နည်းပညာ
ဘဝရဲ့ တန်ဖိုးရှိသည့် အခိုက်အတန့်တွေကို မှတ်တမ်းတင်ထားနိုင်ရန် V50 Lite သည် အဆင့်မြင့်ပုံရိပ် နည်းပညာစနစ်ဖြင့် 50MP ပင်မကင်မရာ၊ Bokeh ကင်မရာ၊ 32MP အရှေ့ကင်မရာတို့တပ်ဆင် ထားပြီး vivo၏ အဆင့်မြင့် Aura Ligh စနစ်ပါဝင်သည်။ ညဘက်ဓာတ်ပုံရိုက်ကူးမှုများတွင်လည်း ပတ်ဝန်းကျင်အလင်းရောင်ကို လိုက်၍ Aura Light သည် စတူဒီယိုမှာ ရိုက်ကူးသည့် ဓာတ်ပုံများကဲ့သို့ အလင်းရောင်ကို ချိန်ညှိပေးသည်။ AI Image Studio ပါဝင်သောကြောင့် AI Erase 2.0 ၊ AI Photo Enhance တို့က ပုံရိပ်အရည်အသွေးကို မြှင့်တင်ပေးသည်။ တစ်ချက်ထိလိုက်ရုံဖြင့် ကိုယ်မလိုချင်တဲ့ ဓာတ်ပုံထဲကအရာများကို AI Erase 2.0 က ဖယ်ရှားပေးနိုင်သလို AI Photo Enhance က ပိုမိုကောင်းမွန်တဲ့ ဓာတ်ပုံကို ပေးစွမ်းနိုင်သည်။

ပိုမိုကောင်းမွန်သော အတွေ့အကြုံအတွက် အရည်အသွေးမြင့် လုပ်ဆောင်ချက်
Snapdragon 685 ပါဝင်သည့် V50 Lite သည် သူမတူသော လုပ်ဆောင်ချက်ကို အမြင့်ဆုံး 2.2 GHz အထိ ယူဆောင်လာသည်။ 120 Hz Ultra Vision AMOLED မျက်နှာပြင်သည် စိုတောက်ကြည်လင်သော ရုပ်ထွက် အရည်အသွေးကို ပေးစွမ်းပြီး Dual Stereo Speaker 400% ပေါင်းစပ်ထားသောကြောင့် သာလွန်သော အသံစွမ်းရည်ကို ဂိမ်းကစားခြင်း၊ လမ်းညွှန်ခြင်း၊ သီချင်းနားထောင်ခြင်းနှင့် ရုပ်ရှင်ကြည့်ခြင်းများမှတဆင့် ခံစားနိုင်မည်ဖြစ်သည်။
V50 Lite ကို နေ့စဉ်ဘဝတွင်အသုံးဝင်သည့် AI Feature များနှင့် ပေါင်းစပ်ထားသောကြောင့် လွယ်ကူမြန်ဆန် သော နေ့စဉ်ဘဝအတွေ့အကြုံကို တိုးမြင့်စေမည်ဖြစ်သည်။ AI SuperLink သည် လိုင်းဆွဲအားနည်းသောနေရာ များဖြစ်သည့် ဓာတ်လှေကားထဲနှင့် မြေအောက်ကားပါကင်တို့တွင် ဖုန်းပြောခြင်း များကို အဆက်အသွယ်မပြတ် စေရန် ထိန်းသိမ်းပေးထားနိုင်သည်။ Circle to Search with Google သည်မိမိသိလိုသောအချက်အလက်ကို လွယ်ကူရိုးရှင်းသောနည်းလမ်းဖြင့် ရှာဖွေနိုင်အောင်လုပ်ဆောင် ပေးသည်။ထို့နည်းတူ AI Screen Translation သည် ဘာသာစကား (၁၃၂) မျိုးကို ထောက်ပံ့ပေးပြီး အချိန်နှင့်တပြေးညီ ဘာသာပြန်ပေးသောကြောင့် နိုင်ငံခြား ခရီးသွားခြင်းများအတွက် အဆင်ပြေချောမွေ့တဲ့ဆက်သွယ်ရေးကို အပြည့်အဝပေးစွမ်းနိုင်မည်ဖြစ်သည်။
ဈေးနှုန်းနှင့် ဝယ်ယူရရှိနိုင်မှုသတင်းအချက်အလက်
vivo V50 Lite ကို ဈေးနှုန်း ၁,၂၉၉,၈၀၀ ကျပ်ဖြင့် မြန်မာတစ်နိုင်ငံလုံးရှိ vivo Showroom များနှင့် vivo အရောင်းကောင်တာရှိသောမိုဘိုင်းဖုန်းအရောင်းဆိုင်များတွင်စတင်ဝယ်ယူနိုင်ပြီဖြစ်သည်။ vivo V50 Lite ကို ဝယ်ယူအားပေးကြမည့် Customer များကို Limited Special ကျောပိုးအိတ်ကို ပစ္စည်းလက်ကျန်ရှိသည်အထိ လက်ဆောင်ပေးအပ်သွားမည်ဖြစ်သည်။ ထို့အပြင် 5-Year Battery Protection အစီအစဉ်နှင့် နှင့် ATOM Bundle အကျိုးခံစားခွင့်များကိုလည်း အခမဲ့ပေးအပ်သွားမည်ဖြစ်သည်။
NZ ( ရိုးရာလေး)

