ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ လာအိုနိုင်ငံများနဲ့ နယ်နိမိတ်တိုင်းတာသတ်မှတ်တာတွေ ရာနှုန်းပြည့်ပြီးစီးပြီလို့ ပြောကြားခဲ့

local_06.jpg

မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ လာအိုနိုင်ငံများနှင့် နယ်နိမိတ်တိုင်းတာသတ်မှတ်ခြင်းမှာ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း စက်တင်ဘာ ၁၆ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ၂၁ ရက်မြောက်နေ့တွင် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြောကြားသည်။

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဘွဲခိန်းက ယင်းအစည်းအဝေး ၂၁ ရက်မြောက်နေ့တွင် မြန်မာ နိုင်ငံနှင့် ထိစပ်နေသော အိမ်နီးချင်းနိုင်ငံများအကြားရှိ နယ်နိမိတ်မှတ်တိုင်များ တိတိကျကျ သတ်မှတ်တိုင်းတာ ပြီးစီးမှု ရှိ၊ မရှိကို သိရှိလိုကြောင်း မေးမြန်းမှုအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ဖြေကြားရာတွင် တရုတ်-အိန္ဒိယ နယ်နိမိတ်ပိုင်ဆိုင်မှု ပြဿနာကြောင့် မြန်မာ-တရုတ်-အိန္ဒိယ သုံးပွင့်ဆိုင်နယ်နိမိတ်နေရာ မသတ်မှတ်နိုင်သေးသည့် မိုင်(၈၀)ကျော်ခန့်မှအပ မြန်မာ-တရုတ် နယ်နိမိတ် အားလုံးကို တိုင်းတာသတ်မှတ်ပြီးစီးပြီးဖြစ်ကြောင်းကိုလည်း ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ထည့်သွင်း ဖြေကြားခဲ့သည်။

KST (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top