ရန်ကုန်မှာ ကိုဗစ်စင်တာတွေ ပြန်လည်ဖွင့်လှစ်ပြီး လူနာတွေစတင်ကုသပေးနေ

17-6-2021-yyl-66.jpg

ရန်ကုန်မြို့မှာ Covid-19 ကုသရေးစင်တာတွေပြန်လည်ဖွင့်လှစ်ပြီး Covid-19 ရောဂါကူးစက်ခံနေရတဲ့ လူနာတွေကို လက်ခံကုသပေးနေပြီဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သိရပါတယ်။

ရိုးမရိပ်သာ Covid-19 ရောဂါကုသရေးဌာနမှာ Quarantine (၁၀၀၀) ဦးနဲ့ Covid-19 ရောဂါအတည်ပြုလူနာ (၅၇၆)ဦး၊ Covid-19 ရောဂါကုသရေးဌာန (မရမ်းကုန်း) အင်းယားစင်တာမှာ Covid-19 ရောဂါအတည်ပြုလူနာ (၄၀၀)ဦး၊ MCC Covid-19 ရောဂါကုသရေးဌာနမှာ COVID-19 ရောဂါအတည်ပြုလူနာ (၂၅၀) ဦး တို့ကို လက်ခံကုသပေးသွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဒါ့ပြင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးနဲ့ အထွေထွေရောဂါဆေးရုံသစ်ကြီး(ရန်ကုန်) မှာလည်း COVID-19 ရောဂါလူနာများလက်ခံကုသပေးနေပြီဖြစ်တယ်လို့ သိရပါတယ်။ ဒီနေ့ နေ့လည်ပိုင်းထုတ်ပြန်ချက်တွေအရ ရန်ကုန်မြို့မှာ Covid-19 ပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း (၁၂၈) ဦး ပါဝင်နေပြီး အဲ့ဒီထဲက ပိုးတွေ့လူနာ အများဆုံးတွေရတဲ့မြို့နယ်များမှာ မရမ်းကုန်းက လူနာ (၁၈) ဦး၊ ဒဂုံက လူနာ (၁၁) ဦးနဲ့ ရန်ကင်းမြို့နယ်က လူနာ (၉) ဦး တို့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဇွန်လ (၂၇) ရက်နေ့ အထိ Covid-19 ပိုးတွေ့အတည်ပြုလူနာစုစုပေါင်း (၁၅၃,၁၆၀) ဦး၊ ဆေးရုံဆင်းခွင့်ရသူ လူနာစုစုပေါင်း (၁၃၅,၄၁၃) ဦး နဲ့ သေဆုံးသူ လူနာ စုစုပေါင်း (၃,၂၉၇) ဦး ရှိနေပြီဖြစ်ပါတယ်။

ချင်းပြည်နယ်က တွန်းဇံ၊ တီးတိန်၊ ဖလမ်း၊ ထန်တလန်နဲ့ ဟားခါးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးက တမူးနဲ့ကလေးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီးက လက်ပံတန်းနဲ့ ဖြူးမြို့နယ်၊ ရှမ်းပြည်နယ်က လားရှိုးမြို့နယ်နဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်တို့ကို နေအိမ်မှာနေထိုင်ရေး(Stay at Home) မြို့နယ်တွေအဖြစ် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကြေညာထားပါတယ်။

Photo- ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top