မြန်မာ့ရုပ်ရှင်ထူးချွန်ဆုတို့ရဲ့ ပထမဆုံးများ

academy_award.jpg

၂၀၁၈ ခုနှစ်အတွက်အကယ်ဒမီဆုပေးပွဲက နီးလာပြီနော်.. အကယ်ဒမီရမယ်လို့ တစ်ပြေးနေတဲ့ အနုပညာရှင်၊ အတတ်ပညာရှင်တွေ ရင်ခုန်နေကြသလို ပရိသတ်တွေလည်း ရင်ခုန်နေကြလိမ့်မယ် ထင်ပါရဲ့… အကယ်ဒမီပေးပွဲကို အဓိပ္ပာယ်ရှိရှိလေး ရင်ခုန်ရအောင်လို့ ကျွန်တော်က မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရဲ့ ပထမဆုံးတွေအကြောင်း ပြောပြပေးပါ့မယ်…။

အကယ်ဒမီဆုရယ်လို့ ပထမဆုံးစပြီး ပေးအပ်တဲ့ ခုနှစ်ကတော့ ၁၉၅၂ ခုနှစ်ပါ။ (၁၉၅၂ ခုနှစ်အတွက် အကယ်ဒမီဆုပေးပွဲကိုတော့ ထုံးစံအတိုင်း ၁၉၅၃၊ မတ်လမှာ ပေးတာပေါ့လေ…) အကယ်ဒမီရယ်လို့ ပထမဆုံး ကျင်းပတုန်းက ပေးအပ်ခဲ့တဲ့ ဆု (၅) ဆု ရှိပါတယ်။
ဒါတွေကတော့…

ပထမအကောင်းဆုံး ဇာတ်ကားဆု – ရွှေကိန္နရီရုပ်

ဒုတိယ အကောင်းဆုံး ဇာတ်ကားဆု – ငွေဒေါင်းရုပ်

တတိယအကောင်းဆုံး ဇာတ်ကားဆု – ကြေးခြင်္သေ့ရုပ်

အကောင်းဆုံး အမျိုးသား ပညာသည်ဆု – ရွှေရင်ထိုး

အကောင်းဆုံး အမျိုးသမီး ပညာသည်ဆု – ရွှေရင်ထိုး စတာတွေ ဖြစ်ပါတယ်။

ဒါဆို ဆုတွေရဲ့ ပထမဆုံးတွေ စပြောတော့မယ်နော်…

ပထမဆုံးသော အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု – ကျော်ဝင်း (ရုပ်ရှင် – မာလာရီ)

ပထမဆုံးသောအကောင်းဆုံး ဇာတ်ကားဆု – ချစ်သက်ဝေ (ဒါရိုက်တာ မောင်တင်မောင်)

ပထမဆုံးသောအကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု – ကြည်ကြည်ဌေး (ရုပ်ရှင် – ချစ်သက်ဝေ)

ပထမဆုံးသောအကောင်းဆုံး ဒါရိုက်တာဆု – ဒါရိုက်တာ ဦးသုခ (ရုပ်ရှင် – သြော်မိန်းမ)

ပထမဆုံးသောအကောင်းဆုံး ဇာတ်ပို့ဆုများ – ဦးကျောက်လုံး၊ ဒေါ်သီသီ (ရုပ်ရှင် – အတွေ့)

ပထမဆုံးသောကလေးသရုပ်ဆောင်ဆု – အောင်ထွန်းလေး (ရုပ်ရှင် – အဖေတစ်ခု သားတစ်ခု၊ ၁၉၇၇)

ပထမဆုံးသောတေးဂီတဆု – ဂီတလုလင် မောင်ကိုကို (ရုပ်ရှင် – မယ်သီတာလို မိန်းကလေး)

ပထမဆုံးသောရုပ်ရှင်အသံဆု – ဦးခင်ဦး (ရုပ်ရှင် – သရဖူ)

ပထမဆုံးသောတည်းဖြတ်ဆု – ဦးမြင့်ခိုင် (မော်ကွန်းရုပ်ရှင်) – (ရုပ်ရှင် – သူ့ကျွန်မခံပြီ)

ကဲ… ဒါတွေကတော့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုတွေရဲ့ ပထမဆုံးတွေပါပဲ..။ ဒီနှစ်မှာ ဘယ်သူတွေက ဘာဆုတွေကို သိမ်းပိုက်သွားမလဲဆိုတာကလည်း ရင်ခုန်စရာနော်…။ ပရိသတ်ကြီးရော ဘယ်သူတွေရမယ် ခန့်မှန်းမိလဲ ပြောပြပေးသွားပါဦး..။

Angelic Demon (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top