ကြောက်ဖို့လည်းကောင်း၊ ကြည့်လို့လည်းကောင်းမယ့် ကိုရီးယားဒရာမာဇာတ်လမ်းတွဲ Hotel Del Luna

hotel_01.jpg

ကိုရီးယားဒရမ်မာဇာတ်လမ်းတွဲ Hotel Del Luna

စာဖတ်ပရိသတ်တွေကို ကိုရီးယားဒရမ်မာကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားလေးက လက်ရှိမှာ ကြည့်ရှုနှုန်းများနေတဲ့ ဒရမ်မာကားကောင်းလေးဖြစ်ပြီး မြန်မာနိုင်ငံက ကိုရီးယားဒရမ်မာချစ်သူတွေလည်း အထူးကြိုက်နှစ်သက်နေတဲ့ ဇာတ်ကားလေးလည်းဖြစ်ပါတယ်။ သည်းထိပ်ရင်ဖိုဇာတ်လမ်းတွဲတွေကို ကြိုက်နှစ်သက်ကြတဲ့သူတွေလည်း နှစ်ခြိုက်မယ့် ဇာတ်ကားကောင်းလေးဖြစ်မှာပါ။ ဒီဇာတ်လမ်းတွဲက အခြားဒရမ်မာတွေနဲ့မတူဘဲ ဇာတ်အိမ်ကောင်းကောင်းနဲ့ ဖွဲ့ထားတဲ့ဇာတ်ကားလို့ပဲပြောရမှာပါ။

ကိုရီးယားဒရမ်မာဇာတ်လမ်းတွဲ Hotel Del Luna

ကိုရီးယားဒရမ်မာဇာတ်လမ်းတွဲ Hotel Del Luna

ဒီဒရမ်မာအကြောင်းပြောရရင်တော့ ဆိုးလ်မြို့လယ်ခေါင်မှာရှိတဲ့လျှို့ဝှက်ဆန်းကြယ်တဲ့ ဟိုတယ်ကြီးအကြောင်းကို စပြောရပါမယ်။ အဲဒီဟိုတယ်ရဲ့နာမည်က ခက်ဆန်းဆန်းလေးပါပဲ။ “Hotel Del Luna” တဲ့။ အဲဒီဟိုတယ်က နာမည်ကလည်း ဆန်းသလို ဟိုတယ်ကြီးကလည်း ထူးခြားပါတယ်။ ဒီဟိုတယ်ဒယ်လူနာကို သေပြီးသားလူတွေရဲ့ ဝိညာဉ်တွေက နောင်ဘဝကို မကူးပြောင်းခင် လာရောက်တည်းခိုကြတာဖြစ်ပြီး ဟိုတယ်ကလည်း သူတို့ကို ဝန်ဆောင်မှုအပြည့်အဝပေးရပါတယ်။

ကိုရီးယားဒရမ်မာဇာတ်လမ်းတွဲ Hotel Del Luna

ကိုရီးယားဒရမ်မာဇာတ်လမ်းတွဲ Hotel Del Luna

အဲဒီလိုဝိညာဉ်တွေ တည်းခိုတဲ့ဟိုတယ်ကြီးရဲ့သူဌေးကတော့ ချောမောလှပတဲ့ဂျန်မန်ဝေါ်ဆိုတဲ့ မိန်းကလေးတစ်ယောက်ပါပဲ။ သူက ချောမောလှပပေမယ့် ခဏခဏစိတ်အလိုမကျတာ၊ ဒေါသထွက်တာတွေဖြစ်လေ့ရှိပါတယ်။ တကယ်တော့ သူဌေးဂျန်မန်ဝေါ်က လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက သူ ကျူးလွန်ခဲ့တဲ့အပြစ်တွေကြောင့် ဟိုတယ်ဒယ်လူနာကို ဦးစီးဖို့ အပြစ်ပေးခံထားရဖြစ်ပြီး နောက်ဘဝကို မကူးနိုင်ဖြစ်နေတာပါ။ ဒီချောမောလှပတဲ့သူဌေးဂျန်မန်ဝေါ်အဖြစ် သရုပ်ဆောင်အဆိုတော်အိုင်ယူ (IU) က သရုပ်ဆောင်ထားပါတယ်။

ခဏခဏ စိတ်အလိုမကျတဲ့ သူဌေးချောချောလေးနဲ့ ဟားဗတ်တက္ကသိုလ်ဘွဲ့ရ၊ နိုင်ငံအသီးသီးက အခြေစိုက်ဟိုတယ်တွေမှာ လက်ထောက်မန်နေဂျာလုပ်ဖူးတဲ့ ဂူချန်းဆောင်းဆိုတဲ့ ကောင်လေးနဲ့ တွေ့ဆုံဖို့အကြောင်းဖန်လာခဲ့ပါတယ်။ သူက ရိုးသားဖြောင့်မတ်တဲ့သူတစ်ယောက်ဖြစ်ပြီး စိတ်ထားလည်းနူးညံ့သူတစ်ယောက်ပါ။ တစ်နေ့ ဂူချန်းဆောင်းဟာ သရဲတွေ တည်းခိုတဲ့ ဟိုတယ်ဒယ်လူနာကို ဦးစီးဖို့ အထွေထွေမန်နေဂျာအဖြစ် လုပ်ကိုင်ရမယ့် မျှော်လင့်မထားတဲ့အခြေအနေတစ်ခုဖြစ်လာပါတော့တယ်။ အထွေထွေမန်နေဂျာဂူချန်းဆောင်းအဖြစ် မင်းသားချောလေး ယိုဂျင်ဂို (Yeo Jin Goo) က သရုပ်ဆောင်ထားပါတယ်။

ဘာဖြစ်လို့ ဂူချန်းဆောင်းက အဲဒီဟိုတယ်မှာ အထွေထွေမန်နေဂျာအဖြစ် လုပ်ကိုင်ဖြစ်တာလဲ၊ ဟိုတယ်သူဌေးဂျန်မန်ဝေါ်ကလည်း အရင်တုန်းက ဘယ်လိုအပြစ်တွေကျူးလွန်ခဲ့လို့ ဟိုတယ်ကြီးမှာ အပြစ်ပေးခံထားရတာလဲ၊ သူဌေးဂျန်မန်ဝေါ်နဲ့ အထွေထွေမန်နေဂျာဂူချန်းဆောင်းတို့ တွေ့ဆုံပြီး ဘာတွေဖြစ်လာမလဲဆိုတာကိုတော့ ဒရမ်မာထဲမှာ ရူစားလိုက်ကြပါနော်။

ဒီဒရမ်မာဇာတ်လမ်းတွဲက လက်ရှိ tvN ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသနေပြီး ဇာတ်လမ်းတွဲအပြီးထိမပြီးသေးပေမယ့်လည်း ဖေ့စ်ဘွတ်ခ်က ဇာတ်လမ်းပေ့ချ်တော်တော်များများမှာ မြန်မာစာတန်းထိုးကြည့်ရှုလို့ရနေပါပြီနော်…။

Ref: “Hotel Del Luna” (2019 Drama): Cast & Summary

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top