တစ်ခါက ဖခင်ဖြစ်သူတစ်ဦးနဲ့ သူ့ရဲ့သားဖြစ်သူတို့ဟာသစ်တောတောင်တွေဆီ ဖြတ်ကျော်သွားကြပါတယ်။ ရုတ်တရက်ဆိုသလို သားဖြစ်သူဟာချော်လဲကျသွားပြီး နာကျင်မှုနဲ့အတူ “အား!” လို့ အော်လိုက်ပါတယ်။ အံ့ဩစရာကောင်းတာက တောင်တွေဆီကနေ “အား” ဆိုတဲ့ အလားတူအသံတစ်သံကို ကြားလိုက်ရပါတယ်။ သားဖြစ်သူကစိတ်ဝင်စားစွာနဲ့ “ဘယ်သူလဲကွ” လို့ လှမ်းအော်လိုက်တော့ တစ်ဘက်ကလည်း ဒီလိုပဲ “ဘယ်သူလဲကွ” လို့ ပြန်လှမ်းအော်ပါတယ်။ သားဖြစ်သူကဒေါသဖြစ်သွားပြီး “မင်းအရူးပဲကွ” လို့ ထပ်အော်ပြန်ပါတယ်။ ဒီအခါမှာလည်း“မင်းအရူးပဲကွ” လို့ ပြန်အော်လာပြန်ပါတယ်။
ဒီအခါမှာ “မင်းကသိပ်တော်တာပဲကွာ”ဆိုတဲ့ အသံ ပြန်လည် ပဲ့တင်လာပါတယ်။ ဖခင်ဖြစ်သူကထပ်အော်ပါတယ်။ “ကျေးဇူးတင်ပါတယ်” ဒီတော့ တစ်ဖက်လည်း“ကျေးဇူးတင်ပါတယ်”လို့ ပြန်လည် အော်လာပါတယ်။ သားဖြစ်သူကတော့ အရမ်းကိုအံ့ဩနေပြီးဘာတွေဖြစ်နေတယ်ဆိုတာနားမလည်နိုင်သေးပါဘူး။ ဒီအခါမှာဖခင်ဖြစ်သူကဒီလို ရှင်းပြလိုက်ပါတယ်။ “သားဒီလိုဖြစ်တာကိုအသံဟိန်းထွက်လာတယ်လို့ ခေါ်ကြတယ်။ ဒါပေမဲ့လည်းဒါဟာဘဝရဲ့ အမှန်တရားတစ်ခုပါပဲ။ ဘဝဆိုတာကိုယ့်ရဲ့ လုပ်ဆောင်ချက်တိုင်းရဲ့ တန်ပြန်သက်ရောက်မှု တစ်ခုပါပဲ။ ကိုယ်ကတခြားသူကိုပေးတဲ့အရာကိုအပြန်အလှန်အနေနဲ့ ကိုယ်ပေးတဲ့အရာကိုကိုယ်ပြန်ရရှိမှာပဲသား”လို့ ပြောလိုက်ပါတယ်။
ဒီပုံပြင်လေးကပေးတဲ့ သင်ခန်းစာကတော့ မိမိတို့ တခြားသူကိုပေးတဲ့အတိုင်းပဲဘဝကလည်းကိုယ့်ကိုယ် အလားတူအကျိုးကိုပဲ ပြန်လည်ပေးမှာပါ။ ကိုယ့်ရဲ့ဘဝဆိုတာမတော်တဆဖြစ်ရပ်တစ်ခု၊ တိုက်ဆိုင်မှုတစ်ခုမဟုတ်ပါဘူး။ ကိုယ့်လုပ်ဆောင်ချက်တွေရဲ့ တန်ပြန်သက်ရောက်မှု အရိပ်တွေပဲ ဖြစ်ပါတယ်။
Ref : Knowledge : The Reflection of Your Actions
Htet Htet Tin Zar (ရိုးရာလေး)