အနာဂတ်အတွက် အကောင်းဆုံး ရင်းနှီးမြှင့်နှံသင့်တဲ့ နန်းဦးလွင် အိမ်ရာစီမံကိန်း

nangoolwin01.jpg

အခုတစ်လော သီချင်းတစ်ပုဒ်ကို ပါးစပ်ဖျား စွဲနေမိတယ်။ သီချင်းနာမည်က အိမ်တဲ့။ မောင်မောင်ဇော်လတ်ရေးပြီး ကိုး အယ်လ်ဘမ်ထဲမှာ ကိုအငဲ ဆိုထားတဲ့ သီချင်း။ အခုတစ်လောမှာ ငါမက်တဲ့ အိပ်မက်တွေ အရမ်းထူးဆန်းတယ်၊ မြက်ခင်းနဲ့ ခြံဝင်းနဲ့ အိမ်လေးကို တို့နှစ်ယောက်ပိုင်သတဲ့၊အကောင်းဆုံး နားခိုဖို့အတွက် နေရာလေး လိုချင်မိတယ်၊ တစ်နေ့တော့ တို့နှစ်ယောက်လုံးအတွက် လုံခြုံတဲ့ အိမ်လိုချင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်လည်း အိမ်လိုချင်လို့လေ။ လူသားအားလုံးအတွက်တော့ ခိုလှုံစရာ အိမ်လိုချင်စမြဲပါ။ အိမ်ဆိုတာ လုံခြုံမှု၊ အေးချမ်းမှု ပေးစွမ်းနိုင်တယ်လေ။ အဲဒီအရသာမရှိရင် အိမ်လို့ ဆိုနိုင်ပါ့မလား။

အိမ်တစ်လုံးဝယ်ဖို့ ဒီနှစ်ချက်ကို အပြန်ပြန်၊ အလှန်လှန် စဉ်းစားရင်းနဲ့ပဲ “အိမ်”သီချင်းကို အခေါက်ခေါက် ဆိုမိသွားတာလေ။ အခုတော့ အေးချမ်းလုံခြုံတဲ့ အိမ် တွေ့သွားပါပြီဗျာ။ နာမည်ကြားရုံနဲ့တင် လုံခြုံအေးချမ်းပြီးသား ဖြစ်နေမှာပါ။ အိမ်ရာစီမံကိန်းနာမည်က နန်းဦးလွင်တဲ့။ နန်းတော်လို လုံခြုံပြီး ပြင်ဦးလွင် လို အေးချမ်းပြီလို့သာ မှတ်လိုက်ပါတော့။

မန္တလေး – ပြင်ဦးလွင်လမ်း၊ ၃၁လမ်းနှင့် ၃၂လမ်းကြား၊ ဟိုတယ်ရွှေပြည်သာနဲ့ မျက်နှာချင်းဆိုင်က နန်းဦးလွင်အိမ်ရာစီမံကိန်းမှာ အိမ်ရာ(၅၈)လုံးပါပြီး A,B,C အမျိုးအစားခွဲထားလို့ ကြိုက်ရာသာ ရွေးပေတော့ဗျို့။

  • အမျိူးအစား (A)ကတော့ မြေအကျယ်အဝန်း (23’ × 54’) အဆောက်အဦးဧရိယာမှာ 1800 sqft ဖြစ်ပြီး ၂ထပ်တိုက် အမျိုးအစားပါ။
  • အမျိုးအစား (B)ကတော့ မြေအကျယ်အဝန်း (27’ × 54’) အဆောက်အဦးဧရိယာမှာ 2300 sqft ဖြစ်ပြီး ၂ထပ်ခွဲတိုက် အမျိုးအစားနော်။
  • အမျိုးအစား (C)ကတော့ မြေအကျယ်အဝန်း (31’ × 81.5’) အဆောက်အဦးဧရိယာမှာ 2300 sqft ဖြစ်ပြီး ၂ထပ်ခွဲတိုက် အမျိုးအစားဖြစ်ပါတယ်။
  • RC (2)ထပ် အိပ်ခန်း (၄)ခန်းပါနဲ့ RC(2)ထပ်ခွဲ အိပ်ခန်း (၅)ခန်းပါ စုစုပေါင်း ၆၃ လုံး ဆောက်လုပ် ရောင်းချမှာနော်။ အဲဒီတိုက်တွေမှာတော့ ထမင်းစားခန်း၊

ပစ္စည်းထားမယ့် စတိုခန်းနဲ့ ကားဂိုဒေါင်တွေ ပါမယ်ဆိုတော့ “ကဲ ဦးကြီး။ ဘာလိုသေးတုန်းဗျာ’’ ကားရပ်ဖို့လည်း ကျယ်၊ ရေမီးကလည်း ၂၄ နာရီ၊ လုံခြုံရေး ကလည်း အပြည့်၊ လမ်းသန့်ရှင်းရေးကလည်း ရှယ်၊ ဈေးဝယ်ဖို့ convenience store လည်းရှိ၊ အထူးဝန်ဆောင်မှုတွေ ပါဦးမှာဆိုတော့ ပြေးသာလာခဲ့ လိုက်တော့ဗျို့။ တစ်လုံးတစ်ခဲတည်း မဝယ်နိုင်ရင်လည်း စိတ်မပူနဲ့။ အရစ်ကျ စနစ်ရှိတယ်။ ဒီတော့ အသေးစိတ်စုံစမ်းဖို့ (၇၃) လမ်း၊ သဇင်လမ်းနှင့် ငုရွှေဝါ လမ်းကြား၊ချမ်းမြသာစည်မြို့နယ်၊ မင်္ဂလာမန္တလေး၊ မန္တလေးမြို့။

ဖုန်းနံပါတ် -09 431 48577, 09 431 48588, 09 452447779 ကိုသာ တိုက်ရိုက်ဆက်သွယ်လိုက်ပါနော်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top