သဘာဝအဆီအနှစ်တွေနဲ့ ပြုလုပ်ထားတဲ့ Lifebuoy Matcha ရေချိုးဆပ်ပြာသစ် မိတ်ဆက်ပွဲကျင်းပ

yyl-018-6.jpg

Unilever ရဲ့ကမ္ဘာ့နံပါတ်တစ် ရောင်းအားအကောင်းဆုံးကျန်းမာရေးဆပ်ပြာအမှတ်တံဆိပ်ဖြစ်တဲ့ Lifebuoy က သဘာဝလက်ဖက်စိမ်းနဲ့ ရှားစောင်းလက်ပတ်အဆီအနှစ်ဖြင့် ပြုလုပ်ထားတဲ့ ရောဂါပိုးမွှားသန့်စင်စေမယ့် Lifebuoy Matcha ရေချိုးဆပ်ပြာမိတ်ဆက်ခြင်း အခမ်းအနားကို Sule Shangrila ဟိုတယ်မှာ မနေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဒီမိတ်ဆက်ပွဲအခမ်းအနားမှာ ဖျော်ဖြေရေးအစီအစဉ်များလည်းပါဝင်ခဲ့သလို Lifebuoyရဲ့တာဝန်ရှိသူတွေကလည်း ကုန်ပစ္စည်းအသစ်ကို မိတ်ဆက်ပြောကြားပေးခဲ့ပါတယ်။ Lifebuoyရဲ့ Band Ambassador ဖြစ်သူ အဆိုတော်သရုပ်ဆောင်ချစ်သူဝေကလည်း တက်ရောက်ပေးခဲ့တဲ့အပြင် အခြားအနုပညာရှင်များလည်းတက်ရောက်ပေးပါတယ်။ ချစ်သုဝေက Skin Talk ပြောကြားခဲ့ပြီး Matcha လက်ဖက်စိမ်းနဲ့ ရှားစောင်းလက်ပတ်တို့နဲ့ အရေပြားပေါ်မှာ စမ်းသပ်သရုပ်ပြခဲ့ပါသေးတယ်။ အဲဒီနောက်မှာတော့ တက်ရောက်လာတဲ့ အနုပညာရှင်များ၊ဧည်သည့်တော်များရဲ့ အမှတ်တရဓာတ်ပုံရိုက်ကူးခြင်းနဲ့ မိတ်ဆက်ပွဲအခမ်းအနားပြီးဆုံးသွားခဲ့ပါတယ်။

Lifebuoy ရေချိုးဆပ်ပြာအသစ်က Matcha လက်ဖက်စိမ်းနဲ့ ရှားစောင်းလက်ပတ်အဆီအနှစ်တို့နဲ့ ပေါင်းစပ်ပြုလုပ်ထားတဲ့အတွက် ခန္ဓာကိုယ်မှာရှိတဲ့ရောဂါပိုးမွှားတွေနဲ့ အသားရေပြဿနာတွေကို အထိရောက်ဆုံးကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top