Rush Hour ဇာတ်ကားပြန်လာတော့မယ်

9279038-0-image-a-105_1549034729738.jpg

လွန်ခဲ့တဲ့နှစ်တွေဆီက ပရိသတ်တွေကို ဖျော်ဖြေမှုအပြည့်အဝပေးနိုင်ခဲ့တဲ့ အက်ရှင်ဇာတ်မြူး Rush Hour ရုပ်ရှင်ကားတွေကို စာဖတ်သူတွေ ကောင်းကောင်းမှတ်မိနေကြမယ်ထင်ပါတယ်။ အဲဒီကားတွေမှာ ဂျက်ကီချန်း (Jackie Chan) နဲ့အတွဲညီညီသရုပ်ဆောင်ခဲ့တဲ့ ခရစ် တက်ကာ (Chris Tucker) က သူတို့နှစ်ယောက်ရဲ့Rush Hour 4 ဇာတ်ကားကို ရိုက်ကူးဖို့စပြီးပြင်ဆင်နေတယ်လို့ ပြောလိုက်ပါပြီ။

ဒီလိုဆက်လက်ရိုက်ကူးမယ့်သတင်းကို ဂျက်ကီချန်းကလည်း ၂၀၁၇ အောက်တိုဘာလတုန်းက ပြောပြထားခဲ့ဖူးပြီး တက်ကာက ပရိသတ်တွေကို ထပ်မံလို့ အတည်ပြုပြောကြားလိုက်တာပါ။

“ဇာတ်ညွှန်းရဲ့တစ်စိတ်တစ်ပိုင်းအတွက်တောင် အခုစပြင်ဆင်နေပါပြီ။ ရိုက်ကူးထုတ်လုပ်တဲ့အပိုင်းကိုဆက်သွားဖို့လည်းလုပ်နေပါတယ်” လို့ အသက် ၄၇ နှစ်အရွယ် ဟာသသရုပ်ဆောင် ခရစ်က ပြောပြပါတယ်။ “ဂျက်ကီကော၊ ကျွန်တော်ကော၊ စတူဒီယိုကပါ ဒီကားကို သိပ်ရိုက်ချင်နေကြတာလေ.. ဒါကြောင့် ကျွန်တော်တို့ အတူပေါင်းပြီး ကြိုးစားနေကြပါပြီ” လို့ သူက ဆက်ပြောပြခဲ့ပါတယ်။

“ကျွန်တော်တို့နှစ်ယောက်လုံးက ပြန်ရိုက်ချင်နေကြတာတော့ကြာပါပြီ အခုအကောင်အထည်ဖော်ဖို့နီးလာပြီဆိုတော့ အတူတွဲပြီး အကောင်းဆုံးဖြစ်ဖို့ ကြိုးစားသွားမှာပါ” လို့ ခရစ်က ဝမ်းသာအားရ ပြောပြခဲ့ပါသေးတယ်။ ဒါကြောင့်ပရိသတ်တွေအနေနဲ့ ဘယ်လိုရယ်ရမလဲဆိုတာကို မျှော်လင့်ထားနိုင်ပြီလို့ ဆိုရမှာဖြစ်ပါတယ်။

Ref: Daily Mail “Chris Tucker confirms that the script for Rush Hour 4 is ‘coming together’ as he expresses joy of reuniting with ‘perfect match’ co-star Jackie Chan”
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top