တောင်ကိုရီးယားရဲ့ ဥပဒေသစ်အရ BTS ကြယ်ပွင့်ရဲ့ စစ်မှုထမ်းတာဝန်ကို အသက် ၃၀ အရွယ်အထိ ရွှေ့ဆိုင်းပေး

2-12-2020-yyl-014.jpg

BTS အဖွဲ့လို တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်အကျော်ကြားဆုံး ကေပေါ့ကြယ်ပွင့်တွေရဲ့ စစ်မှုထမ်းတာဝန်ကို အသက် ၃၀ အရွယ်အထိ ရွှေ့ဆိုင်းပေးနိုင်မယ့် ဥပဒေကြမ်းကို တောင်ကိုရီးယားလွှတ်တော်က အတည်ပြုလိုက်ပါပြီ။

တောင်ကိုရီးယားနိုင်ငံရဲ့ဥပဒေအရ အသက် ၁၈ နှစ်ကနေ ၂၈ နှစ်ကြားအရွယ်ရှိပြီး ကျန်းမာသန်စွမ်းတဲ့ အမျိုးသားတိုင်း တောင်ကိုရီးယားစစ်တပ်မှာ လ ၂၀ ကြာ စစ်မှုထမ်းရမှာပါ။ ဒါပေမဲ့ အခုပြင်ဆင်လိုက်တဲ့ ဥပဒေအရ ကေပေါ့ကြယ်ပွင့်တချို့အနေနဲ့ ယဉ်ကျေးမှုဝန်ကြီးရဲ့ ထောက်ခံချက် ရရင် စစ်မှုထမ်းတာဝန်ကို ရွှေ့ဆိုင်းနိုင်မှာပါ။ BTS အဖွဲ့မှာ အသက်အကြီးဆုံး အဖွဲ့ဝင်ဖြစ်တဲ့ ကင်ဆုတ်ဂျင်ရဲ့ အသက် ၂၈ နှစ်ပြည့် မွေးနေ့မတိုင်ခင် ရက်ပိုင်းအလိုမှာ အခုလို ဥပဒေကြမ်းကို အတည်ပြုခဲ့တာပါ။

အဲဒီဥပဒေကို မပြင်ဆင်ခင်က ထိပ်တန်းအားကစားသမားတွေနဲ့ ဂန္ထဝင်တေးဂီတသမားတွေကိုပဲ စစ်မှုထမ်းတာဝန် ကင်းလွတ်ခွင့် ဒါမှမဟုတ် ရွှေ့ဆိုင်းခွင့်ပေးခဲ့တာပါ။ ပြင်ဆင်ထားတဲ့ စစ်မှုထမ်းအက်ဥပဒေအရ တောင်ကိုရီးယားနိုင်ငံရဲ့ ပုံရိပ်ကို ပြည်တွင်း၊ ပြည်ပမှာ မြှင့်တင်ပေးနေတယ်လို့ ယဉ်ကျေးမှု၊ အားကစားနဲ့ ခရီးသွားလုပ်ငန်းဝန်ကြီးက ထောက်ခံရင် စစ်မှုထမ်းတာဝန်ကို အသက် ၃၀ အရွယ်အထိ ရွှေ့ဆိုင်းခွင့်ရှိပါတယ်။

BTS အဖွဲ့ဟာ ဂရမ်မီဆုအတွက် ဆန်ခါတင်စာရင်းမှာ ရွေးချယ်ခံခဲ့ရတဲ့ ပထမဆုံး ကေပေါ့အဖွဲ့ဖြစ်ပါတယ်။ တောင်ကိုရီးယားလွှတ်တော်က ဥပဒေကြမ်းကို အတည်ပြုခဲ့ပြီးနောက်မှာ BTS အဖွဲ့ ပရိသတ်တွေက လူမှုကွန်ရက်ပေါ်မှာ အောင်ပွဲခံတဲ့ စာသားတွေ ရေးသားခဲ့ကြပါတယ်။

Ref: BBC ” BTS: South Korea passes law allowing K-pop stars to postpone military service”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top