အဖွားကို သတိရတဲ့ အခါဝယ်

a-teenage-girl-with-mother-and-grandmother-at-P2V7XCA.jpg

လူတိုင်းမှာ အဖွားဆိုတာ ရှိခဲ့ဖူးမှာပါ။ သို့သော် လက်ရှိ မိမိရှေ့မှာ ရှိတာနဲ့ မရှိတော့တာပဲ ကွာမှာပါ။ တစ်ချို့ကတော့ အဖွားဆိုတာ နာမည်လောက်ပဲ ကြားဖူးပေမယ့် တစ်ချို့ကတော့ အဖွားရင်ခွင်ထဲမှာ အချိန်ကြာကြာ နေဖူးကြမှာပါ။

က အဖွားမရှိတော့တဲ့ နောက်ပိုင်း အမြဲလွမ်းနေရတယ်

အဖွားခွဲခွာသွားတာ နှစ်တွေအတော်ကြာပြီဆိုရင် တစ်ခါတစ်လေ အဖွားကို အရမ်းလွမ်းပါလိမ့်မယ်။ အဖွားရှိစဉ်က အတူသွားဖူးတဲ့ နေရာတွေ၊ အတူစားဖူးတဲ့ အရာတွေက အခုအချိန်ဆိုရင် အိပ်မက်တစ်ခုလိုသာ ရှိနေလို့ အဖွားမရှိတော့တဲ့ နောက်ပိုင်း အမြဲလွမ်းနေရပါတယ်။

အဖွားရှိနေစဉ်အခါတုန်းက

တစ်ချို့ကတော့ အဖွားဟာ လက်ရှိမိမိတို့နဲ့ အတူရှိနေကြတယ်။ တစ်ချို့ကတော့ မရှိကြတော့ဘူး။ အဖွားရှိနေစဉ် အခါတုန်းက အဖွားချက်ကြွးတဲ့ ဟင်းတွေ ထမင်းတွေ အခုချိန် မစားကြရတော့ဘူး။ အဖွားရှိနေစဉ်က နွေးထွေးမူ ကြင်နာမူတွေက ခုချိန်ပြန်မရနိုင်တော့ပါဘူး။

ကံမကုန်ရင် ပြန်ဆုံချင်သေးတယ်

အကယ်၍ နောင်ဘဝတွေမှာ ကံမကုန်သေးဘူးဆိုရင် အဖွားနဲ့ ပြန်ဆုံချင်ကြပါသေးတယ်။ ခုတော့ ပြန်တွေ့ဖို့ဆိုတာ မဖြစ်နိုင်တော့ပေမယ့် နောင်ဘဝတွေမှာဆုံတွေ့ဖို့ မျော်လင့်ပါရစေ။

အတူရှိစဉ်တုန်းက ပျော်ရွှင်စရာ

အဖွားနဲ့ အတူ ရှိစဉ်တုန်းက တကယ်ကို ပျော်စရာ ကောင်းခဲ့ပါတယ်။ အဖွားရဲ့ မြေးတွေ အပေါ် ချစ်တဲ့ စိတ်ရယ်၊ မြေးတွေကို ကြင်နာ ယုယ တတ်တဲ့ စိတ်တွေဟာအားလုံးကို ပျော်ရွှင်စရာလေးမို့ ဘယ်တော့မှ မမေ့နိုင်ပါဘူး။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top