ဆုံးရှုံးမှုတွေရင်ဆိုင်နေရတဲ့အတွက် ဆိုင်ခွဲတော်တော်များများကို ပိတ်ပစ်တော့မယ့် နာမည်ကြီးBrand “Zara” နဲ့ “Starbucks”

11-6-2020-yyl-019.jpg

Zara ကုန်ပစ္စည်းတံဆိပ်ရဲ့ကုမ္ပဏီ Inditex က ၂၀၂၁ ခုနှစ်မှာ ကမ္ဘာ့တစ်ဝှမ်းမှာ ဖွင့်ထားတဲ့ဆိုင်ခွဲ (၁၂၀၀) ကျော်ကို ပိတ်ပစ်ပြီး ဆိုင်ကြီးတွေနဲ့ အွန်လိုင်းရောင်းချမှုတွေမှာ ပိုပြီး အလေးပေးလုပ်ဆောင်သွားမှာ ဖြစ်တဲ့အပြင် Starbucks ကလည်း အမေရိကန်မှာရှိတဲ့ ကုမ္ပဏီပိုင်ဆိုင်ခွဲ (၄၀၀) ကျော်ကို ပိတ်ပစ်မှာဖြစ်တယ်လို့ သိရပါတယ်။

COVID-19 ကာလမှာ ဆိုင်တွေပိတ်ထားရတာကြောင့် ဆုံးရှုံးနစ်နာမှုတွေ ဖြစ်လာခဲ့တာကြောင့် အခုလိုကြေညာချက် ထွက်ရှိလာခဲ့တာဖြစ်ပါတယ်။ Zara တံဆိပ်ကုမ္ပဏီ Inditex က အခုနှစ်အစောပိုင်းမှာ ရောင်းရမှုက ယူရို (၅.၉) ဘီလျံကနေ (၃.၃) ဘီလျံထိ ကျဆင်းသွားပြီး တဲ့နောက်မှာ ဖေဖော်ဝါရီလကနေ ဧပြီလအထိ အသားတင်ဝင်ငွေ ယူရို (၄၀၉) မီလီယံ ဆုံးရှုံးနစ်နာခဲ့ပါတယ်။ ကုမ္ပဏီရဲ့ပထမနှစ်ဝက် ဆုံးရှုံးနစ်နာမှုက ၂၀၂၀ခုနှစ်နဲ့ ၂၀၂၁ခုနှစ်မှာ ပိတ်တော့မယ့် ဆိုင်ခွဲ (၁၂၀၀) ကျော်ရဲ့ ရောင်းရမှုနှုန်းလည်း ပါဝင်ပါတယ်။ ဆိုင်ကြီးတွေကို ၂၀၂၀ခုနှစ်ကနေ ၂၀၂၂ခုနှစ်ထိ (၂.၅) ရာခိုင်နှုန်း တိုးချဲ့သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၂ခုနှစ်မှာ နှစ်ဝက်တာရောင်းချနိုင်အောင် အွန်လိုင်းရောင်းချမှုကို ဇောက်ချလုပ်ဖို့ နည်းပညာကို မြှင့်တင်ဖို့ရာ ယူရို (၂.၇) ဘီလျံသုံးဖို့ အစီအစဉ်ရှိကြောင်းလည်း ထုတ်ပြော ခဲ့ပါတယ်။ ဧပြီလမှာ အွန်လိုင်းရောင်းချမှုက (၉၅) ရာခိုင်နှုန်းလောက် တိုးတတ်လာခဲ့တာဖြစ်ပါတယ်။

COVID-19 ကြောင့် ဆုံရှုံးနစ်နာခဲ့ရတဲ့ Starbucks ကလည်း ဖုန်းကနေတဆင့်မှာယူတာ၊ အွန်လိုင်းကနေ မှာယူတာတွေလုပ်ဆောင်ဖို့အတွက် ဆိုင်တွေကို ပိတ်ပစ်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ အဲဒီအစီအစဉ်ကို COVID-19 မတိုင်ခင်ခဲ့တာ စီစဉ်ထားခဲ့တာဖြစ်ပေမယ့် စားသုံးသူအသစ်တွေ ရလာဖို့အတွက် အရှိန်အဟုန် မြှင့်လုပ်ဆောင်နေခဲ့တာပါ။ ကပ်ရောဂါ မဆိုးရွားခင်ကတည်းက အမေရိကန်နိုင်ငံမှာ Starbucks အရောင်းအဝယ်ကိစ္စ (၈၀) ရာခိုင်နှုန်းကို အွန်လိုင်းပေါ်ကနေ လုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။ ဒါမှ ဆိုင်ခွဲတွေ ဘေးကင်းစေရုံသာမက စားသုံးသူတွေလည်း ကော်ဖီသောက်ရမှာဖြစ်ပါတယ်။

အခုတော့ COVID-19 က Starbucks အပါအဝင်ကုမ္ပဏီ တော်တော်များများရဲ့စီးပွားရေးကို ယိုင်လဲစေခဲ့ပါတယ်။ Starbucks က COVID-19 ကြောင့် ဒေါ်လာ (၃) ဘီလျံနဲ့ ဒေါ်လာ (၃.၂) ဘီလျံကြား ဝင်ငွေဆုံးရှုံးခဲ့ရပြီး ဆိုင်ကနေရောင်းချမှုကလည်း အရင်နှစ်တွေထက် (၄၅) ရာခိုင်နှုန်းကျော် ထိုးကျခဲ့တယ်လို့ ခန့်မှန်းရပါတယ်။ ဒါပေမဲ့ ပြည်နယ်တော်တော်များများက Social Distancing လုပ်ဆောင်ချက်တွေကို တဖြည်းဖြည်းဖြေလျော့လာတဲ့အတွက် အခုလမှာ ဆိုင်တော်တော်များများ ပြန်ဖွင့်ခွင့်ရတော့မှာပါ။ ပိတ်ထားဆဲ ဖြစ်နေတဲ့ဆိုင် တွေကတော့ New York City မှာ အများဆုံးပါပဲ။ Starbucks က ဇွန်လကုန်မှာ ရောင်းအားပြန်တတ်လာဖို့ မျှော်လင့်နေရပါတယ်။

Ref: Asia One and Delish

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top