နည်းပညာအပေါ်အကောင်းမြင်တဲ့အမြင်တွေက မြန်မာနိုင်ငံရှိ နည်းပညာ ကုမ္ပဏီများအတွက် အခွင့်အလမ်း များဖြစ်

Myanmar-Tech-Report-Photo-1.png

နည်းပညာကုမ္ပဏီများက COVID-19 ရောဂါ ဖြစ်ပွားနေချိန်ကာလအတွင်း တိုးတက်မှု အခွင့်အလမ်းနှင့် ဝင်ငွေကို ရှာဖွေနေကြရပြီး နေထိုင်သွားလာမှု ကန့်သတ်ခံထားနေရစဉ်တွင် နည်းပညာအပေါ် မှီခိုနေရသောကြောင့် သူတို့ရဲ့ စွမ်းဆောင်ရည်များကို ပိုမိုကောင်းမွန်အောင် ကြိုးစားနေကြပါတယ်။

မြန်မာနိုင်ငံမြို့ကြီးများတွင် COVID 19 ရောဂါ မဖြစ်ပွားမီက ပြုလုပ်ခဲ့သော နည်းပညာသုံးစွဲသူ စစ်တမ်းကောက်ယူမှု အစီရင်ခံစာတွင် နည်းပညာကဏ္ဍအပေါ် အပြုသဘောဆောင်သည့် သဘောထားနှင့် နည်းပညာကုမ္ပဏီများအနေဖြင့် ဘဝများစွာအတွက် ရှုထောင့်အမျိုးမျိုးမှ တိုးတက်မှုများ ဖြစ်ပေါ်လာစေရန် မျှော်လင့်ချက်မြင့်မားမှုကို ဖော်ပြထားပါတယ်။

သုတေသနကုမ္ပဏီ InsightAsia နှင့် Public Relation နှင့် ဒစ်ဂျစ်တယ် ဈေးကွက်ရှာဖွေရေးအေဂျင်စီ Vero တို့မှ ပြုလုပ်သော စစ်တမ်းအရ ဖြေဆိုသူ ၈၀ ရာခိုင်နှုန်းကျော်က နိုင်ငံအတွင်း နည်းပညာတိုးတက်လာမှုက သတင်းအချက်အလက်များကို အလွယ်တကူ ရရှိနိုင်ကြောင်း ဖြေဆိုခဲ့ကြပါတယ်။ ဒါ့အပြင် စစ်တမ်း ဖြေဆိုသူ ၃ ဦးတွင် ၂ ဦးက နည်းပညာက ပညာရေးရဲ့အရည်အသွေးကို ပိုမိုတိုးတက်ကောင်းမွန်စေတယ်လို့ ယုံကြည်ကြကြောင်း ဖြေဆိုခဲ့ကြပြီး ၆၄ ရာခိုင်နှုန်းက ဘဝအတွက် အရည်အသွေးကို ပိုမိုတိုးတက်ကောင်းမွန်စေတယ်လို့ ဖြေဆိုကြပါတယ်။

စစ်တမ်းဖော်ပြချက်အရ မြန်မာနိုင်ငံသား ၆၁ ရာခိုင်နှုန်းက နည်းပညာတိုးတက်မှုဟာ စီးပွားရေးအခွင့်အလမ်းများ ပိုမိုဖန်တီးပေးတယ်လို့ ယုံကြည်ကြပါတယ်။ တစ်ဦးချင်း ဆီအနေဖြင့်သော်လည်းကောင်း၊ အဖွဲ့အစည်းများအနေဖြင့်သော်လည်းကောင်း ယခုအချိန်တွင် အရင်ကထက် ဒီဂျစ်တယ်နည်းပညာကို အားကိုးနေရချိန်ဖြစ်ပါတယ်။ ဖြေဆိုသူများရဲ့ ၇၀ ရာခိုင်နှုန်းက နည်းပညာထုတ်ကုန်များနှင့် ပတ်သက်ပြီး အပြုသဘောဆောင်သော အကောင်းမြင်တဲ့ ခံစားချက်များရှိကြောင်း ဖြေဆိုခဲ့ကြပြီး ၃ ရာခိုင်နှုန်း ခန့်ကသာ နည်းပညာထုတ်ကုန်များအပေါ် အဆိုးမြင်တယ်လို့ ဖြေဆိုခဲ့ကြပါတယ်။

နည်းပညာတိုးတက်မှုရဲ့ အကျိုးကျေးဇူးများရှိသော်လည်း နည်းပညာအသုံးချကာ မသမာသော လုပ်ရပ်များနှင့် ပတ်သက်ပြီး စိုးရိမ် ပူပန်မှုများ ရှိနေကြပါတယ်။ ဖြေဆိုသူ ၈၁ ရာခိုင်နှုန်းက အချို့သောသူများက မကောင်းမှုနှင့် ရာဇဝတ်မှုဆိုင်ရာ အပြုအမူများအတွက် နည်းပညာကို အသုံးပြုကြကြောင်း ဖြေဆိုခဲ့ကြပြီး ထက်ဝက်ကျော် (၅၃ ရာခိုင်နှုန်း) က ဆိုရှယ်မီဒီယာမှာ သတင်းအတုများရှိတယ်လို့ ယုံကြည်ကြကြောင်း ဖြေဆိုခဲ့ကြပါတယ်။ Facebook CEO ဖြစ်သူ Mark Zuckerbergရဲ့ မကြာသေးမီက ထုတ်ပြန်ချက်များမှာ Facebook က နိုင်ငံရေးမိန့်ခွန်းနှင့် ကြော်ငြာများကို စစ်ဆေးခြင်းမဟုတ်ပါလို့ ဖော်ပြချက်တွင် ပါရှိခဲ့ပါတယ်။

မြန်မာနိုင်ငံတွင် နည်းပညာပိုင်းကို အသက်အရွယ်အပိုင်းအခြားအလိုက် တတ်သိနားလည်မှု ကွာခြားမှုရလဒ်ကြောင့် ဈေးကွက် ဆက်သွယ်ရေးကို လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ကုန်ပစ္စည်းအမှတ်တံဆိပ်တစ်ခုအတွက် ဦးတည်သော နည်းလမ်းက သုံးစွဲသူရဲ့ အသက်အရွယ်အပေါ်တွင် များစွာ မူတည်နေပါတယ်။ ကမ္ဘာနေရာအနှံ့အပြားတွင် ရှိနေသော မိုဘိုင်းထုတ်ကုန်များနှင့် အင်တာနက် သုံးစွဲမှုခေတ်တွင် ကြီးပြင်းလာသော လူငယ်များက ၎င်းတို့ထက် အသက်အရွယ်ကြီးသူများနှင့် ကွဲပြားခြားနားသော အမြင် ရှိပါတယ်။ စစ်တမ်းမှ ဖော်ပြချက် ဥပမာတစ်ခုအရ Gen Z ရဲ့ ၄၀ ရာခိုင်နှုန်းက နည်းပညာထုတ်ကုန်ပစ္စည်းများကို အွန်လိုင်းပေါ်မှာ နှိုင်းယှဉ်မှုပြုလုပ်ကြပြီး Gen X ရဲ့ ၅ ရာခိုင်နှုန်းကသာ အဲဒီလို ပြုလုပ်ကြကြောင်း သိရှိရပါတယ်။

ထိုင်း၊ ဗီယက်နမ်နှင့် မြန်မာနိုင်ငံအတွက် InsightAsia နှင့် Vero တို့မှ ပူးပေါင်းကာ ကောက်ယူထားသော Tech Consumer အစီရင်ခံကို https://vero-asean.com/vero-insightasia-tech-consumer-r…/မှာ အခမဲ့ ဒေါင်းလုတ် ရယူနိုင်တယ်လို့ သိရပါတယ်။

နည်းဥပဒေသ။ ။ ဤလေ့လာမှုကို ၂၀၁၉ နွေရာသီမှစကာ ၂၀၂၀ ပြည့်နှစ် အစောပိုင်း (ဈေးကွက်အားလုံးအပေါ် COVID-19 အကျပ်အတည်း မသက်ရောက်မီ) အထိ Vero နှင့် InsightAsia တို့က အသက် ၁၅ နှစ်မှ ၄၅ နှစ်အတွင်းရှိလူ ၃၀၀ ခန့်ကို ကောက်ယူခဲ့သော စစ်တမ်းဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top