သဘာဝတရားကြီးကို ဘယ်အရာကမှ ရပ်တန့်မပစ်နိုင်ကြောင်း ပြသနေတဲ့ပုံများ

yyl-001-10.jpg

ခေတ်သစ်နည်းပညာက အရမ်းစွမ်းအားကြီးတယ်လို့ ကျွန်တော်တို့ ထင်ကြမှာပါ။ တကယ်တော့ ကျွန်တော်တို့ ဖန်တီးတည်ဆောက်ထားတဲ့အရာရာတိုင်းက ယာယီပါပဲ။ သဘာဝတရားကြီးကသာ စွမ်းအားအကြီးဆုံးပါပဲ။ လူသားတွေ၊ သက်မဲ့အရာဝတ္ထုတွေကို အနိုင်ယူဖို့ဆိုရင် ဘယ်တော့မှ တုံ့ဆိုင်းမနေဘဲ ဘယ်သူက အင်အားကြီးလဲဆိုတာ ပြသနိုင်ပါတယ်။ ကမ္ဘာကြီးပေါ်က သဘာဝတရားဟာ အရမ်းလည်းလှပသလို အရမ်းလည်းအံ့သြဖို့ကောင်းပါတယ်။ ကျွန်တော်တို့ကို အံ့သြမှုအပြည့်အဝပေးစွမ်းနိုင်တာကလည်း သဘာဝတရားကြီးပါပဲ။ ဒီအကြောင်းအရာလေးကနေ သဘာဝတရားကြီးကို ဘယ်အရာကမှ ရပ်တန့်မပစ်နိုင်ကြောင်း ပြသနေတဲ့ပုံတွေကို စာဖတ်ပရိသတ်တွေအတွက် စုစည်းဖော်ပြပေးလိုက်ရပါတယ်။

သဘာဝတရားကြီးက တိုက်စားလိုက်တဲ့ စွန့်ပစ်အဆောက်အဦး

သဘာဝတရားကြီးက ဖယ်ရှားပစ်တော့မယ့် တောင်ကြားဖြတ်မီးရထားလမ်း

“Stop” ဆိုင်းဘုတ်ကတောင် သစ်ပင်ကို မရပ်တန့်ပစ်နိုင်ခဲ့ပါဘူး

လူက မစိုက်ပျိုးဘဲ သူ့အလိုလိုဖြစ်လာတဲ့သစ်ပင်

ဖိနပ်ဟောင်းတစ်ဖက်ကိုတောင် သက်ညှာမပေးခဲ့တဲ့ သဘာဝတရား

သဘာဝတရားက အလှတရားကို ဖန်တီးနိုင်တဲ့စွမ်းရည်ရှိပါတယ်။

အိမ်ဟောင်းတစ်လုံးကလည်း သဘာဝတရားကြောင့် ပြောင်းလဲသွားရတာပဲ

ဈေးဝယ်စင်တာအဟောင်းလည်း သဘာဝတရားနဲ့ ပြည့်နေပါပြီ

ဟာရီကိန်းမုန်တိုင်းကြောင့် အန်ယာလန်နိုင်ငံမှာ အပင်ကကြွေကျခဲ့ရတဲ့ ပန်းသီးတွေ

စိတ်မကောင်းစရာပါပဲ… မစားနဲ့လို့ စာရေးထားပေမယ့်လည်း သစ်ပင်က မမြင်ခဲ့ပါဘူး။

မြောက်ဝင်ရိုးစွန်းမှာ ကားမောင်းဖို့ဆိုရင် စွန့်စားရဲဖို့တော့လိုပါတယ်

Ref: Brightside

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply