NASA ၏ အာကာသာယာဥ်မှူး သင်တန်းဆင်း ဘွဲ့နှင်းသဘင် အခမ်းအနားကို ပထမဦးဆုံးအကြိမ် အများပြည်သူကြား ကျင်းပပြုလုပ်

yyl-013-8.jpg

ပြီးခဲ့သော သောကြာနေ့က NASA ၏ အာကာသယာဥ်မှူး သင်တန်းဆင်း ဘွဲ့နှင်းသဘင် အခမ်းအနားကို Houston တွင် ပြုလုပ် ကျင်းပခဲ့သည်။ သင်တန်းဆင်းများထဲတွင် နိုင်ငံပေါင်းစုံမှ လူမျိူးခြား သင်တန်းသားများ၊ ကျား၊ မ ညီတူညီမျှ ရောထွေးပါဝင်ပြီး အာကာသ ခရီးစဥ်များအတွက် အရည်အသွေး ပြည့်ဝသော အာကာသမှူးများ အဖြစ် သင်တန်းဆင်းကြပြီ ဖြစ်သည်။ သူတို့သည် အမေရိကန်၏ လာမည့်နှစ်များအတွင်း အာကာသ ခရီးစဥ်များဖြစ်သည့် လကမ္ဘာသို့ ပြန်လည်ခြေချမည့် ခရီးစဥ် နှင့် အဂ်ါဂြိုလ်သို့ ထွက်ခွာမည့် ခရီးစဥ်များအတွက် အဓိက လေ့ကျင့်သင်ကြားပေးထားသော အရည်အသွေးပြည့် အာကာသယာဥ်မှူးများ ဖြစ်သည်။

အမျိုးသမီး ၆ဦး နှင့် အမျိုးသား ၇ဦးပါဝင်သည့် သင်တန်းဆင်းများသည် သိပ္ပံပညာရှင်၊ အင်ဂျင်နီယာ၊ ဆရာဝန် စသည့် ကျွမ်းကျင် နယ်ပယ်အသီးသီးမှ ပါဝင်ပြီး အာကာသာယာဥ်မှူးအဖြစ် ဝင်ရောက်လျှောက်ထားသူ ၁၈,၀၀၀ဦးထဲမှ စိစစ် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ သူတို့သည် အာကာသာယာဥ်မှူး သင်တန်းကို နှစ်နှစ်ကြာ လေ့ကျင့်သင်ကြားခဲ့ကြရသည်။ သင်တန်းသားများထဲမှ နှစ်ဦးသည် ကနေဒါ အာကာသ အေဂျင်စီမှ ဖြစ်ပြီး ၁၉၈၃ ခုနှစ် ကတည်းက အမေရိကန် မှ လေ့ကျင့်သင်ကြားခဲ့သည့် အာကာသ လေ့ကျင့်ရေး အစီအစဥ် များတွင် ပါဝင်ခဲ့သူများ ဖြစ်သည်။

“သူတို့ဟာ အကောင်းဆုံးထဲက အကောင်းဆုံးတွေပါပဲ။ သူတို့ဟာ မတူညီစွာ ထူးချွန်ကြတယ်။” ဟု NASA မှ အုပ်ချုပ်ရေးအရာရှိ Jim Bridestine မှ ဆိုသည်။ လူမျိူးပေါင်းစုံကြပြီး ပထမဆုံး အာရပ်-အမေရိကန်စပ် MIT မှ အင်ဂျင်နီယာဘွဲ့ရ သင်တန်းသား အာကာသယာဥ်မှူး နှင့် လူမဲ ဘူမိဗေဒပညာရှင် Jessica Watkins လည်း စကာတင် ရွေးချယ်ခံခဲ့ရသည်။ သူတို့အဖွဲ့ကို Turtles ဟု အမည်ပေးထားပြီး အပြာရောင် အာကာသဝတ်စုံများကို ဝတ်ဆင်ကာ အာကာသာယာဥ်မှူးအဖြစ် အသိအမှတ်ပြုသည့် ငွေရောင် ရင်ထိုးများကို ထိုက်တန်စွာရရှိခဲ့ကြသည်။ ထို့အပြင် သူတို့သည် NASA ၏ ပထမဦးဆုံး အများပြည်သူကြား ကျင်းပပြုလုပ်သည့် အာကာသယာဥ်မှူး သင်တန်းဆင်း ဘွဲ့နှင်းသဘင် အခမ်းအနားကို တက်ရောက်ခဲ့ကြပြီး သူတို့၏ စိတ်ခွန်အားဖြစ်စေသာ အတွေ့အကြုံ သာဓကများကို ပြည်သူများကြား ဖွင့်ဟပြောဆိုခွင့် ရရှိခဲ့ကြသူများဖြစ်သည်။

မေ (ရိုးရာလေး)
www.yoyarlay.com

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top