ကျန်းမာရေးအတွက် တကယ်ကောင်းတဲ့ အလေ့အကျင့်တချို့

yyl-30-023.jpg

ကိုယ်မလုပ်ဖူးတဲ့ အလေ့အထကို အကျင့်ဖြစ်နေဖို့အတွက် (၂၁) ရက်အချိန်ယူရတယ်လို့ ပြောကြပါတယ်။ တကယ်တော့ ဒါကမမှန်ပါဘူး။   လေ့လာတွေ့ရှိချက်မှာတော့ အလေ့အကျင့်ဖြစ်ဖို့   မိမိအပြုအမူအတွက် နည်းလမ်းအသစ်ရှာရာမှာ အနည်းဆုံး (၆၆) ရက်အချိန်ယူရတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အလေ့အကျင့်ကို ဖျောက်ဖျက်ဖို့ကျတော့ အချိန်တော်တော် ယူရပါတယ်။ တချို့အလေ့အကျင့်တွေက ကျွန်တော်တို့ ကျန်းမာရေးအတွက် မကောင်းနိုင်ပေမဲ့ အခုဖော်ပြပေးမယ့် အလေ့အကျင့်တွေက ကျွန်တော်တို့ရဲ့ ကျန်းမာရေးအတွက် တကယ်ကိုကောင်းပါတယ်။

ရေချိုးရင်း သေးပေါက်ခြင်း

လူတော်တော်များများက ရေချိုးရင်းနဲ့ သေးပေါက်ချဖူးကြမှာပါ။ တချိုကတော့ ဒါကိုလက်မခံတတ်ကြပါဘူး။ အနည်းဆုံး လူ (၇၅) ရာခိုင်နှုန်းကတော့ သူတို့ရဲ့ဘဝမှာ တစ်ကြိမ်တော့ ရေချိုးရင်း သေးပေါက်ချဖူးကြတယ်လို့ ဆိုပါတယ်။ တကယ်တော့ ဒါက ရှက်စရာမဟုတ်ပါဘူး။ သင့်ဆီးထဲမှာ ပါဝင်တဲ့ ယူရစ်အက်ဆစ် နဲ့ အမ်မိုးနီးယားဓာတ်တွေက သင့်ခြေချောင်းတွေမှာ မှိုကဲ့သို့ရောဂါပိုးမွှားတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ပီကေဝါးခြင်း

ပီကေဝါးတာက ကောင်းတဲ့အရာ မဟုတ်တဲ့အတွက် မစားဖို့ လူကြီးတွေက ပြောကြပါတယ်။ တကယ်တော့ ပီကေဝါးတာက အလေ့အကျင့်ဆိုး မဟုတ်ပါဘူး။ ပီကေဝါးတာက ကဖင်းဓာတ်ထက်ပိုပြီး ကူညီပေးနိုင်ပါတယ်။ ဒီအလေ့အကျင့်က သင့်ကို အာရုံစိုက်နိုင်၊ မှတ်ဉာဏ်ထက်မြက်စေနိုင်၊ စိတ်ဖိစီးမှုကို လျော့ချစေနိုင်တွာအပြင် ကော်တီဆုန်းပမာဏကို မြှင့်တင်ပေးခြင်းအားဖြင့် ဟော်မုန်းဓာတ်တွေ ညီမျှအောင်လည်း ကူညီပေးနိုင်ပါတယ်။

လေလည်ခြင်း

လူအများစုက လူရှေ့သူရှေ့မှာ လေလည်ရတာကို ရှက်ရွံ့တတ်ကြပါတယ်။ လူရှေ့သူရှေ့ရောက်ရင် လေလည်ချင်ရဲ့သားနဲ့ အောင့်ထားကြပါတယ်။ ကျွန်တော်တို့ခန္ဓာကိုယ်က တစ်နေ့ကို အနည်းဆုံး (၁၄) ကြိမ်လောက် ဂတ်စ်ကို ထုတ်လွှတ်ပေးရပါတယ်။ ညဘက်ဆိုရင် (၃-၅) ကြိမ်ဝန်းကျင်လောက် လေလည်ပေးသင့်ပါတယ်။ ကျွန်တော်တို့ အစာခြေစနစ်က အစာခြေနေစဉ်အတွင်းမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ မီသိန်းဓာတ်တွေကို ထုတ်လုပ်ပေးတဲ့အတွက် လေလည်တာဖြစ်ပါတယ်။ လေလည်ခြင်းက ဒီဓာတ်ငွေ့ကို ဖယ်ရှားပေးဖို့အတွက် ကူညီပေးပါတယ်။ ဂတ်စ်တွေကို မထုတ်လွှင့်ဘူးဆိုရင် ဝမ်းဗိုက်နာကျင်တာ၊ လေထိုးလေအောင့်တာတွေ ဖြစ်လာနိုင်ပါတယ်။

လေတက်ခြင်း

အစာအများကြီးစားပြီးတဲ့နောက်မှာ လေချဉ်တက်ကြပါတယ်။ ဒါပေမဲ့ လေချဉ်မတက်ဘူးဆိုရင် ခန္ဓာကိုယ်ထဲမှာ အစာအများကြီး သိုလှောင်ထားရတဲ့အတွက် ဂတ်စ်တွေဖြစ်လာနိုင်ပြီး ရင်ဘတ်နာကျင်တာတွေ ဖြစ်လာနိုင်ပါတယ်။ လေချဉ်တက်တာက ကျွန်တော်တို့အစာအိမ်က လေတွေကို ပြေလျော့သွားအောင် ကူညီပေးပါတယ်။ ဒါပေမဲ့ တအားကြီးလေချင်တက်ရင် အစာအိမ်အချဉ်ပေါက်တဲ့ ရောဂါရဲ့လက္ခဏာရပ် ဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ ပြကြည့်သင့်ပါတယ်။

လက်သည်းကိုက်ခြင်း

လက်သည်းတွေကို ခဏခဏကိုက်မိနေတုန်းလား။ သင့်ကိုယ်တိုင် ဘယ်နှစ်ကြိမ် လက်သည်းကို ကိုက်မိနေမှန်းတောင် မသိဘူးဖြစ်နေတယ်မလား။ သင် လက်သည်းကိုက်တဲ့အခါ လက်သည်းမှာရှိတဲ့ ဘတ်တီးရီးယားတွေကို စားသုံးမိသလိုဖြစ်စေပါတယ်။ ဒါက ရောဂါပိုးမွှားတွေကို တိုက်ဖျက်တဲ့နေရာမှာ ကူညီပေးတဲ့ WBC ထုတ်လွှတ်ဖို့အတွက် ကိုယ်ခံအားစနစ်ကို ဖြစ်စေနိုင်ပါတယ်။ သင့်ခန္ဓာကိုယ်မှာရှိတဲ့ ဘတ်တီးရီးယားတွေက ဒုတိယအကြိမ် ဘတ်တီးရီးယားတွေနဲ့ တွေ့ကြုံတဲ့အခါ ဒါကို တိုက်ဖျက်ဖို့အတွက် သင့်မှာ သွေးဖြူဆဲလ်တွေ ရှိပြီးသားဖြစ်ပါတယ်။ ဒါ့အပြင် လက်သည်းကိုက်တဲ့သူ၊ လက်မစုပ်တဲ့သူတွေက ဓာတ်မတည့်တဲ့ ရောဂါဖြစ်နိုင်ခြေ နည်းတယ်လို့လည်း ပြောကြပါတယ်။

Ref: Common gross habits that are actually good for your health

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top