အိုင်ဖုန်းမော်ဒယ် အားလုံးနီးပါး တရုတ်မှာ အရောင်းပိတ်ခံရ

105464040-1537530563336rts2288d.600x337.jpg

Apple က ထုတ်လုပ် ရောင်းချနေတဲ့ အိုင်ဖုန်း မော်ဒယ် အတော်များများကို မူပိုင်ခွင့် ချိုးဖောက်မှုတွေကြောင့် တရုတ် တရားရုံး အမိန့်အရ တရုတ်နိုင်ငံဆီ တင်သွင်းခွင့်၊ ရောင်းချခွင့် ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း တရားရင်ဆိုင်မှုမှာ အနိုင်ရခဲ့တဲ့ ကယ်လီဖိုးနီးယား အခြေစိုက် မိုက်ခရိုချိပ်စ် ကုမ္ပဏီ Qualcomm က ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒီလိုအရောင်းပိတ်ပင်မှုဟာ အိုင်ဖုန်း 6s ကနေ iOS version အဟောင်းနဲ့ ရောင်းချထားခဲ့တဲ့ အိုင်ဖုန်း X တွေအထိ အကျုံးဝင် သက်ရောက်မှာဖြစ်ပြီး Apple အနေနဲ့ သူတို့ရဲ့ ဖုန်းထဲက ဆော့ဖ်ဝဲကို မူပိုင်ခွင့်နဲ့ ကင်းလွတ်အောင် ပြန်လည်ပြင်ဆင် ရောင်းချလာနိုင်တာကြောင့် ခုလို သတ်မှတ် ပိတ်ပင်လိုက်တာပါ။ Apple ဘက်ကတော့ အိုင်ဖုန်း မော်ဒယ်အားလုံးဟာ တရုတ်ပြည်တွင်းမှာ ဆက်လက် ရှိနေမှာဖြစ်ပြီး iOS 12 ပါဝင်တဲ့ အိုင်ဖုန်းအသစ်တွေကိုလည်း ဆက်လက် ရောင်းချသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဓာတ်ပုံအရွယ်အစားပြုပြင်ပြောင်းလဲတာနဲ့ touch screen ပေါ်မှာ app တွေ စီမံတဲ့ ဆော့ဖ်ဝဲပိုင်းမှာ Apple ဟာ Qualcomm ရဲ့ ဆော့ဖ်ဝဲ မူပိုင်ခွင့်တွေနဲ့ ငြိစွန်းနေကြောင်း တရားရုံးက စစ်ဆေးတွေ့ရှိခဲ့တာကြောင့် အခုလို ပိတ်ပင်မိန့်ကို တရုတ်နိုင်ငံ၊ Fuzhou တရားရုံးက ချမှတ်တာဖြစ်ပြီး Micron နည်းပညာ ကုမ္ပဏီရဲ့ မိုက်ခရိုချိပ်စ်တွေကို တရုတ်နိုင်ငံဆီ တင်သွင်းခွင့် ပိတ်ပင်တဲ့ အမိန့်ကိုလည်း ဒီတရားရုံးကပဲ ဒီနှစ်အစောပိုင်းတုန်းမှာ ချမှတ်ခဲ့တာပါ။

ဒီပြဿနာရဲ့ အကျိုးဆက်အဖြစ်နဲ့ Apple ရဲ့ ရှယ်ယာတန်ဖိုးဟာလည်း နှစ်ရာခိုင်နှုန်းလောက် ကျဆင်းသွားခဲ့ရပါတယ်။ အမေရိကန်နိုင်ငံဆီ တင်သွင်းတဲ့ အိုင်ဖုန်းတွေကိုလည်း မူပိုင်ခွင့် ချိုးဖောက်မှုအတွက် ပိတ်ပင်တားမြစ်ပေးဖို့ အမေရိကန်က တာဝန်ရှိသူတွေဆီ Qualcomm က တောင်းဆိုထားပြီး ခုထိတော့ ဒီကိစ္စက ငြင်းဆန်ခံထားရဆဲ ဖြစ်ပါတယ်။

Ref: Dailymail “China BANS the sale of nearly all iPhone models for violating patents”

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top