ကာယိန္ဒြေပျက်ပြားအောင်လုပ်ရင် ထောင်ဒဏ်ချမှတ်မယ့်ဥပဒေကြမ်းကို ဒူတာတေး လက်မှတ်ရေးထိုး

67213573_2486969954667243_1764135714930294784_n.jpg

မဖွယ်မရာပြောဆိုမှု၊ အသံပြု နှောင့်ယှက်မှု၊ လူမြင်ကွင်းမှာ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုတွေကို ရာဇဝတ်မှုအဖြစ် သတ်မှတ်တဲ့ ဥပဒေကြမ်းကို ဖိလစ်ပိုင်သမ္မတ ဒူတာတေးက လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါပြီ။ လုံခြုံတဲ့တည်နေရာများ အက်ဥပဒေ(Safe Spaces Act)အရ လမ်းပေါ်မှာ၊ လုပ်ငန်းခွင်မှာ၊ အပန်းဖြေနေရာတွေမှာ၊ ဘတ်စ်ကားပေါ်မှာ စတဲ့နေရာတွေ အပါအဝင် အများပြည်သူဆိုင်ရာ နေရာတွေမှာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေကို တားမြစ်ပိတ်ပင်ထားပါတယ်။

တင်ပါးကိုင်တာ၊ နောက်ကတစ်ကောက်ကောက်လိုက်တာ၊ ညစ်ညမ်းဓာတ်ပုံ၊ ဗီဒီယိုတွေ မြင်အောင်ပြတာ၊ လိင်ပိုင်းဆိုင်ရာ အသံပြုတာ၊ လိင်တူမုန်းတီးရေး ဒါမှမဟုတ် မဖွယ်မရာစကားလုံးတွေပြောတာ စတဲ့လုပ်ရပ်တွေကို ပြစ်မှုမြောက်တယ်လို့ သတ်မှတ်ထားပါတယ်။ အွန်လိုင်းပေါ်ကနေ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားချက်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုတွေလုပ်ရင်လည်း ဒီဥပဒေနဲ့ငြိစွန်းပါတယ်။ ဒီဥပဒေအရ ထောင်ဒဏ် (၆) လနဲ့ ဒဏ်ငွေ ပီဆို ၅၀၀၀၀၀(အမေရိကန်ဒေါ်လာ ၉၇၅၀)အထိ ချမှတ်နိုင်ပါတယ်။ အဲဒီဥပဒေကို ပြီးခဲ့တဲ့ဧပြီလကတည်းက လက်မှတ်ရေးထိုးခဲ့တာဖြစ်ပေမဲ့ ပြီးခဲ့တဲ့ တနင်္လာနေ့ကမှ လူသိရှင်ကြား ကြေညာခဲ့တာပါ။

သမ္မတဒူတာတေးကိုယ်တိုင်က အဲဒီဥပဒေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေတယ်လို့ အမျိုးသမီးများအခွင့်အရေးပါတီက စွပ်စွဲထားပါတယ်။ ဒူတာတေးဟာ ဆယ်ကျော်သက်ဘဝတုန်းက အိမ်အကူအမျိုးသမီးတစ်ယောက်ကို လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခဲ့တယ်လို့ မနှစ်တုန်းက ထုတ်ပြောခဲ့ဖူးပါတယ်။ အဲဒီစကားကြောင့် ဝေဖန်မှုတွေ ရင်ဆိုင်ခဲ့ရသူပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top