အလိုအလျောက် ကြိုးချည်ပေးမယ့် ဖိနပ်

20160924_large.jpg

သွားခါနီးလာခါနီး ရှူးဖိနပ်တွေ၊ ဘွတ်ဖိနပ်တွေ စီးတဲ့အခါ ကြိုးချည်နေရတာကို အနှောင့်အယှက်တစ်ခုလို ခံစားနေရတဲ့လူထဲ သင်လည်း ပါနေသလား။ တကယ်လို့ အဲဒီလိုမျိုးဆိုရင်တော့ ဟောဒီမှာ သင့်အတွက် သတင်းကောင်း လာပါပြီ။

Nike ကုမ္ပဏီကနေပြီး HyperAdapt 1.0 လို့ ခေါ်တဲ့ ဖိနပ်အမျိုးအစားသစ်ကို တီထွင်ထုတ်လုပ်ခဲ့ပါတယ်။ ဖိနပ်ရဲ့ ထူးခြားချက်ကတော့ ဖိနပ်ထဲ ခြေထောက်ချလိုက်တာနဲ့ ဖိနပ်မှာပါတဲ့ အာရုံခံကိရိယာတွေကနေပြီး ဖိနပ်ကြိုးတွေကို အလိုအလျောက် စည်းနှောင်ပေး၊ တင်းပေးသွားမှာပါ။ အဲဒီအပြင် ဖိနပ်ဘေးမှာလည်း ကြိုးအလျော့အတင်း ခလုတ်နှစ်ခု ပါရှိတာကြောင့် စီးနင်းသူရဲ့ ခြေထောက်အရွယ်အစားနဲ့ အံဝင်ဂွင်ကျတဲ့ အနေအထားမျိုး ဖြစ်အောင် ချိန်ညှိနိုင်မယ်လို့ သိရပါတယ်။ ဒီ ဖိနပ်ကို နိုဝင်ဘာလကုန်ပိုင်းလောက်မှာ အမေရိကန်နိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်ရောင်းချသွားမယ်လို့ သိရပါတယ်။ ဈေးနှုန်းကိုတော့ ကြိုတင်ကြေငြာထားခြင်း မရှိပေမယ့် အတော်အတန် ဈေးမြင့်မယ့် သဘောမှာ ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။

ဒီလို ဆန်းသစ်တီထွင်မှုမျိုးတွေကို အားပေးသူတွေ ရှိပေမယ့် ဖိနပ်ကြိုးချည်တာကအစ စက်အကူအညီနဲ့ လုပ်နေရရင် နောင်တစ်ချိန်မှာ လူသားတွေရဲ့ ပင်ကိုယ်စွမ်းဆောင်ရည်တွေ ကျဆင်းသွားနိုင်တယ်လို့ စိုးရိမ်နေကြသူတွေလည်း ရှိပါတယ်။

Ref: PC Mag : “ Self-lacing Nikes Arrive in November “

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top