ယခုနှစ် ဆောင်းဦးမှာ ထွက်ရှိလာမယ့် Death Note ဇာတ်ကားသစ်

death.jpg

“Death Note 2016” ဇာတ်ကားအတွက် အဓိကပါဝင်မယ့် သရုပ်ဆောင်တွေနဲ့ အခြားအသေးစိတ် အချက်အလက်တွေကို ရိုက်ကူးရေးတာဝန်ရှိသူတွေက ကြေညာခဲ့ပါတယ်။

စုဂုမီ အိုဘ နဲ့ တာကဲရှီ အိုဘတ တို့ရေးသားခဲ့တဲ့ Death Note ဂျပန်ကာတွန်းဇာတ်လမ်းတွဲတွေကို အခြေခံထားပြီး 2006 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Death Note ဇာတ်ကားဟာ box office မှာ အောင်မြင်မှုတွေ ရရှိခဲ့ပြီး တာစုရာ ဖူဂျီဝါရာ နဲ့ ကန်အီချိ မာစုရာမ တို့ ပုံဖော်အသက်သွင်းထားတဲ့ ဇာတ်ကားထဲက အဓိကဇာတ်ကောင် Kira နဲ့ L ကိုလည်း ပရိသတ်တွေက အထူးပဲသဘောကျနှစ်ခြိုက်ခဲ့တယ်။

“Death Note 2016 ” ဇာတ်ကားကို မူရင်း ” Death Note ” ဇာတ်ကားမှ ၁ဝနှစ်ကြာပြီးနောက် ဖြစ်ရပ်များအပေါ် ဇာတ်အိမ်တည်ပြီး ရိုက်ကူးမှာဖြစ်တယ်။ Death Note မှတ်တမ်းတွေ လူသားကမ႓ာမှာ မျိုးစုံပေါ်ပေါက်လာတာနဲ့အတူ သေမင်းနတ်ဘုရားဟာလည်း မကောင်းတဲ့အကြံဆိုးတွေနဲ့ ပြန်လည်ရောက်ရှိလာပြီး သေစေနိုင်တဲ့ Death Note မှတ်တမ်းတွေရဲ့ပိုင်ရှင်နောက်ကို အထူးအဖွဲ့အစည်းတစ်ခုကလည်း ခြေရာခံလိုက်ရင်း အလုပ်ရှုတ်နေမယ်။ ဇာတ်ကားသစ်မှာ Kira Computer Virus အပါအဝင် ပြင်းထန်တဲ့ အချို့သော cyber တိုက်ပွဲတွေလည်း ပါဝင်လာမယ်။ ဒီဇာတ်ကားမှာ ယခင်ဇာတ်လမ်းတွဲတွေမိတ်ဆက်တုန်းကပါတဲ့ သေမင်းမှတ်စုစည်းမျည်းတွေကို အသုံးပြုစေမှာဖြစ်ပြီး တချိန်ထဲမှာပဲ သေမင်းမှတ်စုစာအုပ် ၆အုပ်ဟာလည်း ကမ႓ာမြေပေါ်ရောက်ရှိနေမယ်။

အဓိကပါဝင်မယ့် ဇာတ်ကောင်သုံးခုဟာဆိုရင် ” Death Note 2016 ” ဇာတ်ကားရဲ့ ဗဟိုဇာတ်ကောင်ဖြစ်တဲ့ ဇုခုရု မီရှိမာ အဖြစ် မာဆာဟီရို ဟီဂါရှိဒဲက ပါဝင်မှာဖြစ်တယ်။ မီရှိမာဟာ အထူးအဖွဲ့အစည်းတစ်ခုရဲ့ အေးဂျင့်ဖြစ်ပြီး လွန်ခဲ့တဲ့ ၁၀နှစ်က Light ကျူးလွန်ခဲ့တဲ့ Kira ကိုသတ်ဖြတ်မှု ဖြစ်စဉ်တွေနဲ့ သေမင်းမှတ်စုစာအုပ်ကို လက်တွေ့ကျကျ စွဲလမ်းနေသူတစ်ယောက်ဖြစ်တယ်။

ဆိုစုခဲ အိခိမာစု ကတော့ မီရှိမာနဲ့အတူ သေမင်းမှတ်စုတွေနောက်ကို ကြိုးစားခြေရာခံလိုက်မယ့် အပြည်ပြည်ဆိုင်ရာစုံထောက်အဖြစ်ပါဝင်ပြီး စုံထောက်ဖြစ်ပေမယ့် L ရဲ့ မျိုးရိုးဗီဇကို သယ်ဆောင်ထားသူတစ်ဦး၊ L ရဲ့ အမွေဆက်ခံသူအဖြစ် ပါဝင်မှာဖြစ်တယ်။

မာစာကီ စုဒါ က ယုကီရှိန်း အဖြစ်ပါဝင်ပြီး ရှိန်းဟာ Kira ကို ကိုးကွယ်တဲ့ ဆိုက်ဘာအကြမ်းဖက်မှုကို ရူးသွပ်သူ၊ သေမင်းမှတ်စုတွေကို သူ့ရဲ့ဟက်ကာစွမ်းရည်တွေနဲ့ လိုက်လံရှာဖွေသူဖြစ်တယ်။

ဒါဆို ပါရမီရှင်တွေရဲ့ စိတ်တိုက်ပွဲကို ကျွန်တော်တို့တွေနောက်တဖန်မြင်ရဖွယ်ရှိတယ်။

ဟီဂါရှိဒဲက ဒီဇာတ်ကားသစ်မှာ သရုပ်ဆောင်ရမှာ သူ့အတွက် အနည်းငယ်ဖိအားတွေခံစားရပေမယ့် ယခင် Death Note ပရိသတ်တွေနဲ့ ဇာတ်ကားသစ်ကိုကြည့်ရှုမယ့်ပရိသတ်တွေ ခံစားနိုင်တဲ့ ဇာတ်လမ်းအသစ်ဖြစ်အောင် သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေရဲ့အကူအညီနဲ့ ဖန်တီးသွားမှာပါလို့ ပြောကြားခဲ့တယ်။

မူရင်းဇာတ်လမ်းတွဲဖန်တီးသူ စုဂုမီ အိုဘ ကိုယ်တိုင်တောင် ဇာတ်ကြောင်းဇာတ်ကွက်တွေနဲ့ပတ်သက်ပြီး အရမ်းစိတ်လှုပ်ရှားရတယ်လို့ ဝန်ခံခဲ့တယ်။ Library Wars ၊ Gantz ဇာတ်ကားတွေနဲ့အောင်မြင်မှုရရှိခဲ့တဲ့ ဒါရိုက်တာ ရှိစုခဲ စာတို ရိုက်ကူးတဲ့ ” Death Note 2016 ” ဇာတ်ကားဟာလည်း သူ့ရဲ့နောက်ထပ်မှတ်တိုင်တစ်ခုဖြစ်နိုင်ပါတယ်။

ဇာတ်ကားထွက်ရှိမယ့် ရက်အတိအကျကို မကြေညာသေးပေမယ့်လည်း ဘယ်လိုအသစ်အဆန်းတွေနဲ့ ” Death Note 2016 ” ထွက်ရှိလာမလဲဆိုတာကို ကျွန်တော်တို့ စောင့်ကြည့်ရပါဦးမယ်။

Ref : Japan Today

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top