ကမ္ဘာ့ဖလားပြိုင်ပွဲကို လာရောက်တဲ့ ပြည်ပ ဧည့်သည်များနဲ့ ချစ်တင်းနှောနိုင်ကြောင်း နိုင်ငံသားတွေကို ရုရှားသမ္မတပြော

35327000_1971542106243085_6311317002518528000_o.jpg

ရုရှားသမ္မတ ပူတင်က ကမ္ဘာ့ဖလားကို လာရောက်ကြည့်ရှုကြတဲ့ နိုင်ငံတကာက ဧည့်သည်တွေကို ကြိုဆို ဂုဏ်ပြုတဲ့အနေနဲ့ ရုရှား နိုင်ငံသူ/သားတွေဟာ ဧည့်သည်များနဲ့ အတူအိပ်ကာ ချစ်တင်းနှောနိုင်တယ်လို့ ပြောကြားကြောင်း သမ္မတပူတင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စတော့ဗ် (Dmitry Peskov) က သတင်းထောက်တွေကို ဖွင့်ဟခဲ့ပါတယ်။

ကွန်မြူနစ် အမတ်တစ်ဦးရဲ့ အငြင်းပွားဖွယ် မှတ်ချက်ကတော့ အင်္ဂလန်နဲ့ ဘယ်လ်ဂျီယံတို့ ကစားမယ့် ဇွန်လ ၂၈ ရက်နေ့မှာ ရုရှားနိုင်ငံသူ/သားတစ်ဦးဦး အနေနဲ့ နိုင်ငံခြားဧည့်သည်တစ်ဦးဦးနဲ့ အိပ်သင့်တယ်လို့ ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။

၁၉၈၀ မော်စကို အားကစားပွဲတုန်းက “သွေးနှောတဲ့ ကလေးများ” ဆိုတဲ့ အသုံးအနှုန်းကို သုံးပြီး ကမ္ဘာတစ်ဝန်းက နိုင်ငံမတူတဲ့ လူမျိုးများအကြား ချစ်ခင်ရင်းနှီးမှုကို တည်ဆောက်ကြဖို့ ပြုလုပ်ခဲ့ကြတာကို ရည်ညွှန်း ပြောဆိုသွားတာပါ။

ချစ်ခြင်းမေတ္တာဆိုတာ အဓိကလက်နက်တစ်ခုလိုဖြစ်ပြီး လှပရင်းနှီးတဲ့ ဆက်ဆံရေးတွေရှိတဲ့  ကလေးတွေ အနာဂတ်ကမ္ဘာမှာ ပေါ်လာစေဖို့ တိုက်တွန်းပြောဆိုခဲ့တာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။

လွန်ခဲ့တဲ့ရက်ပိုင်းကပဲ ဆိုက်ဘေးရီးယားဖွား ရုရှား ပါလီမန်မိသားစု ကော်မတီ အကြီးအကဲ တစ်ဦးဖြစ်သူ ပလက်နေအိုဗာ (Pletnyova) ဆိုတဲ့ အမျိုးသမီး လွှတ်တော်အမတ် တစ်ယောက်က နိုင်ငံခြားဧည့်သည်တွေနဲ့ ကင်းကင်းရှင်းရှင်းနေဖို့ သတိပေးပြောဆိုခဲ့တာကို တုံ့ပြန်ပြောဆိုခဲ့တာလို့လည်း ဆိုပါတယ်။

ချဲလ်ဆီးအသင်း ဘောလုံးသမားဟောင်းတစ်ဦးဖြစ်ပြီး လက်ရှိရုရှားလက်ရွေးစင်နဲ့အတူ ပါဝင်လာတဲ့ ယူရီဇာကော့ဗ် (Yuri Zhirkov) ရဲ့ အမျိုးသမီးကတော့ “ရုရှားအမျိုးသမီးတွေအနေနဲ့ ဘယ်နိုင်ငံခြားသားနဲ့မှ လိင်ပိုင်းဆိုင်ရာ ဆက်နွယ်ဖို့ မလိုပါဘူး။ ကျွန်မတို့ဟာ သိက္ခာရှိတဲ့သူတွေပါ” လို့ တုံ့ပြန်ပြောဆိုပါတယ်။

ပူတင်ရဲ့ ဆန္ဒကတော့ ရုရှားနိုင်ငံသားတွေ ရင်းနှီးဖော်ရွေတာကို သိစေချင်သလို ရုရှားနိုင်ငံကိုလာတဲ့ ဧည့်သည်တွေကို စိတ်ချမ်းမြေ့စေလိုရင်း ဖြစ်ပါတယ်။

Ref : Daily Mail “Putin tells Russian women they CAN have sex with World Cup tourists”

Cj(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top