အီရန်ရဲ့ ခေါင်းစည်းပုဝါ ဝတ်ဆင်ရတဲ့ဥပဒေကြောင့် အိန္ဒိယက စစ်တုရင်ကစားသမား ပြိုင်ပွဲက နုတ်ထွက်

35298483_1843566962366102_7567955323009368064_n.jpg

အိန္ဒိယ စစ်တုရင် ကစားသမားတစ်ဦးဟာ အီရန်နိုင်ငံမှာ မရှိမဖြစ် လိုအပ်မှုဖြစ်တဲ့ ခေါင်းကိုအုပ်ရတဲ့ ခေါင်းစည်းပုဝါနဲ့ ပတ်သက်လို့ အီရန်နိုင်ငံမှာကျင်းပတဲ့ အာရှချန်ပီယံ စစ်တုရင်ပြိုင်ပွဲကနေ ထွက်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

အိန္ဒိယနိုင်ငံရဲ့အသက် ၂၉ နှစ်အရွယ် စစ်တုရင် ကစားသမား အမျိုးသမီးက အီရန်နိုင်ငံရဲ့ ခေါင်းစည်းပုဝါ ဝတ်ဆင်ရတဲ့ ဒီစည်းမျဉ်းဟာ သူ့ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အခွင့်အရေးကို ချိုးဖောက်နေတယ်လို့ ပြောခဲ့ပါတယ်။

ဆွာမီနာသန်က သူ့အခွင့်အရေးကို လက်ရှိအခြေနေမှာ ကာကွယ်နိုင်ဖို့က အီရန်နိုင်ငံဆီ စစ်တုရင် ချန်ပီယံပြိုင်ပွဲ သွားရောက်မယှဉ်ပြိုင်ဖို့သာ ဖြစ်တယ်လို့ Facebook က တစ်ဆင့် ဖော်ပြခဲ့ပါတယ်။ အာရှ စစ်တုရင်ချန်ပီယံပြိုင်ပွဲကို လာမယ့်လမှာ အီရန်နိုင်ငံအတွင်း ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဆွာမီနာသန်ဟာ အိန္ဒိယနိုင်ငံ စစ်တုရင်နယ်ပယ်မှာ အဆင့် သတ်မှတ်ချက် ၅ ရှိသူ ဖြစ်ပါတယ်။ အိန္ဒိယ စစ်တုရင်သမား ဆွာမီနာသန်က ကစားသမားတွေရဲ့ အခွင့်ရေး ဆုံးရှုံးတဲ့အခြေအနေလိုမျိုး ဖြစ်နေတာတွေအတွက် စိတ်ပျက်မိတယ်လို့ ပြောခဲ့ပါတယ်။

အားကစားသမားတွေဟာ အားကစားပြိုင်ပွဲကို ထိန်းသိမ်းဖို့လုပ်ဆောင်ပေမယ့် ဘာသာရေး အဝတ်အစားတွေ ဝင်ဆင်ဖို့ အတင်းကြပ် လုပ်ဆောင်တာခံရတယ်လို့ အိန္ဒိယ စစ်တုရင် ကစားသမား အမျိုးသမီးက ပြောခဲ့ပါတယ်။ လူမူကွန်ရက်တွေမှာ အိန္ဒိယ စစ်တုရင် ကစားသမား အမျိုးသမီး ဆွာမီနာသန်ရဲ့ ဆုံးဖြတ်ချက်ကို ချီးကျူးခဲ့ကြပြီး သူ့ဆုံးဖြတ်ချက်ဘက်က ရပ်တည်သူတွေ များခဲ့တယ်လို့ သိရပါတယ်။

Ref: BBC “India chess player quits Iran tournament over headscarf rule”

Kaung Htet Ngwe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top