Facebook သုံးရင်း အစားအသောက်ပေ့ခ်ျတွေထဲဝင်၊ မျက်စိအစာကျွေးကြမယ်

food1.jpg

Facebook သုံးတဲ့ အခါ အစားအသောက် ပေ့ခ်ျတွေနဲ့ အစားအသောက် ဗီဒီယိုတွေပဲ ကြည့်နေသူတွေ ရိုးရာလေး ပရိသတ်တွေထဲမှာများ ရှိမလား။

တကယ်တော့ အဲ့ဒီလို ဗီဒီယိုတွေ ကြည့်ရတာ ပျော်စရာကောင်းတယ်လို့ ဆိုရမှာပါပဲ။ အစားအသောက် ဗီဒီယို တစ်ခု စကြည့်ရင်း နောက်ထပ် ဆက်တိုက်ဆက်တိုက် ဆက်ကြည့်မိပြီး ဗ်ိုက်ပါဆာလာတဲ့ အထိ ဖြစ်ဖူးကြမယ် ထင်ပါတယ်။

အခု တစ်ခေါက် မှာတော့ Facebook ပေါ်က အစားအသောက် ဗီဒီယို အမိုက်စားလေးတွေ တင်ပေးလေ့ရှိတဲ့ နိုင်ငံတကာ facebook ပေ့ခ်ျတွေထဲက စိတ်ဝင်စားဖွယ် ပေ့ခ်ျလေးခု ကို ညွှန်းပေးချင်တာ ဖြစ်ပါတယ်။ အပျင်းပြေပဲ ဖြစ်ဖြစ်၊ သင်ယူလေ့လာဖို့အနေနဲ့ပဲ ဖြစ်ဖြစ်၊ ဗိုက်ဆာတဲ့အခါပဲ ဖြစ်ဖြစ် ရှာပြီးကြည့်လို့ရတာပေါ့။

၁။ Cookat

ပထမဆုံး ညွှန်းပေးချင်တဲ့ page လေးကတော့ Cookat ဆိုတဲ့ ပေ့ခ်ျလေးပါ။ ဒီပေ့ခ်ျလေးကိုတော့ အစားအသောက်ချစ်သူအချို့ ရင်းနှီးကောင်း ရင်းနှီးနေမှာပါ။ ဒီပေ့ခ်ျလေးမှာဆိုရင် စားချင်စဖွယ် မုန့်တွေ၊ ဟင်းတွေရဲ့ ချက်နည်း အဆင့်ဆင့်ကို တစ်မိနစ်၊ တစ်မိနစ်ခွဲစာ ဗီဒီယိုလေးတွေနဲ့ ခပ်သွက်သွက်ပြသွားတာပဲ ဖြစ်ပါတယ်။ ဗီဒီယို အဆုံးသတ်တွေတိုင်းမှာပါတတ်တဲ့ ကြောင်သံလေးကလည်း ဒီပေ့ခ်ျ့ရဲ့ အမှတ်အသားတစ်ခုလို့ဆိုရမှာပါပဲ။

Cookat ရဲ့ ထူးခြားချက်ကတော့ နိုင်ငံပေါင်းစုံက အစားအသောက်တွေ အတွက် ပေ့ခ်ျ အခွဲတွေရှိနေတာပဲ ဖြစ်ပါတယ်။ တရုတ်၊ ကိုရီးယား၊ ထိုင်း၊ ဗီယက်နမ်၊ ဂျပန်စတဲ့ န်ိုင်ငံပေါင်းစုံက အစားအသောက်ချက်နည်းတွေအတွက် Cookat ပေ့ခ်ျလေးတွေခွဲပြီး တင်ဆက်ပေးနေတာပဲ ဖြစ်ပါတယ်။ ဝင်ရောက်ကြည့်ရှုချင်တယ်ဆိုရင်တော့ https://www.facebook.com/cookatTV/ ဆိုတဲ့ လင့်ကနေ ဝင်ရောက်ကြည့်ရှုလို့ရပါတယ်။

 ၂။ Yang Soobin (양수빈)

နောက်တစ်ခုကတော့ အစားအသောက်ချက်နည်းတွေကို တင်ပေးနေတဲ့ ပေ့ခ်ျမဟုတ်ပါဘူး။ ကိုယ်တိုင်စားပြတဲ့ ပေ့ခ်ျ့ပါ။ ကိုရီးယားမလေး Yang Soobin က သူမရဲ့ပေ့ခ်ျ့ကနေ တဆင့် အစားအသောက်ဗီဒီယိုတွေနဲ့ အလှအပ ရေးရာတွေကို တင်ဆက်ပေးနေတာပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ အဓိက မိတ်ဆက်ပေးချင်တာကတော့ အစားအသောက် ဗီဒီယိုလေးတွေအကြောင်းပါ။ ချစ်စဖွယ် သူမရဲ့ ဟန်ပန်လေးနဲ့ စားချင်စဖွယ် အစားအသောက်တွေကို အားရပါးရ သူမ စားပြတာကို ကြည့်ရတာ ဗိုက်ပိုဆာစေမှာတော့ အမှန်ပါပဲ။ ဒါလေး တစ်ခုကတော့ ရိုးရာလေး ပရိတ်သတ်တွေ သတိထားသင့်ပါတယ်။ သူမရဲ့ ပေ့ခ်ျ့ကို ဝင်ရောက်လေ့လာချင်တယ်ဆိုရင်တော့ https://www.facebook.com/officialYangSoobin/ ကနေဝင်ရောက်လေ့လာနိုင်ပါတယ်။ တခုချွင်းချက်ရှိတာက သူမက သေသေချာချာ စားပြတာ ဆိုတော့ ဗီဒီယိုတွေက အချိန်တော့ နည်းနည်းကြာလေ့ရှိပါတယ်။

၃။ Tasty

ထပ်ပြီး မိတ်ဆက်ပေးချင်တာကတော့ Tasty ပါ။ Tasty က တကယ်တော့ ၂၀၀၆ ခုနှစ်က စတင်ခဲ့တဲ့ BuzzFeed ဒီဂျစ်တယ်နည်းပညာ ကုမ္ပဏီ တစ်ခုရဲ့ လုပ်ငန်းခွဲတစ်ခု ဖြစ်ပါတယ်။ Tasty Facebook ပေ့ခ်ျကိုတော့ ၂၀၁၅ ခုနှစ် ဇူလိုင်လလောက်မှာ Facebook ပေါ်ကို စတင်မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ Tasty ပေ့ခ်ျမှာဆိုရင်တော့ ဟင်းချက်နည်းတွေ၊ မုန့်လုပ်နည်းတွေကို စုံစုံလင်လင်တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ မိနစ်ပိုင်းပဲ ကြာတဲ့ ဗီဒီယိုလေးတွေလည်းရှိသလို ဆယ်မိနစ်၊ မိနစ်နှစ်ဆယ်လောက်ထိ ကြာတဲ့ အစားအသောက်ဗီဒီယိုတွေကိုလည်း တင်ဆက်ပေးနေတာပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ တစ်ခု ပြောစရာရှိတာက အခုလို ဗီဒီယိုတွေ အများကြီးကို Facebook ပေါ်မှာ ကြည့်တော့မယ်ဆိုရင် စိတ်ဝင်စားစရာကောင်းသလောက်ကို စားသွားမယ့် ဒေတာ ပမာဏကလည်း မနည်းလှပါဘူး။

ဒါကလည်း ထည့်တွက်သင့်တဲ့ အချက်တစ်ခုပါ။ Facbook ပေါ်မှာ စိတ်ကြိုက်ဗီဒီယိုတွေ ကြည့်နိုင်ဖို့ကတော့ ဒေတာ ပမာဏ များများ ကို ဈေးတန်တန်နဲ့ ဝယ်ထားဖို့ လိုလာမှာပါပဲ။ ဥပမာ ဆိုရင် အူရီဒူးရဲ့ Facebook Plus အစီအစဉ်ပါ။ ဒီ အစီအစဉ်မှာဆိုရင်တော့ 1 MB ကို တစ်ကျပ်နှုန်းနဲ့ နှစ်ရက်သုံး- 200MB ၊ အပတ်စဉ်သုံး၊ လစဉ်သုံး 3999 MB စတာတွေကို ဝယ်ယူလို့ရပါတယ်။ ဒါ့ပြင် Facebook plus အစီအစဉ်တွေကို လက်ဆောင်အနေနဲ့ လွှဲပေးလို့ရပါတယ်။
ကဲ အစားအသောက်ဘက် ပြန်သွားလိုက်ကြရအောင်..။ Tasty ကတော့ အခွဲပေ့ခ်ျတွေတော်တော်များများရှိပါတယ်။ အဓိကတော့ နိုင်ငံအသီးသီး က အစားအသောက်တွေကို သီးသန့် တင်ဆက်ပေးဖို့အတွက် နိုင်ငံနဲ့အလိုက် နာမည်လေးတွေ ခွဲပေးကာ ပေ့ခ်ျအမျိုးမျိုးနဲ့ တင်ဆက်ပေးနေတာပဲ ဖြစ်ပါတယ်။ Tasty ပေ့ခ်ျကို ဝင်ရောက်လေ့လာချင်တယ်ဆိုရင်တော့ https://www.facebook.com/buzzfeedtasty/ ကနေ ဝင်ကြည့်လို့ရပါတယ်။

၄။ Food Network

နောက်ဆုံး မိတ်ဆက်ပေးချင်တာကတော့ Food Network ပါ။ သူကတော့ TV channel တစ်ခုလည်း ဖြစ်ပြီး ၁၉၉၃ ခုနှစ်ကတည်းက စတင် တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ အခု မိတ်ဆက်ပေးမှာတော့ Food Network ရဲ့ Facebook ပေ့ခ်ျပဲ ဖြစ်ပါတယ်။ ဒီပေ့ခ်ျမှာတော့ ဟင်းချက်နည်းတွေထက် ချစ်စရာ၊ စားချင်စရာ မုန့်လုပ်နည်း ဗီဒီယိုတွေ တင်ပေးလေ့ရှိတာဖြစ်ပါတယ်။ တစ်မိနစ်ခွဲ၊ နှစ်မိနစ်စာ ဗီဒီယို အတိုလေးတွေ တင်ပေးလေ့ရှိတာ များတာမို့ ပျင်းစရာမကောင်းဘဲ ကြည့်ရတာ ပျော်စရာကောင်းတဲ့ အစားအသောက်ပေ့ခ်ျလေး တစ်ခုပါပဲ။ ဝင်ရောက်ကြည့်ရှုချင်တယ်ဆိုရင်တော့ https://www.facebook.com/FoodNetwork/ ဆိုတဲ့ link ကနေ ဝင်လို့ရပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top