ကားတံဆိပ်ပြားတွေအများကြီးစုဆောင်းထားတဲ့ ကားချစ်သူကလေးငယ်

pa2.jpg

အသက် (၆) နှစ်အရွယ် ပတ်ချ် ဟာတီ (Patch Hurty) ဆိုတဲ့ ကလေးလေးက စကားပြောတတ်တဲ့အရွယ်ကစပြီး ထူးထူးဆန်းဆန်း ကားတွေနဲ့ စကားပြောလေ့ရှိသူပါ။ ပြီးခဲ့တဲ့နှစ်ထဲမှာတော့ ကားတစ်စီးကနေပြုတ်ကျကျန်ခဲ့တဲ့ Ford ကားအမှတ်တံဆိပ်ပြားတစ်ခုကို ပတ်ချ်က အဖိုးတန်ပစ္စည်းအဖြစ်နဲ့ အမြတ်တနိုးကောက်သိမ်းထားခဲ့တာကို သူရဲ့ မိခင် လင်ဆေး (Lindsay) က တွေ့ခဲ့ရပါတယ်။

ကားတွေကို ချစ်မြတ်နိုးတဲ့အတွက် ကားအမှတ်တံဆိပ်ပြားတွေကို အခုလိုစုသိမ်းထားဖြစ်တယ်လို့ ပတ်ချ်က CBS News ကို ပြောပြပါတယ်။ ဒါကပဲ သူ့ကို စာဖတ်စေဖို့ တိုက်တွန်းတဲ့နေရာမှာ ပတ်ချ်ရဲ့ မိဘတွေအတွက် အကောင်းဆုံးနည်းတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါကြောင့် “Patch Project” ကိုစတင်ခဲ့ပြီး ပတ်ချ်ရဲ့ အကြီးဆုံးအစ်မနဲ့ ညီလေးတွေပါဝင်ထားတဲ့ Team Hurty ကတော့ ကားတံဆိပ်ပြားတွေကို ကြိုးစားပမ်းစားရှာဖွေဖို့ တာဝန်ယူခဲ့ပါတယ်။

ပတ်ချ်ကို သူ့ရဲ့အကြီးဆုံးအစ်မက အကူအညီအများဆုံးပေးခဲ့တာဖြစ်ပြီး နောက်ထပ်လည်း ကားထုတ်လုပ်သူတွေဆီ စာရေးသားပေးပို့မယ့် Campaign တစ်ခုကို သူက ပြုလုပ်ပေးခဲ့ပါတယ်။ စာထဲမှာ ပတ်ချ် ရေးသားလိုက်တာကတော့ “ စက်ရုံကြမ်းပြင်မှာ ပိုနေတဲ့ ကားတံဆိပ်ပြားတစ်ခုလောက်ရှိနိုင်မလား သိချင်မိပါတယ်။ အဲဒါက ကားတံဆိပ်ပြားတွေအားလုံးကိုစုဆောင်းမယ်လို့ ရည်ရွယ်ထားတဲ့ သားရဲ့အိပ်မက်ကို အကောင်အထည်ပေါ်လာစေနိုင်မှာပါ”ဆိုတဲ့ စာလေးပါ။

ကားကုမ္ပဏီတွေက ပတ်ချ်ကို သတိထားမိသွားခဲ့ကြပြီး Chevy, Infiniti, Volkswagen, BMW, Rolls Royce, DeLorean လို ကားကုမ္ပဏီကြီးတွေဆီကနေ ကားတံဆိပ်ပြားနဲ့ စာတွေ ပြန်ပြီးရခဲ့ပါတယ်။ Carriage House Motor Cars ကုမ္ပဏီပိုင်ရှင် မိုက်ကယ် ရှက်ဒရာ (Michael Schudroff) ကလည်း ပတ်ချ်ကို Testarossa ကားအမျိုးအစားနဲ့ မိတ်ဆက်ပေးခဲ့ပါသေးတယ်။

ထူးထူးခြားခြားစိတ်ကူးမိပြီး ဇွဲနပဲကြီးကြီးနဲ့ကြိုးစားခဲ့တာကြောင့် နောက်ဆုံးမှာတော့ ပတ်ချ်ဟာ သူ့အိပ်မက်လေးကို လက်တွေ့အကောင်အထည်ဖော်နိုင်သွားခဲ့ပါပြီ။ ရိုးရာလေးရဲ့စာဖတ်ပရိသတ်တွေလည်း ပတ်ချ်လိုမျိုး ကိုယ့်စိတ်ကူးအိပ်မက်တွေကို လက်တွေ့ဖြစ်လာဖို့ ဇွဲလုံ့လသန်သန်နဲ့ ကြိုးစားအကောင်အထည်ဖော်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။

Ref: Boy’s love of cars sparks special mission of collecting decals
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top