ရင်ကြပ်ခြင်းအတွက် အိမ်တွင်းကုထုံးများ

boy-using-respiratonic-inhaler-GRPDKZC-e1565445523140.jpg

တစ်ခါတစ်လေ အသက်ရှုလမ်းကြောင်း ပိုးဝင်တဲ့အခါ ရင်ကြပ်တာ အသက်ရှုကြပ်တာ ဖြစ်တတ်ပါတယ်။ သူက ချွဲသလိပ်တွေ ကပ်နေစေတတ်ပြီး ရင်ဘတ် တင်းကြပ်နေတာမျိုး အသက်ရှုမဝတာမျိုး ဖြစ်စေပါတယ်။

အအေးမိခြင်း၊ တုတ်ကွေး၊ ချောင်းဆိုးတာနဲ့ အဆုတ်အအေးပတ်ခြင်းက ရင်ကြပ်ခြင်းကိုဖြစ်ပေါ်စေပါတယ်။ ဒါတွေက အသက်ရှုလမ်းကြောင်း ရောဂါတွေနဲ့ ဆက်စပ်မှုရှိပြီး ကုသပေးနိုင်တဲ့ ဆေးတွေလည်းရှိပါတယ်။ အခုပြောပြမှာတော့ ရင်ကြပ်ခြင်းကို သက်သာစေမယ့် အိမ်တွင်းကုထုံးလေးတွေ ဖြစ်ပါတယ်။

ရေနွေးငွေ့

ရေနွေးငွေ့ကို ရှုသွင်းပေးခြင်းက လေပြွန်တစ်လျှောက်မှာ ချွဲသလိပ်တွေ ကပ်နေခြင်းကို လျှော့ချပေးနိုင်ပါတယ်။ အိမ်မှာပဲ ရေနွေးပူပူလေးတည် ရေဇလုံလေးထဲထည့်ပြီး မျက်နှာနဲ့ အနည်းငယ်ခွာကာ ရှုသွင်းပေးပါ။

ဂျင်းပြုတ်ရည်

ဂျင်းပြုတ်ရည် သို့မဟုတ် ဂျင်းလက်ဖက်ရည်ဟာ ရင်ကြပ်ခြင်းအတွက် တော်တော်များများညွှန်းဆိုကြတဲ့ နည်းလမ်းကောင်းလေးပါ။ ဘာလို့လဲဆိုတော့ စိတ်ကိုအေးချမ်းစေလို့ပါ။ ရေနွေးပူပူလေးထဲမှာ ဂျင်းလေးနည်းနည်းထည့်ပြုတ်ပါ။ သံပုရာရည် အနည်းငယ် သို့မဟုတ် ပျားရည် အနည်းငယ် ရောစပ်ပြီး သောက်သုံးနိုင်ပါတယ်။

ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည်ဟာလည်း စိတ်ငြိမ်နိုင်စေပြီး ရင်ကြပ်ခြင်းကို လျှော့ချပေးနိုင်တဲ့ ဆေးစွမ်းတစ်မျိုးဖြစ်ပါတယ်။ ရေတစ်ဖန်ခွက်ထဲမှာ ပန်းသီးရှာလကာရည် နှစ်ဇွန်းလောက်ထည့်ပြီး တစ်နေ့ သုံးကြိမ် သောက်သုံးပါ။

နနွင်း

နွားနို့ပူပူလေးတစ်ခွက်ထဲ နနွင်းအနည်းငယ်ထည့်ပြီး ရောစပ် သောက်သုံးခြင်းက ရင်ကြပ်ခြင်းကို သက်သာစေပြီး ညဘက် ကောင်းကောင်းအိပ်ပျော်စေပါတယ်။ လည်ချောင်းနာပြီး အသက်ရှုကြပ်တာမျိုးဖြစ်ရင် နနွင်းကို ရေတစ်ဖန်ခွက်နဲ့ ဖျော်သောက်လိုက်ပါ။ တစ်နေ့ကို သောက်နိုင်သလောက် များများသောက်ပါ။

ဆားရည်နွေးနွေးလေး

အလွယ်ဆုံး နည်းလမ်းလေးကတော့ ရေနွေးနွေးလေးထဲမှာ ဆားတစ်ဇွန်းခပ်ပြီး သောက်လိုက်ဖို့ပါပဲ။ ဆားဟာ ဘက်တီးရီးယားတွေကို တိုက်ခိုက်နိုင်တဲ့အပြင် သန့်စင်ပေးနိုင်ပါသေးတယ်။ ဒါ့အပြင် လေပြွန်တစ်လျှောက် ပိုးဝင်ရောက်မှုကို အကောင်းဆုံး တိုက်ဖျက်ပေးနိုင်ပြီး ရင်ကြပ်တာကို ကာကွယ်ပေးနိုင်ပါသေးတယ်။

ရှောက်ရည်

ရှောက်ရည်မှာ ဗီတာမင်စီဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် ကိုယ်ခံအားကို တိုးစေပါတယ်။ ရလာဒ်အနေနဲ့ကတော့ ခန္ဓာကိုယ်ဟာ အသက်ရှုလမ်းကြောင်း ပိုးဝင်မှုကို တိုက်ခိုက်ဖို့ ပိုမို ခုခံအားရှိလာစေပါတယ်။ ဒါပေမယ့် သကြားများများခတ်ခြင်းကို ရှောင်ကြဉ်ရပါမယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူများများ စားတာက ရင်ကြပ်တာအတွက် အရမ်းကောင်းမွန်တဲ့ အကျိုးသက်ရောက်မှု ဖြစ်စေပါတယ်။ ဒါက သဘာ၀ ဆေးစွမ်းကောင်းပါပဲ။ ကြက်သွန်ဖြူဟာ အသက်ရှုလမ်းကြောင်းကို ရောင်ရမ်းစေတဲ့ ဘယ်ပိုးကိုမဆို တိုက်ခိုက်နိုင်ပါတယ်။ ဒီတိုင်း အစိမ်း​လိုက်ပဲ ဖြစ်ဖြစ် ဆေးစပ်ထားတာပဲဖြစ်ဖြစ် စားသုံးနိုင်ပါတယ်။

Ref: Health Digest: Home Remedies for Chest Congestion

Sophia(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top