ချစ်သူနဲ့ လမ်းခွဲလိုက်တဲ့ ကိုရီးယားမင်းသား လီဂျွန်ကီ

jun.jpg

My Girl, Iljimae, Moon Lovers စတဲ့ ကိုရီးယား ဒရာမာစီးရီးတွေနဲ့ ပရိသတ် အချစ်တွေကို ရရှိထားတဲ့ ကိုရီးယားမင်းသား လီဂျွန်ကီ ဟာ သူ့ရဲ့ ချစ်သူနဲ့ လမ်းခွဲလိုက်ပါပြီ။

လီဂျွန်ကီနဲ့ သူ့ရဲ့ ချစ်သူ ကိုရီးယားမင်းသမီး ဂျွန်ဟေဘင်းတို့နှစ်ဦးဟာ Joseon Gunman စီးရီး မှာ သရုပ်ဆောင်မှာ ချစ်ကြိုက်သွားခဲ့ကြတာ ဖြစ်ပါတယ်။ ၂၀၁၇ ဧပြီလမှာတော့ သူတို့နှစ်ဦး ချစ်သူဖြစ်နေတာ ၂နှစ်ရှိပြီလို့ ကြေညာခဲ့ပါသေးတယ်။ သူတို့နှစ်ဦးဟာ ချစ်သူတွေမဖြစ်ခင်ကလည်း သူငယ်ချင်းတွေအဖြစ် ခင်မင်နေခဲ့တာ ကြာပြီလို့ သိရပါတယ်။    

သတင်းတွေအရတော့ သူတို့ နှစ်ဦးအနေနဲ့ အလုပ်တွေအရမ်းများပြီး တစ်ဦးကို တစ်ဦး အချိန်မပေးနိုင်တာတွေကြောင့် လမ်းခွဲလိုက်ကြတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ အခုလို သူတို့ လမ်းခွဲလိုက်တဲ့ သတင်းကိုတော့ သူတို့ရဲ့ အေဂျင်စီတွေက အတည်ပြုပြောကြားလိုက်တာဖြစ်ပါတယ်။

Ref: Dramafever: Lee Joon Gi and Jeon Hye Bin break up

Zym (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top