နာမည်ကြီးပုဂ္ဂိုလ်တွေကို အခြေခံဖန်တီးထားတဲ့ ကာတွန်းဇာတ်ကောင်များ

character-1.png

တချို့ကာတွန်းဇာတ်ကောင်တွေက တကယ်ကို အသက်ဝင်လှပြီး အမြဲတမ်းအမှတ်ရစေပါတယ်။ ကာတွန်းဇာတ်ကောင်တွေကို ဒီဇိုင်နာတွေက ဆယ်လီတွေကို အခြေခံပြီး ဖန်တီးထားတဲ့အတွက် တကယ့်လူလိုမျိုးဖြစ်နေတာပါ။ ကာတွန်းဇာတ်ကောင်တွေကို ရေးဆွဲတဲ့ ဒီဇိုင်နာတွေက ဘယ်ဆယ်လီတွေကို အတုခိုးပြီး ဖန်တီးထားလဲဆိုတာကို စာဖတ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ရပါတယ်။

အာလာဒင် (Aladdin) နဲ့ တွမ်ခရုစ် (Tom Cruise)

ဒစ်စနေးရဲ့ အာလာဒင်ကို Glen Keane အဖွဲ့က ဒီဇိုင်းဆွဲခဲ့တာပါ။ အစက ဇာတ်ကောင်ကို အသက် (၁၃) နှစ်အရွယ်ကောင်လေးအနေနဲ့ ရေးဆွဲခဲ့ပြီး မင်းသား မိုက်ကယ်လ် ဂျေ ဖော့ဇ် (Michael J.Fox) နဲ့ ရုပ်ဆင်ပါတယ်။

ထုတ်လုပ်တဲ့အတောအတွင်းမှာ ဒီဇိုင်းအဖွဲ့က ဇာတ်ကောင်ကို အရမ်းကလေးဆန်ပြီး ကြည့်ရှုသူတွေကို မဆွဲဆောင်နိုင်ခဲ့ဘူးလို့ ယူဆခဲ့ကြပါတယ်။ ဒါကြောင့် အသက် (၁၈) နှစ်အရွယ်ဇာတ်ကောင်အဖြစ် ဖန်တီးပြီး မင်းသား တွမ်ခရုစ် နဲ့ Calvin Kleinရဲ့မော်ဒယ်တချို့ကို မှီငြမ်းပြီး ဒီဇိုင်းပြန်လုပ်ခဲ့တာဖြစ်ပါတယ်။

ဒီဗင်း (Divine) နဲ့ အာဆူလာ (Ursula)

အာဆူလာက “The Little Mermaid”ကာတွန်းကားထဲမှာ အမှတ်တရဖြစ်စေတဲ့ ဒစ်စနေးဇာတ်ကောင်ပါပဲ။ သူ့ကို ဒါရိုက်တာ ရွန် ဆီမန်စ် (Ron Clements) နဲ့ ဂျွန် မက်ခ်ကာ (John Musker) တို့က ဖန်တီးခဲ့ပါတယ်။ အဲဒီဇာတ်ကောင်က နဂါးဘုရင်မလို့ သိကြတဲ့ အမေရိကန်မင်းသမီး ဒီဗင်း (Divine) ကို အခြေခံပြီး ရေးဆွဲခဲ့တာပါ။ ဇာတ်ကောင်နဲ့ မင်းသမီးတို့က ရုပ်ရည်အသွင်အပြင် နဲ့ မျက်နှာအမူအရာကအစ တူတာကို စာဖတ်ပရိသတ်တွေ တွေ့မြင်နိုင်ပါတယ်။

ဘဲလ် (Belle) နဲ့ ကက်သရင်း ဟတ်ပ်ဘန်း (Katharine Hepburn)

ဒစ်စနေးက Beauty and the Beast ကို ရုပ်ရှင်ကားအဟောင်းနဲ့ တူချင်ပေမယ့် ဒါရိုက်တာတွေက ဘဲလ်ကို ဆန်းသစ်တဲ့အမျိုးသမီးပုံစံဖြစ်ချင်ခဲ့ပါတယ်။ ဇာတ်ညွှန်းရေးဆရာမ လင်ဒါ ဝေါ်ဗာတန် (Linda Woolverton) က တဇွတ်ထိုးလုပ်တတ်တဲ့အမျိုးသမီးဇာတ်ကောင်အဖြစ် ဖန်တီးချင်ခဲ့တာပါ။ ဝေါ်ဗာတန်က နတ်သမီးပုံပြင်အဟောင်းအတိုင်း ဖန်တီးတာမလိုချင်တာကြောင့် အမေရိကန်မင်းသမီး ကတ်သရင်း ဟတ်ပ်ဘန်းကို အခြေခံပြီး ဖန်တီးခဲ့တာဖြစ်ပါတယ်။

စနိုးဝှိုက် နဲ့ ဟီဒီ လာမား (Hedy Lamarr)၊ မာဂျီ ချန်ပီယံ (Marge Champion)၊ အဒရီယားနား ကေစ်လော့တီ (Adriana Caselotti)

ဒစ်စနေးရဲ့စနိုးဝှိုက်က ဟီဒီ လာမား (Hedy Lamarr)၊ မာဂျီ ချန်ပီယံ (Marge Champion)၊ အဒရီယားနား ကေစ်လော့တီ (Adriana Caselotti) ဆိုတဲ့
အမျိုးသမီး (၃) ဦးကို အခြေခံပြီး ဖန်တီးခဲ့တာဖြစ်ပါတယ်။ ဟီဒီ လာမားက Ecstasy ဆိုတဲ့ ရုပ်ရှင်ကားမှာ အဖော်အချွတ်အခန်းတွေနဲ့ လူသိများခဲ့တဲ့ ဩစတြီးယားမင်းသမီးတစ်ယောက်ပါ။ မာဂျီ ချန်ပီယံက နာမည်ကြီးအကပညာရှင်ဖြစ်ပြီး စနိုးဝှိုက်ရဲ့အသံက အဒရီယားနား ကေစ်လော့တီရဲ့ အသံဖြစ်ပါတယ်။

အက်နာ မုတ် (Edna Mode) နဲ့ အက်ဒစ် ဟတ်ဒ် (Edith Head)

“The Incredibles” ရုပ်ရှင်ကားက အက်နာမုတ်ကို ဝတ်စုံဒီဇိုင်နာ အက်ဒစ် ဟတ်ဒ်ကို အခြေခံပြီး ဖန်တီးထားတယ်လို့ ယုံကြည်ထားကြပါတယ်။

Ref: Brightside
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top