ချစ်သူတွေ မဟုတ်ဘူးလို့ မင်းသား ကင်မင်ဆုနဲ့ သရုပ်ဆောင် မော်ဒယ် လီဂျိူဘင် ငြင်း

kim0.jpg

တောင်ကိုရီးယား မင်းသားတစ်ဦးဖြစ်တဲ့ ကင်မင်ဆု (Kim Min Suk) ဟာ တောင်ကိုရီးယား သရုပ်ဆောင် မော်ဒယ် လီဂျိူဘင် Lee Joo Bin နဲ့ ချစ်သူတွေဖြစ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ အဲဒီ သတင်းတွေကို နှစ်ဦးစလုံးက ငြင်းဆန်သွားခဲ့တယ်လို့ သိရပါတယ်။

ထွက်ပေါ်နေတဲ့သတင်းတွေအရ မင်းသား ကင်မင်ဆု ဟာ သရုပ်ဆောင်မော်ဒယ် လီနဲ့ ချစ်သူတွေ ဖြစ်နေပြီး ဂျပန်နိုင်ငံဆီ အတူ သွားရောက်ခဲ့တယ်လို့ ဖော်ပြကြပါတယ်။ ဒါပေမဲ့ မင်းသား ကင်နဲ့ မော်ဒယ်လီတို့ကတော့ သူတို့နှစ်ဦးဟာ နီးစပ်မှု ရှိသူတွေသာ ဖြစ်ပြီး ချစ်သူတွေ မဟုတ်ဘူးလို့ တုံပြန်ခဲ့ပါတယ်။

မင်းသားကင်က ဂျပန်ကို သွားချိန်မျာ သူငယ်ချင်းအားလုံးနဲ့ သွားတာဖြစ်ပြီး နားလည်မှုလွဲစွာ ဖော်ပြနေတာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် သရုပ်ဆောင် မော်ဒယ် လီကလည်း ဂျပန်နိုင်ငံကို သွားရောက်တာ သူမရဲ့ ပုဂ္ဂိုလ်ရေး အစီစဉ်တွေကြောင့် သွားရောက်တာဖြစ်ပြီး အဲဒီ ကိစ္စတွေဟာ သူမရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စဖြစ်လို့ အသေးစိတ် ထုတ်ပြောမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

Ref : Allkpop : Kim Min Suk and Lee Joo Bin deny they’re dating

ကောင်းထက်ငွေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top