အသီးအရွက်ကိုအဓိကထားစားသုံးပြီး ရာသီဥတုပြောင်းလဲမှုကိုတားဆီးနိုင်

67710992_2525289610835277_261335784865398784_n.jpg

အသီးအရွက် အဓိကထားစားသုံးတဲ့စားသောက်မှုပုံစံကို ပြောင်းလဲရင် ရာသီဥတုပြောင်းလဲမှုကိုတားဆီးဖို့ အထောက်အပံ့ဖြစ်စေနိုင်တယ်လို့ ကုလသမဂ္ဂရဲ့ ကျွမ်းကျင်ပညာရှင်တွေက ပြောပါတယ်။ အနောက်နိုင်ငံတွေမှာ အသားနဲ့ နို့ထွက်ပစ္စည်းစားသုံးမှုမြင့်မားလာတာဟာ ကမ္ဘာကြီးပူနွေးမှုကိုအထောက်အပံ့ဖြစ်စေနိုင်တယ်လို့ မြေယာအသုံးပြုမှုနဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

ဒါပေမဲ့ သိပ္ပံပညာရှင်တွေက ကမ္ဘာတစ်ဝန်းမှာမှီတင်းနေထိုင်သူကြတွေကို သက်သက်လွတ်စားကြဖို့တိုက်ရိုက်တိုက်တွန်းခဲ့တာမျိုးတော့မရှိပါဘူး။ လူသားတွေက အသားစားသုံးမှုကိုလျှော့ချလိုက်ရင် မြေယာအနည်း အကျဉ်းအသုံးပြုရုံနဲ့ လူအများအပြားအတွက် စားနပ်ရိက္ခာထုတ်လုပ်ပေးနိုင်မယ်လို့ သိပ္ပံပညာရှင်တွေကပြောပါတယ်။ မြေယာကို ထိထိရောက်ရောက်အသုံးပြုရင် လူသားတွေကြောင့်ဖြစ်ပေါ်တဲ့ ကာဗွန်ထုတ်လွှတ်မှု ပမာဏကိုလျှော့ချနိုင်လိမ့်မယ်လို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။ မြေမျက်နှာပြင်ကိုထိခိုက်အောင်လုပ်တာ၊ သစ်ပင်ကိုရှင်းလင်းခုတ်ထွင်ပြီး လွင်တီးခေါင်ပြင်ဖြစ်အောင်လုပ်တာတွေက ရာသီဥတုပြောင်းလဲစေနိုင်လို့ အဲဒီလုပ်ရပ်မျိုးမလုပ်ကြဖို့လည်း အစီရင်ခံစာမှာတိုက်တွန်းထားပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top