Samsung ရဲ့ နောက်ဆုံးထွက် Galaxy S10 ဖုန်းကို ကြိုတင်မှာယူမှုအရေအတွက် မြန်မာနိုင်ငံမှာ ရောင်းအားစံချိန်တင်

1-2-e1552879170334.jpg

၂၀၁၉ခုနှစ် မတ်လ (၁၆) ရက်နေ့က Samsung Myanmar နဲ့ Samsung ချစ်သူတွေအတွက် အမှတ်တရနေ့ တစ်နေ့ဖြစ်ခဲ့ပါတယ်။ Samsungရဲ့ နောက်ဆုံးပေါ်နည်းပညာမြင့် Galaxy S10 စမတ်ဖုန်းသစ်ကြိုတင်မှာယူထားတဲ့ Samsung ချစ်သူ သုံးစွဲသူတွေက ရန်ကုန်မြို့ နဲ့ မန္တလေးမြို့က နီးစပ်ရာ Samsung အရောင်းဆိုင်တွေမှာ မှာယူထားတဲ့ဖုန်းတွေကို လာရောက်ထုတ်ယူခဲ့ပြီး အရင်နှစ် Galaxy S9 ကြိုတင်မှာယူမှုကိုကျော်လွန်ကာ ရောင်းအား စံချိန်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Samsung Myanmarရဲ့ Brand Ambassadors တွေဖြစ်ကြတဲ့ စိုင်းစိုင်းခမ်းလှိုင်၊ နေတိုး နဲ့ ပန်းရောင်ခြယ်တို့က ရန်ကုန်မြို့မှာလည်းကောင်း၊ အေးဝတ်ရည်သောင်းက မန္တလေးမြို့မှာ လည်းကောင်း ဖုန်းလာရောက်ထုတ်ယူတဲ့ Samsung ချစ်သူ သုံးစွဲသူတွေကို အမှတ်တရလက်မှတ်ရေးထိုးပြီး မှတ်တမ်းတင်ဓာတ်ပုံတွေ ပျော်ရွှင်စွာရိုက်ကူးခဲ့ပါတယ်။ Samsung Myanmar မှလည်း ကြိုတင်ကြေညာထားတဲ့အတိုင်း pre-order မှာယူထားသူ Samsung ချစ်သူအားလုံးကို ငွေကျပ် ၂၀၀,၀၀၀ တန်ဖိုးရှိ Galaxy Buds နားကြပ်အသစ်တစ်စုံကို လက်ဆောင်အဖြစ်ပေးအပ်ခဲ့ပါတယ်။

ကြိုတင်မှာယူမှုတွေအနက် Galaxy S10+ မှာယူမှု အမြင့်ဆုံးဖြစ်ခဲ့ပြီး အစိမ်းရောင် နှင့် အဖြူရောင်တွေက လူကြိုက်အများဆုံးအရောင်ဖြစ်ကြောင်း Samsung Myanmar မှ သတင်းထုတ်ပြန်ထားပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top