အစာခြေစနစ်အားကောင်းစေဖို့ နေ့စဉ်လိုက်နာသင့်တဲ့ အရာများ

st1-e1552876140157.jpg

ကျွန်မတို့ရဲ့ အစာခြေစနစ်က အရမ်းအရေးကြီးတဲ့တာဝန်ကို ထမ်းဆောင်ရပါတယ်။ ဒါက ကျွန်မတို့ စားသုံးလိုက်တဲ့ အစားအစာတွေကို နေ့စဉ်လုပ်ငန်းဆောင်တာတွေလုပ်ဆောင်ဖို့အတွက် ခန္ဓာကိုယ်က အသုံးပြုတဲ့ စွမ်းအင်နဲ့ အာဟာရဓာတ်တွေအဖြစ် ပြောင်းပေးပါတယ်။ ကျွန်မတို့ ခန္ဓာကိုယ်ရဲ့ အရေးကြီးဆုံးအစိတ်အပိုင်းဖြစ်တာကြောင့် အစာခြေစနစ်အားကောင်းဖို့အတွက် ကျွန်မတို့မှာ တာဝန်ရှိပါတယ်။

ကျွန်မတို့ စားသုံးလိုက်တဲ့ အစားအစာနဲ့ အရည်တွေက အစာခြေစနစ်ကျန်းမာစေဖို့ တိုက်ရိုက် သက်ရောက်ပါတယ်။ အစာ မှားစားမိမယ်ဆိုရင် အစာမကြေခြင်း၊ ရင်ပူရင်ဆာဖြစ်ခြင်းနဲ့ အခြားအစာအိမ်ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ အစာခြေစနစ်အားကောင်းဖို့ဆိုရင် နေ့စဉ်လိုက်နာသင့်တဲ့အရာတွေရှိပါတယ်။ အဲဒီအရာတွေကတော့

ခါးတဲ့အစားအစာကို စားပေးပါ

လူတော်တော်များများက ခါးတဲ့ (ဒါမှဟုတ်) ချဉ်တဲ့ အစားအစာတွေ စားရတာ ကြိုက်ချင်မှ ကြိုက်မှာပါ။ ဒါပေမဲ့ ဒါတွေက သင့်ဗိုက်အတွက် တကယ်ကို ကောင်းပါတယ်။ ချဉ်တဲ့၊ ခါးတဲ့ အစားအစာတွေက အစာခြေဖျက်တဲ့ဝမ်းတွင်းက အက်ဆစ်တွေကို လှုံ့ဆော်ပေးပါတယ်။ သင့်စားတဲ့အစားအစာထဲမှာ ဒေါက်ခွရွက်၊ ကိုက်လန်၊ ဘူးရွက်တွေကို ထည့်စားပေးပါ။ အစာ မစားခင် တစ်နာရီအလိုမှာ သံပုရာရည် (ဒါမှမဟုတ်) ပန်းသီးအရက်ရှာလာကာရည်တွေကိုလည်း သောက်ပေးလို့ရပါတယ်။ ဒါက သင့်စားလိုက်တဲ့အစားအစာတွေကို သဘာဝအလျောက် ချေဖျက်ပေးမှာပါ။

ဟင်းခတ်အမွှေးအကြိုင်တွေကို ထည့်စားပေးပါ

ဟင်းခတ်အမွှေးအကြိုင်တွေက အစားအစာတွေကို အရသာပေးစွမ်းစေသလို များပြားလှတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေလည်းရှိပါတယ်။ တစ်နေ့တာ သင် စားတဲ့အစားအစာထဲကို ဟင်းခတ်အမွှေးအကြိုင်ထည့်လို့ရပါတယ်။ ဂျင်း (ချင်း) ကလည်း အစာမကြေဖြစ်တာတွေအတွက် အံ့မခန်းပါပဲ။ အစာမကြေဖြစ်တာ၊ မအီမသာဖြစ်တာတွေကို ဖြေလျော့ပေးနိုင်ပါတယ်။ အဘိုးအဘွားတွေလက်ထပ်ကတည်းက သုံးစွဲလာခဲ့တဲ့ စမုန်စပါးကလည်း အစာခြေစနစ်အားကောင်းစေပါတယ်။

လှုပ်လှုပ်ရှားရှားနေပါ

သင့်ခန္ဓာကိုယ်က အစာကို ခြေဖျက်ဖို့ ကြိုးစားနေစဉ် အတောအတွင်းမှာ လဲလျောင်းနေမယ်ဆိုရင် အစာမကြေခြင်းကို ဖြစ်စေနိုင်ပါတယ်။ ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးခြင်းက သင့် ဝမ်းဗိုက်ကို ကျန်းမာနေစေမှာဖြစ်ပြီး အစာခြေစနစ်အားလည်း ကောင်းလာမှာပါ။ အစာ စားပြီးတဲ့အခါ လမ်းနည်းနည်းလျှောက်ပေးပါ။

ရေဓာတ်ဖြည့်ပေးပါ

ရေက ကျွန်တော်တို့ခန္ဓာကိုယ်အတွက် အရမ်းအရေးပါပြီး ဝမ်းဗိုက်အတွက်လည်း အရေးကြီးပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ရေဓာတ်လုံလောက်စွာ နေထိုင်ပါ။ အစာအိမ်ထဲက အရာတွေ သန့်စင်စေဖို့ ရေလုံလောက်စွာသောက်ပါ။ ရေလုံလောက်စွာ မသောက်ဘူးဆိုရင် အစာခြေစနစ်ကို အားနည်းစေပြီး ဝမ်းချုပ်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ တစ်နေ့ကို အနည်းဆုံး ရေသုံးလီတာ သောက်ပေးပါ။ ရေချည်းသောက်ရတာပျင်းတယ်ဆိုရင် အသီးဖျော်ရည်သောက်လို့ရပါတယ်။

အစာခြေစနစ်အားကောင်းအောင် တစ်နေ့တာ ဘယ်လို လုပ်ဆောင်ရမလဲဆိုတာကို ပြောပြပြီးသွားပြီဆိုတော့ စာဖတ်ပရိသတ်တွေ ကိုယ်တိုင်လည်း အစာခြေစနစ်အားကောင်းဖို့ စားသောက်နေထိုင်ရတော့မှာပါနော်။

Ref: Follow these four rules EVERYDAY to keep your digestive system healthy
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top