Category: International

ကိုယ်လက်သေနေတဲ့သားဖြစ်သူ MBA တက်နေတာကို ကူညီရင်း ဘွဲ့ရသွားခဲ့တဲ့မိခင်

အမေရိကန်နိုင်ငံ အနောက်ပိုင်း ကယ်လီဖိုးနီးယားပြည်နယ် (California) မှာ MBA (Master of Business Administration) တက်နေတဲ့ ကိုယ်လက်သေဒုက္ခိတသားဖြစ်သူကို ကူညီစောင့်ရှောက်ရင်း အတန်းတိုင်းလိုက်တက်ပေးခဲ့တဲ့ မိခင်ဖြစ်သူ ဂျူဒီအိုကော်နာ (Judy O’Connor) ဟာသားဖြစ်သူ ဘွဲ့ယူခဲ့တဲ့အချိန်မှာပဲ  သူမလည်း ဘွဲ့တစ်ခုကိုရခဲ့ပါတယ်။

Category: International

ဘီလ်ဂိတ်ဖောင်ဒေးရှင်းသို့ ဒေါ်လာ ၃.၁၇ ဘီလီယံ လှူဒါန်းခဲ့တဲ့ ဝါရင်ဘတ်ဖတ်

ပြီးခဲ့တဲ့ တနင်္လာနေ့၊ ဇူလိုင်လ ၁၀ ရက်နေ့မှာ Berkshire Hathaway Inc stock ပိုင်ရှင် ဝါရင် ဘတ်ဖတ် (Warren Buffett) ဟာ သူ့ရဲ့  ငွေကြေးအမြောက်အများကို ဆယ်စုနှစ်တစ်ခု အတွင်းမှာ အများဆုံး လှူဒါန်းမှုတစ်ရပ်အဖြစ် ဒေါ်လာ ၃.၁၇ ဘီလီယံကို ဘီလ်နဲ့ မယ်လင်ဒါဂိတ်ဖောင်ဒေးရှင်းသို့ လှူဒါန်းခဲ့ပါတယ်။ (3.7 ဘီလီယံ = 3700,000,000)

Category: International

ကမ္ဘာ့ပေါ်မှာ လူပေါင်း ၅၀၀ ခန့်သာကိုင်ဆောင်ခွင့်ရှိတဲ့ အလွန်ရှားပါးသော ပတ်စ်ပို့

ကမ္ဘာပေါ်က ပတ်စ်ပို့တစ်ချို့ဟာ တခြားသော ပတ်စ်ပို့တွေထက် ဩဇာကြီးမားတယ်ဆိုတာ လူတော်တော်များများသိကြမှာပါ။ ဥပမာ အနေနဲ့ပြောရရင် ကမ္ဘာပေါ်မှာ ဩဇာအကြီးမားဆုံး ပတ်စ်ပို့တစ်ခုဖြစ်တဲ့ ဂျာမနီပတ်စ်ပို့ကိုင်ဆောင်ထားသူဟာ နိုင်ငံပေါင်း ၁၇၇ နိုင်ငံကို ဗီဇာမလိုဘဲ  အလည်အပတ်သွားရောက်နိုင်ပါတယ်။ ပတ်စ်ပို့တစ်ခုကို ကိုင်ဆောင်ထားရုံနဲ့ နိုင်ငံပေါင်းများစွာကို အလည်အပတ်သွားနိုင်တာဟာ တော်တော်ကောင်းမွန်ပေမဲ့  ကမ္ဘာ့အရှားဆုံး ပတ်စ်ပို့ကို ကိုင်ဆောင်ရတာက ပိုပြီးထူးခြားပါတယ်။

Category: International

အသက်တစ်ချောင်း ကယ်နိုင်ဖို့ ခြေထောက်တစ်ချောင်း စတေးခံခဲ့သူ

ရထားလမ်း ဖြတ်ကူးနေတဲ့ အမျိုးသမီးကြီး တစ်ဦးကို အသက်ကယ်တင်ပေးရာကနေ ရထားဂတ်ဗိုလ်(conductor)တစ်ဦး ခြေထောက်တစ်ဖက် ပြတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့(ဇူလိုင် ၆ရက်)နေ့က တရုတ်နိုင်ငံ စီချွမ်ပြည်နယ်မှာ အခုလို ဖြစ်ပွားခဲ့ပြီး အကြားအာရုံ ချို့တဲ့နေတဲ့ အသက် ၆၅ နှစ်အရွယ် အမျိုးသမီးကြီးရဲ့ အသက်ကို ကယ်တင်နိုင်ပေးခဲ့တဲ့ ရွှီချန်ခိုင်(Xu Qiankai) ကို လူတွေက သူရဲကောင်းအဖြစ် ချီးကျူးနေကြပါတယ်။

Category: International

တစ်နေ့တည်း သစ်ပင် ၆၆ သန်းစိုက်ပျိုးကာ ကမ္ဘာ့စံချိန်တင်ခဲ့တဲ့ အိန္ဒိယနိုင်ငံ

အိန္ဒိယနိုင်ငံအလယ်ပိုင်း မက်ဟာပရာဒက်ရှ်ပြည်နယ် (Madhya Pradesh) ရှိ နာမဒါ  မြစ်ကမ်းပါးတစ်လျှောက်မှာ ဇူလိုင်လ ၂ ရက်နေ့က လူပေါင်း တစ်သန်းခွဲခန့်ဟာ ၁၂ နာရီခန့်ကြာအောင် အပင်ပေါင်း ၆၆ သန်းကို စိုက်ပျိုးခဲ့ပြီး  ကမ္ဘာ့သစ်ပင်အများဆုံးစိုက်ပျိုးမှုအဖြစ် စံချိန်တင်သွားခဲ့ပါတယ်။

Category: International

၂၀၄၀ခုနှစ်မှာ ဓာတ်ငွေ့နဲ့လောင်စာဆီသုံးကား ရောင်းချခြင်းများကို ရပ်တန့်မဲ့ပြင်သစ်နိုင်ငံ

ပြင်သစ်နိုင်ငံ ဟာ လောင်စာဆီသုံးမော်တော်ကားများ အသုံးပြုခြင်းကိုရပ်တန့်ဖို့ ကြိုးစားနေတဲ့ နိုင်ငံများ အဖွဲ့အစည်းထဲကိုပါဝင်လာပြီး ၂၀၄၀  ခုနှစ်မှာ လောင်စာဆီသုံး မော်တော်ကား ရောင်းချခြင်းများကို လုံးဝရပ်တံ့မယ်လို့ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက် ကြာသာပတေးနေ့မှာ  ပြောကြားခဲ့ပါတယ်။

Category: International

မြန်မာနိုင်ငံမှ နှစ်သန်းပေါင်း ၁၀၀ ခန့်ရှိတဲ့ ပယင်းကျောက်ထဲက ငှက်ကျောက်ဖြစ်ရုပ်ကြွင်း

နှစ်သန်းပေါင်း တစ်ရာခန့်သက်တမ်းရှိတဲ့ ပယင်းကျောက်ထဲက ငှက်ကျောက်ဖြစ်ရုပ်ကြွင်းကို မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် ဟူးကောင်း ချိုင့်ဝှမ်းရှိ မိုင်းတွင်းတစ်တွင်းမှာ တွေ့ရှိခဲ့တာဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ တရုတ်ပြတိုက်တစ်ခုသို့ ရောက်ရှိခဲ့ပါတယ်။

Category: International

အင်္ဂလန်နိုင်ငံတွင်ကလေးများ ကျောင်းနောက်ကျပါက မိဘများ ပေါင် ၁၂၀ အထိဒဏ်ငွေဆောင်ရမည်

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့အရှေ့မြောက်ဘက်ပိုင်းရှိ အက်ဆက် စီရင်စု  (Essex county)၊ ဟမ့်ရှီုးလ်ယား စီရင်စု (Hampshire county)၊ ဝက်စ်လန်း စီရင်စု (West Midlands county) တို့ရှိ ကျောင်းများဟာ ကျောင်းသားများ ခွင့်မဲ့ပျက်ကွက်ခြင်း၊ ကျောင်းနောက်ကျခြင်းတို့အတွက်  ကျောင်းသားမိဘများကို ဒဏ်ရိုက်ဖို့စည်းမျဉ်းထုတ်ပြန်လိုက်ပါတယ်။ ဒီစည်းမျဉ်းမှာဆိုရင် မနက် ၉နာရီထက်အမြဲကျောင်းနောက်ကျသောကျောင်းသားများ ဟာ ပေါင် ၆၀(မြန်မာငွေ တစ်သိန်းခန့်) အထိဒဏ်ငွေဆောင်ရမှာဖြစ်ပြီး ဒဏ်ကြေးကို ၂၁ ရက်အတွင်း မပေးရင် နှစ်ဆဒဏ်ကြေးကောက်သွားမှာဖြစ်ပါတယ်။

Category: International

Hello Kitty အရုပ်ပေါင်း ၅၁၆၉ ရုပ်ကိုစုဆောင်းထားခဲ့ပြီး ဂင်းနစ်စ် စံချိန်တင်သွားခဲ့သူ

ဂျပန်နိုင်ငံ မြောက်ချီဘာပြည်နယ် (northern Chiba) ရှိ ယော့စုကိုင်ဒို (Yotsukaido) မြို့တွင်နေထိုင်သူ ပင်စင်စားရဲသား မာဆာအို ဂန်ဂျီ  (Masao Gunji) ဟာ Hello Kitty အရုပ်လေးများကို ချစ်မြတ်နိုးသူတစ်ယောက်ဖြစ်ပြီး စွဲလမ်းလွန်းတဲ့အတွက် အိမ်ကို ပန်းရောင်ဆေးသုတ်ကာ Hello Kitty အရုပ်များစွာကို စုဆောင်းခဲ့သူတစ်ဦးဖြစ်ပါတယ်။ ဒီလိုစုဆောင်းခဲ့တဲ့အတွက် ဂန်ဂျီဟာ Hello Kitty  အရုပ်ပေါင်း ၅၁၆၉ ရုပ်ကိုပိုင်ဆိုင်သူအဖြစ် ဂင်းနစ်စ်မှတ်တမ်းဝင်သွားခဲ့ပါတယ်။

Category: International

ဟော့ဒေါ့စားပြိုင်ပွဲမှာ ၁၀ ကြိမ်မြောက်ချန်ပီယံဖြစ်ခဲ့တဲ့ ဂျိုလ်းချက်စ်နက်

အမေရိကန်နိုင်ငံရဲ့ လွတ်လပ်ရေးနေ့ဖြစ်တဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့မှာကျင်းပခဲ့တဲ့ ၁၀၁ ကြိမ်မြောက် နာသန်ဟော့ဒေါ့စားပြိုင်ပွဲ  (Nathan's Hot Dog Eating Contest) မှာ ဂျိုးလ်ချက်စ်နက်(Joey Chestnut) ဟာဆယ်ကြိမ်မြောက် ချန်ပီယံဆုကို ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။ နာသန်ဟော့ဒေါ့စားပြိုင်ပွဲ ဟာ ၁၀ မိနစ်ကြာယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲဖြစ်ပြီး အမေရိကန်နိုင်ငံ နယူးယောက်မြို့ ကိုနေကျွန်း (Coney Island)  မှာနှစ်စဉ်ကျင်းပလေ့ရှိကာ ကမ္ဘာတစ်ဝှမ်းက အစားအသောက်ချန်ပီယံများလာရောက်ယှဉ်ပြိုင်လေ့ရှိတဲ့ ပြိုင်ပွဲဖြစ်ပါတယ်။

Category: International

မိခင်ဗိုက်ထဲမှာ ကျည်ဆန်ထိမှန်ခဲ့တဲ့ သန္ဓေသား အသက်ရှင်ပေမယ့် ကိုယ်တစ်ပိုင်းသေခဲ့

မိခင်ဝမ်းဗိုက်ထဲရှိနေတဲ့ သန္ဓေသားတစ်ဦးဟာ လမ်းကြောင်းမှားရောက်လာတဲ့ကျည်ဆန်(Stray bullet) ထိမှန်ခဲ့ပေမယ့် အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ်။ ကိုယ်ဝန် ၉ လရှိနေတဲ့ ဆန်းတို့စ်မီလိုဟာ ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမြို့မှာ လမ်းလျှောက်နေတုန်း သေနတ်ပစ်ခတ်မှုနဲ့ ကြုံခဲ့ပြီး သူ့တင်ပါးကို ကျည်ဆန် ထိမှန်ခဲ့ပါတယ်။ အဲဒီကျည်ဆန်က သန္ဓေသားကိုပါ ထိခိုက်စေခဲ့ပြီး သန္ဓေသားဟာကျောရိုးဒဏ်ရာ အပါအဝင် ဒဏ်ရာ အများအပြား ရခဲ့ပါတယ်။

Category: International

ကံကောင်းစေရန်အတွက် မိကျောင်းမလေးနဲ့လက်ထပ်ခဲ့တဲ့ မက္ကစီကိုမြို့တော်ဝန်

မြောက်အမေရိကတိုက် မက္ကစီကို (Mexico)နိုင်ငံတောင်ဘက်ပိုင်းရှိ ဆန်ပီဒရို ဟွာမဲလူလာ (San Pedro Huamelula) မြို့မှ မြို့တော်ဝန်ဟာ  ဒီအပတ်အတွင်း သူအုပ်ချုပ်တဲ့မြို့ စီးပွားလာဘ်လာဘများ ပေါများစေရန်အတွက် မိကျောင်းမလေးတစ်ကောင်နဲ့ လက်ထပ်ခဲ့ပါတယ်။ ဒီရိုးရာဓလေ့ဟာ ဆန်ပီဒရို ဟွာမဲလူလာ (San Pedro Huamelula) မြို့မှာ ကျင့်သုံးနေခဲ့တာ နှစ်ရာပေါင်းများစွာရှိနေပြီလို့ သိရပါတယ်။

Category: International

ဂျာမနီမှာ ခရီးသည်တင်ဘတ်စ်ကား မီးလောင်လို့ လူ ၁၈ ဦးသေဆုံး

ဂျာမနီနိုင်ငံတောင်ပိုင်းက A9 အမြန်လမ်းမှာ ခရီးသည်တင်ဘတ်စ်ကား တစ်စီးနဲ့ လော်ရီကား တိုက်မိပြီး မီးလောင်သွားတဲ့အတွက် လူ ၁၈ ဦး သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

Category: International

ကားတွင်း အပူချိန်များခြင်းကြောင့် ကလေးငယ်များ သေဆုံးခြင်းကို တားဆီးပေးနိုင်တဲ့ ကိရိယာကို တီထွင်ခဲ့တဲ့ ၁၁ နှစ်သားလေး

အမေရိကန်နိုင်ငံ တောင်ပိုင်းတက်ဆက်စ်ပြည်နယ် (Texas)၊ မက်ကင်နေ မြို့ (McKinney) တွင်နေထိုင်တဲ့ အသက် ၁၁ နှစ်အရွယ်  ဘစ်ရှော့ကယ်ရီ (Bishop Curry) ဆိုသူကောင်လေးတစ်ယောက်ဟာ ကလေးငယ်များ ကားတွင်းအပူချိန်လွန်ကဲခြင်းကြောင်း သေဆုံးခြင်းများကို တားဆီးပေးနိုင်မဲ့ ကိရိယာတစ်ခုကိုတီထွင်နိုင်ခဲ့ပါတယ်။