Fast and Furious 10 မှာ ဗီလိန်အဖြစ် ပါဝင်သွားမယ့် ဂျေဆင် မိုမိုအာ

30.1.2021yyl46.jpg

Fast and Furious 10 မှာ Aquaman မင်းသား ဂျေဆင်မိုမိုအာလည်း ပါဝင်တော့မှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားမှာ မိုမိုအာ ပါဝင်သရုပ်ဆောင်မှာကို အချိန်တစ်ခုကြာ တိုင်ပင်ဆွေးနွေးခဲ့ကြပြီး နောက်ဆုံးမှာတော့ Fast 9 တရားဝင် တွစ်တာအကောင့်ကနေတဆင့် အတည်ပြုပေးခဲ့ပါတယ်။ Fast and Furious ရုပ်ရှင်ကားသစ်ရဲ့ဇာတ်လမ်းဇာတ်ကွက်တွေကို လျှို့ဝှက်ထားတုန်းပါပဲ။ ဒါပေမဲ့ မိုမိုအာက ဗင်ဒီဇယ်ရဲ့ပြိုင်ဘက် ဗီလိန်ဇာတ်ကောင်မှာ ပါဝင်သွားဖို့ လျာထားတယ်လို့ သိရပါတယ်။

Fast and Furious 9 မှာ ပြန်လာရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ ဂျက်စတင်လင်း (Justin Lin) ကပဲ ဒီရုပ်ရှင်ကားကို ရိုက်ကူးမှာဖြစ်ပါတယ်။ မီရှဲလ် ရိုဒရီဂွက်ဇ် (Michelle Rodriguez)၊ တိုင်ရီဆဲ ဂီဘ်ဆန် (Tyrese Gibson)၊ လူဒါခရစ် (ludacris) နဲ့ ဆောင်ကန် (Sung Kang) တို့လည်း ပြန်ပါဝင်လာမှာဖြစ်ပါတယ်။ Fast and Furious 8 မှာ စတင်ပါဝင်ခဲ့တဲ့ ချားလိဇ်သီရွန် (Charlize Theron)ကလည်း ပါဝင်လာဖို့ မျှော်လင့်ရပါတယ်။ Fast and Furious 9 မှာ စပြီး ပါဝင်ခဲ့တဲ့ နာမည်ကျော်နဗန်းသမား ဂျွန် စီနာ (John Cena) လည်း ဒီကားမှာ ပြန်ပါဝင်မှာဖြစ်ပါတယ်။

ပရိသတ်တွေက The Rock ကို ဇာတ်ကားမှာ ပြန်ပါဝင်လာမှာကိုတော့ မြင်တွေ့ရမှာမဟုတ်ပါဘူး။ ဗင်ဒီဇယ်က The Rock ကို Fast and Furious မှာ ပြန်ပါဝင်ပေးဖို့ လူသိရှင်ကြား ကမ်းလှမ်းတောင်းဆိုခဲ့ပေမဲ့ ပြန်ပါဝင်မှာမဟုတ်ဘူးဆိုတာကို The Rock က တရားဝင်ပြောကြားခဲ့ပြီးသားဖြစ်ပါတယ်။ လက်တလောမှာတော့ Fast and Furious 10 ရုပ်ရှင်ကားကို ၂၀၂၃ခုနှစ် မေလ ၁၉ ရက်နေ့ ထွက်ရှိဖို့ စီစဉ်ထားပါတယ်။

Ref: AsiaOne “Jason Momoa speeds into Fast and Furious 10 as villain”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top