အိုလံပစ်မီးရှူးတိုင်ကို မဟာတံတိုင်းထိပ် သယ်ဆောင်လာခဲ့တဲ့ ဂျက်ကီချမ်း

30.1.2021yyl41.jpg

ဒီနေ့ ကြာသပတေးနေ့မှာ တရုတ်အိုလံပစ်မီးရှူးတိုင်လက်ဆင့်ကမ်းတဲ့ဒုတိယမြောက်နေ့ကို မဟာတံတိုင်းမှာ ဟောင်ကောင်အက်ရှင်မင်းသားကြီး ဂျက်ကီချမ်း၊ တရုတ်အိုလံပစ်ဆုရှင်တွေနဲ့ စတင်ခဲ့ပါတယ်။ ကိုဗစ်-၁၉ ကြောင့် အိုလံပစ်မီးရှူးတိုင်လက်ဆင့်ကမ်းသယ်ဆောင်တာကို ရက်တို (၃) ရက်တာပြုလုပ်ခဲ့ရပါတယ်။ ဖေဖော်ဝါရီ ၄ ရက်မှ ၂၀ ရက်အထိ ကျင်းပမယ့် ဆောင်းရာသီ အားကစားပြိုင်ပွဲကို ဖွင့်လှစ်မယ့် မီးရှူးတိုင် လက်ဆင့်ကမ်းမှုက ပေကျင်းရဲ့၂၀၀၈ခုနှစ် နွေရာသီအားကစားပြိုင်ပွဲထက် များစွာကွာခြားပါတယ်။

စားပွဲတင်တင်းနစ်ပြိုင်ပွဲ ရွှေတံဆိပ်ဆုရှင် မာလုံ (Ma Long) နဲ့ တိုက်ကွမ်ဒိုမှာ နှစ်ကြိမ်တိုင်တိုင် ရွှေတံဆိပ်ရရှိခဲ့သူ ဝူ ကျင်းယီ (Wu Jingyu) တို့ကလည်း ကြာသပတေးနေ့ အပူချိန် ၁၁ ဆဲလ်စီးယပ်စ် အောက် (၁၂ ဖာရင်ဟိုက်) ဖြစ်နေတဲ့ နံနက်ခင်းမှာ မဟာတံတိုင်းကြီးရဲ့ Badaling Sectionတစ်လျှောက် အနီရောင်နှင့် ငွေရောင် ခရုပတ်မီးရှူးတိုင်ကို သယ်ဆောင်လာခဲ့ကြတဲ့ သူတွေထဲမှာ ပါဝင်ခဲ့ကြပါတယ်။ မင်းသားကြီးဂျက်ကီချမ်း မီးရှူးတိုင်သယ်ဆောင်တာကိုလည်း သူ့ရဲ့တရုတ်နာမည် Chen Gangsheng နဲ့ တရားဝင်သတင်းထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

“မနက် 4 နာရီမှာ ကျွန်တော်နိုးတယ်။ ဒါက ကျွန်တော့်ရဲ့ စတုတ္ထမြောက် အိုလံပစ်ပြိုင်ပွဲပါ။ အရမ်းပျော်တယ်။ ကျွန်တော်လည်း အရမ်းအေးတယ်” လို့ မဟာတံတိုင်းတစ်လျှောက် လိုက်လာခဲ့တဲ့ သတင်းထောက်တွေကို ဂျက်ကီချမ်းက ပြောခဲ့ပါတယ်။ ကမ္ဘာလှည့်ခရီးသွားတွေ အများဆုံး လာရောက်လည်ပတ်လေ့ရှိသော တံတိုင်းရဲ့ Badaling Section က အိုလံပစ်လျှောစီးကွင်းနဲ့ အယ်လ်ပင်စကိတ်ကွင်းတွေရဲ့အနီး Yanqing ခရိုင်ပေကျင်းမြို့လယ်ရဲ့ အနောက်မြောက်ဘက် 70 ကီလိုမီတာ (45 မိုင်) အကွာမှာရှိပါတယ်။

ကြာသပတေးနေ့ညနေပိုင်းလောက်မှာ အိုလံပစ်ဆီးနှင်းပွဲအများစုကျင်းပမယ့် Zhangjiakou ဆီ မီးရှူးတိုင်ကို ယူဆောင်သွားမှာဖြစ်ပါတယ်။ မီးရှူးတိုင်လက်ဆင့်ကမ်းတာကို သောကြာနေ့ဖွင့်ပွဲအခမ်းအနားမှာ Olympic Cauldron ရဲ့မီးထွန်းညှိမှုနဲ့ အဆုံးသတ်မှာဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အားကစားပြိုင်ပွဲတွေကို ပြိုင်ဖက်တွေနဲ့ အခြားအိုလံပစ် အားကစားသမားတွေကို ပြည်သူလူထုနဲ့ ဝေးဝေးမှာ ထားပြီး အပိတ်ကွင်းအတွင်း ကျင်းပနေပြီး ရွေးချယ်ထားတဲ့ ပရိသတ်အနည်းငယ်သာ တက်ရောက်ရမှာဖြစ်ပါတယ်။

Ref: Reuters “Actor Jackie Chan carries Olympic torch atop Great Wall”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top