တစ်ရက်ကို ကြက်ဥ ဘယ်လောက်စားလို့ရလဲ

boiled-egg-diet-does-it-really-work-722x406-1.jpg

ကြက်ဥဟာ အစားအစာတွေထဲမှာ အာဟာရဓာတ်အကြွယ်ဝဆုံးဖြစ်ပါတယ်။ ကြက်ဥတစ်လုံးမှာ ခန္ဓာကိုယ်က လိုအပ်တဲ့အာဟာရဓာတ်အားလုံးပါဝင်ပါတယ်။ ပရိုတင်းဓာတ်၊ ဗီတာမင် B12၊ ဗီတာမင် D နဲ့ အခြားအန်တီအောက်စီဒန့်များစွာ ပါဝင်တဲ့အတွက် ကျန်းမာရေးနဲ့ညီညွှတ်တဲ့အပြင် နာတာရှည်ရောဂါတွေကို ကာကွယ်ပေးပါတယ်။ ဒါပေမဲ့ တစ်နေ့ကို ကြက်ဥ၊ ဘဲဥ အများကြီးစားသုံးမယ်ဆိုရင်တော့ အနှစ်မှာ ပါဝင်တဲ့ ကိုလက်စထရောမြင့်မားမှုကြောင့် ကျန်းမာရေးအတွက် ကောင်းတယ်လို့ ယူဆလို့မရပါဘူး။ ဒါ့အပြင် ကြက်ဥအစားများတာကလည်း အစာအိမ်ပြဿနာတွေနဲ့ဆက်စပ်မှုရှိပါတယ်။ ဒါကြောင့် တစ်နေ့ကို ကြက်ဥ ဘယ်လောက်စားပေးနိုင်သလဲဆိုတာကို ဒီဆောင်းပါးမှာ ပြောပြပေးလိုက်ရပါတယ်။

တစ်နေ့ကို ကြက်ဥ ဘယ်လောက်စားပေးရင် အန္တရာယ်ကင်းလဲလို့ မေးရင်း အဲဒီအတွက် အဖြေတိတိကျကျမရှိပါဘူး။ လူတစ်ယောက်နဲ့တစ်ယောက် သူတို့ရဲ့ကျန်းမာရေးပေါ်မူတည်ပြီး ကွဲပြားပါတယ်။ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ လေ့လာချက်အရတော့ ကျန်းမာသန်စွမ်းတဲ့သာမန်လူတစ်ယောက်က တစ်ပတ်ကို ကြက်ဥ (၇) လုံးအထက် စားသုံးလို့ရတယ်။ တစ်နေ့ကို ကြက်ဥ (၃) လုံး စားပေးနိုင်တယ်လို့ ဆိုထားပါတယ်။

ကြက်ဥအများကြီးစားသုံးခြင်းရဲ့ဘေးထွက်ဆိုးကျိုး

ကြက်ဥက ကျန်းမာရေးနဲ့ညီညွှတ်ပြီး အာဟာရဓာတ်ကြွယ်ဝပေမယ့် သင် စားချင်သလိုစားလို့ရနိုင်တယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ကျန်းမာစွာ အသက်ရှည်နေနိုင်ဖို့အတွက် တစ်နေ့တာ အစားအစာမှာ ဘယ်လိုအစားအစာမျိုးဖြစ်ဖြစ် ပါဝင်ဖို့က အရေးကြီးပါတယ်။ ဘယ်လိုအစားအစာဖြစ်ဖြစ် အလွန်အကျွံစားသုံးမိရင် ကျန်းမာရေးအတွက် ဘေးဖြစ်သွားစေနိုင်ပါတယ်။ နွေရာသီမှာ တစ်နေ့ကို ကြက်ဥအများကြီးစားသုံးတာက ခန္ဓာကိုယ်အတွင်း အပူများစေပြီး မစင်စွန့်တဲ့အခါ ပြဿနာဖြစ်လာစေနိုင်ပါတယ်။ ဒါ့အပြင် အထူးသဖြင့် ကလေးငယ်တွေမှာ ဝမ်းလျှောတာဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ချင့်ချိန်ပြီး စားသုံးဖို့ လိုပါတယ်။

အခုအချိန်ထိ လူတစ်ယောက်က တစ်နေ့ကို ကြက်ဥအရေအတွက်အများဆုံး ဘယ်လောက်စားပေးနိုင်လဲဆိုတာကို လေ့လာတွေ့ရှိခြင်းမရှိသေးပါဘူး။ ကြက်ဥတစ်ခုတည်းတင်မဟုတ်ပါဘူး။ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ ဘယ်လိုအစားအစာဖြစ်ဖြစ် အလွန်အကျွံမစားသုံးဘဲ ချင့်ချိန်စားဖို့ အကြံပြုထားကြပါတယ်။

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top