Category: International

မီးသတ်သမား ၂၅ယောက်အတွက် ညစာဖိုးရှင်းပေးခဲ့တဲ့စေတနာရှင်အမျိုးသမီး

ဇူလိုင်လ ၈ ရက်နေ့က အမေရိကန်နိုင်ငံအနောက်ပိုင်း ကယ်လီဖိုးနီးယားပြည်နယ်(California) ကိုလ်တန် မြို့ (Colton) မှ မီးသတ်သမားများဟာ တောမီးလောင်ခဲ့တဲ့အတွက် တစ်နေကုန်ကြိုးစားပမ်းစားငြိမ်းသတ်ခဲ့ရပါတယ်။ ဒီလို ပင်ပင်ပန်းပန်း မီးငြိမ်းသတ်ခဲ့ရတဲ့ မီးသတ်သမား ၂၅ ယောက် ကို အမည်မဖော်လိုသူ စေတနာရှင်အမျိုးသမီးက စားသောက်ဆိုင်တစ်ဆိုင်မှာ အစားအသောက်ဖိုးအတွက် ဒေါ်လာ ၃၅၅ (မြန်မာငွေ ၅သိန်းနီးပါး)၊ နဲ့ အပိုငွေဒေါ်လာ ၅၀ အပြင် နောက်ထပ်ရောက်ရှိလာတဲ့ မီးသတ်သမားများအတွက် ဒေါ်လာ ၁၀၀၊ စုစုပေါင်း ၅၀၅ ဒေါ်လာတန် ချက်လက်မှတ်ကို မီးသတ်သမားအတွက် ရှင်းပေးခဲ့ပါတယ်။

Category: International

လူဇင်ဘာဂ် နိုင်ငံရဲ့ ၂ ဆမျှကျယ်ဝန်းတဲ့ ရေခဲပြင်ကြီး အန္တာတိတ်ကျွန်းဆွယ်မှပဲ့ထွက်ခဲ့

ဥရောပနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ လူဇင်ဘာဂ်နိုင်ငံ(Luxembourg )ရဲ့ အကျယ်အဝန်း ၂ ဆမျှရှိပြီး၊ ဧရိယာ ၅၈၀၀ စတုရန်းကီလိုမီတာရှိတဲ့ ရေခဲပြင်ကြီးဟာ အန္တာတိတ်ကျွန်းစွယ်ရဲ့ အရှေ့ပိုင်းမှာရှိတဲ့  လာဆင် စီ (Larsen C ) ရေခဲတောင်ကြီးမှ ပဲ့ထွက်သွားခဲ့ပါတယ်။

Category: International

ကြွက်ကောင်ရေများလာမှုကို ထိန်းချုပ်ရန်အတွက် ဒေါ်လာ ၃၂ သန်းအသုံးပြုမည့် နယူးယောက်မြို့

နယူးယောက်မြို့ အုပ်ချုပ်ရေးအဖွဲ့ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့၊ ၁၂ ရက်နေ့က ကြွက်ကောင်ရေများလာမှုအတွက် တားဆီးရေးအစီအစဉ်များကို ဒေါ်လာ ၃၂ သန်းခန့်  အသုံးပြုပြီး ဖော်ဆောင်မယ်လို့ ကြေညာခဲ့ပါတယ်။ နယူးယောက်မြို့တော်ဝန် ဘီလ်ဒီဘလာစီရို (Bill de Blasio) ကတော့ ဒီအစီအစဉ်ကို  မင်ဟက်တန်အရှေ့ပိုင်း (East Side in Manhattan)၊ ဘရွတ်ကလင်း(Brooklyn) နဲ့ ချိုင်းနားတောင်း (Chinatown)ဒေသတွေမှာ အဓိက ထားပြီးပြုလုပ်သွားမှာ ဖြစ်တယ် လို့ဆိုပါတယ်။

Category: International

လေယာဉ်အင်ဂျင် လေဟပ်လို့ လူတစ်ဦး သေဆုံး

ကာရေဘီယံဒေသက စင့်မာတင်(Sint Maarten)ကျွန်းနိုင်ငံမှာ အားပြင်းတဲ့ လေယာဉ်အင်ဂျင် လေဟပ်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။

ဟော်လန်ဘုရင်ရဲ့ အာဏာစက်သက်ရောက်တဲ့ စင့်မာတင်ကျွန်းနိုင်ငံမှာ သဲသောင်ပြင်ပေါ်ကနေ လေယာဉ်တွေ ခပ်နိမ့်နိမ့် ပျံသန်းသွားလေ့ရှိပြီး အဲဒီအတွေ့အကြုံကို ခံစားဖို့ ကမ္ဘာလှည့် ခရီးသည် တော်တော်များများ စင့်မာတင်ကျွန်းကို လာရောက်လေ့ရှိပါတယ်။



မာဟိုကမ်းခြေနဲ့ သိပ်မဝေးတဲ့ မင်းသမီးဂျူလီယာနာအပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ မတော်တဆမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး လေဆိပ်စည်းရိုးကို ဖက်တွယ်ထားတဲ့ အသက် ၅၇ နှစ်အရွယ် အမျိုးသမီးဟာ ဘိုးအင်း ၇၃၇ လေယာဉ် အင်ဂျင်လေဟပ်လို့ မြေပေါ်ကို နောက်ပြန်လဲကျသွားခဲ့ပါတယ်။



ဒီအမျိုးသမီးဟာ နောက်ပြန်လဲကျသွားချိန်မှာ နောက်စေ့နဲ့ ကွန်ကရစ်ဆောင့်မိခဲ့တဲ့အတွက် ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့ပြီး ဆေးရုံမှာ ကွယ်လွန်သွားခဲ့တာပါ။ မတော်တဆ ဖြစ်ပွားခဲ့တဲ့ နေရာတစ်ဝိုက်မှာ အန္တရာယ်များတဲ့ လေဟပ်မှုတွေ ဖြစ်နိုင်လို့ ခြံစည်းရိုးအနား မကပ်ကြဖို့ သတိပေးဆိုင်းဘုတ်တွေ ထင်ထင်ရှားရှား ချိတ်ဆွဲထားတယ်လို့
ရဲတပ်ဖွဲ့က ပြောပါတယ်။


၂၀၁၂ ခုနှစ်က လေယာဉ်အင်ဂျင် လေဟပ်မှုဖြစ်ပွားခဲ့သည့်ဓာတ်ပုံ

Ref : BBC News : Sint Maarten jet engine blast kills New Zealand woman

Category: International

ဆာလောင်နေသူများယူစားနိုင်ရန် အစားအစာဗီရိုဆောက်လုပ်ပြီး လှူဒါန်းနေသူ

တစ်ချို့သောလမ်းတွေမှာ လူတိုင်းလွတ်လပ်စွာ ငှားရမ်းဖတ်ရှုနိုင်တဲ့ စာကြည်တိုက်စင်လေးတွေကိုတော့ လူတော်တော်များများ တွေ့ဖူးကြမှာပါ။ ဒါပေမဲ့  အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် ရှိ ဝါးတားတောင်းမြို့မှာ နေထိုင်သူ ရိုမန်အက်စ်ပင်နိုဇာ (Roman Espinoza) ကတော့ တမူထူးခြားစွာ “ကျေးဇူးတော်  မုန့်ဗီရို” လို့ သူအမည်ပေးထားတဲ့ စားစရာများ ထား ထားတဲ့ဗီရိုတစ်ခုကို ဆောက်လုပ်ကာ မရှိဆင်းရဲသားများ စားသုံးရန်  လှူဒါန်းနေသူတစ်ယောက်ဖြစ်ပါတယ်။ ဒီအစားအစာ ဗီရိုလေးကို အက်စ်ပင်နိုဇာဟာ လှူဒါန်းလိုသူတွေထံမှ အလှူငွေကောက်ယူပြီး မုန့်နဲ့စားစရာများ ဖြည့်တင်း  ပေးထားတာဖြစ်ပါတယ်။

Category: International

အစားအစာရဲ့ အနံ့ကို ရှုကြည့်တာဟာ လူကို ကိုယ်အလေးချိန်တိုးလာစေနိုင်သလား

UC Berkeley က သုတေသနပညာရှင်တွေက အရမ်းထူးဆန်းတဲ့ စမ်းသပ်ချက်တစ်ခုကို ပြုလုပ်ခဲ့ပါပြီ။ ဒါကတော့ အစားစားခါနီး အစားအစာကို အနံ့ရှူကြည့်တာက ကိုယ်အလေးချိန်ကို တိုးစေပါသတဲ့။

Category: International

ခဏတာစိတ်ဆိုးမှုရဲ့ နောက်ဆက်တွဲ ကြေကွဲဆို့နင့်ဖွယ် အဖြစ်ဆိုး

အင်္ဂလန်နိုင်ငံ ဆိုမားဆက်မှာ နေထိုင်တဲ့ အသက် ၃၃ နှစ် အရွယ် အက်ရှလေ မာရေး (Ashley Murrey)  ဆိုတဲ့  အမျိုးသမီးဟာ သူမရဲ့ ခင်ပွန်းဖြစ်တဲ့ အသက် ၃၆နှစ်အရွယ် မစ်ကီ (Mickey) ကို စိတ်တိုပြီး ဆိုဖာပေါ်မှာ အိပ်ဖို့ နှင်ထုတ်ခဲ့ပါတယ်။

Category: International

ကိုယ်လက်သေနေတဲ့သားဖြစ်သူ MBA တက်နေတာကို ကူညီရင်း ဘွဲ့ရသွားခဲ့တဲ့မိခင်

အမေရိကန်နိုင်ငံ အနောက်ပိုင်း ကယ်လီဖိုးနီးယားပြည်နယ် (California) မှာ MBA (Master of Business Administration) တက်နေတဲ့ ကိုယ်လက်သေဒုက္ခိတသားဖြစ်သူကို ကူညီစောင့်ရှောက်ရင်း အတန်းတိုင်းလိုက်တက်ပေးခဲ့တဲ့ မိခင်ဖြစ်သူ ဂျူဒီအိုကော်နာ (Judy O’Connor) ဟာသားဖြစ်သူ ဘွဲ့ယူခဲ့တဲ့အချိန်မှာပဲ  သူမလည်း ဘွဲ့တစ်ခုကိုရခဲ့ပါတယ်။

Category: International

ဘီလ်ဂိတ်ဖောင်ဒေးရှင်းသို့ ဒေါ်လာ ၃.၁၇ ဘီလီယံ လှူဒါန်းခဲ့တဲ့ ဝါရင်ဘတ်ဖတ်

ပြီးခဲ့တဲ့ တနင်္လာနေ့၊ ဇူလိုင်လ ၁၀ ရက်နေ့မှာ Berkshire Hathaway Inc stock ပိုင်ရှင် ဝါရင် ဘတ်ဖတ် (Warren Buffett) ဟာ သူ့ရဲ့  ငွေကြေးအမြောက်အများကို ဆယ်စုနှစ်တစ်ခု အတွင်းမှာ အများဆုံး လှူဒါန်းမှုတစ်ရပ်အဖြစ် ဒေါ်လာ ၃.၁၇ ဘီလီယံကို ဘီလ်နဲ့ မယ်လင်ဒါဂိတ်ဖောင်ဒေးရှင်းသို့ လှူဒါန်းခဲ့ပါတယ်။ (3.7 ဘီလီယံ = 3700,000,000)

Category: International

ကမ္ဘာ့ပေါ်မှာ လူပေါင်း ၅၀၀ ခန့်သာကိုင်ဆောင်ခွင့်ရှိတဲ့ အလွန်ရှားပါးသော ပတ်စ်ပို့

ကမ္ဘာပေါ်က ပတ်စ်ပို့တစ်ချို့ဟာ တခြားသော ပတ်စ်ပို့တွေထက် ဩဇာကြီးမားတယ်ဆိုတာ လူတော်တော်များများသိကြမှာပါ။ ဥပမာ အနေနဲ့ပြောရရင် ကမ္ဘာပေါ်မှာ ဩဇာအကြီးမားဆုံး ပတ်စ်ပို့တစ်ခုဖြစ်တဲ့ ဂျာမနီပတ်စ်ပို့ကိုင်ဆောင်ထားသူဟာ နိုင်ငံပေါင်း ၁၇၇ နိုင်ငံကို ဗီဇာမလိုဘဲ  အလည်အပတ်သွားရောက်နိုင်ပါတယ်။ ပတ်စ်ပို့တစ်ခုကို ကိုင်ဆောင်ထားရုံနဲ့ နိုင်ငံပေါင်းများစွာကို အလည်အပတ်သွားနိုင်တာဟာ တော်တော်ကောင်းမွန်ပေမဲ့  ကမ္ဘာ့အရှားဆုံး ပတ်စ်ပို့ကို ကိုင်ဆောင်ရတာက ပိုပြီးထူးခြားပါတယ်။

Category: International

အသက်တစ်ချောင်း ကယ်နိုင်ဖို့ ခြေထောက်တစ်ချောင်း စတေးခံခဲ့သူ

ရထားလမ်း ဖြတ်ကူးနေတဲ့ အမျိုးသမီးကြီး တစ်ဦးကို အသက်ကယ်တင်ပေးရာကနေ ရထားဂတ်ဗိုလ်(conductor)တစ်ဦး ခြေထောက်တစ်ဖက် ပြတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့(ဇူလိုင် ၆ရက်)နေ့က တရုတ်နိုင်ငံ စီချွမ်ပြည်နယ်မှာ အခုလို ဖြစ်ပွားခဲ့ပြီး အကြားအာရုံ ချို့တဲ့နေတဲ့ အသက် ၆၅ နှစ်အရွယ် အမျိုးသမီးကြီးရဲ့ အသက်ကို ကယ်တင်နိုင်ပေးခဲ့တဲ့ ရွှီချန်ခိုင်(Xu Qiankai) ကို လူတွေက သူရဲကောင်းအဖြစ် ချီးကျူးနေကြပါတယ်။

Category: International

တစ်နေ့တည်း သစ်ပင် ၆၆ သန်းစိုက်ပျိုးကာ ကမ္ဘာ့စံချိန်တင်ခဲ့တဲ့ အိန္ဒိယနိုင်ငံ

အိန္ဒိယနိုင်ငံအလယ်ပိုင်း မက်ဟာပရာဒက်ရှ်ပြည်နယ် (Madhya Pradesh) ရှိ နာမဒါ  မြစ်ကမ်းပါးတစ်လျှောက်မှာ ဇူလိုင်လ ၂ ရက်နေ့က လူပေါင်း တစ်သန်းခွဲခန့်ဟာ ၁၂ နာရီခန့်ကြာအောင် အပင်ပေါင်း ၆၆ သန်းကို စိုက်ပျိုးခဲ့ပြီး  ကမ္ဘာ့သစ်ပင်အများဆုံးစိုက်ပျိုးမှုအဖြစ် စံချိန်တင်သွားခဲ့ပါတယ်။

Category: International

၂၀၄၀ခုနှစ်မှာ ဓာတ်ငွေ့နဲ့လောင်စာဆီသုံးကားရောင်းချခြင်းများကို ရပ်တန့်မဲ့ပြင်သစ်နိုင်ငံ

ပြင်သစ်နိုင်ငံ ဟာ လောင်စာဆီသုံးမော်တော်ကားများ အသုံးပြုခြင်းကိုရပ်တန့်ဖို့ ကြိုးစားနေတဲ့ နိုင်ငံများ အဖွဲ့အစည်းထဲကိုပါဝင်လာပြီး ၂၀၄၀  ခုနှစ်မှာ လောင်စာဆီသုံး မော်တော်ကား ရောင်းချခြင်းများကို လုံးဝရပ်တံ့မယ်လို့ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက် ကြာသာပတေးနေ့မှာ  ပြောကြားခဲ့ပါတယ်။ ကားအဓိက ထုတ်လုပ်တဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တဲ့ ပြစ်သစ်နိုင်ငံရဲ့ အခုလိုပြောဆိုမှုကြောင့် အနာဂတ်မှာ  ရာသီဥတုပြောင်းလဲလာခြင်း ပြဿနာအတွက် အဖြေတစ်ခုဖြစ်လာနိုင်ပြီး လျှပ်စစ်ကားများ သုံးစွဲမှုလည်း  မြင့်တက်လာမှာဖြစ်ပါတယ်။ ဒီကြေညာချက်ကို ပြစ်သစ်နိုင်ငံ ရာသီဥတုနဲ့ ပါတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဖြစ်သူ နီကိုလပ်စ်ဟူလော့  (Nicolas Hulot) က ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဥရောပနိုင်ငံခေါင်းဆောင်များရဲ့ ရာသီဥတုပတ်ဝန်းကျင်ဆိုင်ရာ လုပ်ငန်းစဉ်  ဆောင်ရွက်ချက်တစ်ခုအနေနဲ့ ကြေညာခဲ့ပါတယ်။

Category: International

မြန်မာနိုင်ငံမှ နှစ်သန်းပေါင်း ၁၀၀ ခန့်ရှိတဲ့ ပယင်းကျောက်ထဲက ငှက်ကျောက်ဖြစ်ရုပ်ကြွင်း

နှစ်သန်းပေါင်း တစ်ရာခန့်သက်တမ်းရှိတဲ့ ပယင်းကျောက်ထဲက ငှက်ကျောက်ဖြစ်ရုပ်ကြွင်းကို မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် ဟူးကောင်း ချိုင့်ဝှမ်းရှိ မိုင်းတွင်းတစ်တွင်းမှာ တွေ့ရှိခဲ့တာဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ တရုတ်ပြတိုက်တစ်ခုသို့ ရောက်ရှိခဲ့ပါတယ်။