ချင်ပန်ဇီ (Chimpanzee) တွေရဲ့ ဘာသာရေးယုံကြည်မှုဆန်ဆန် ထူးဆန်းတဲ့အပြုအမူ

42982707_1390644681067274_7357980749934362624_n.jpg

ချင်ပန်ဇီတွေက ဘာသာရေးယုံကြည်မှုဆန်တဲ့ ထူးထူးဆန်းဆန်းအပြုအမူတွေ ပြုမူနေတာကို လေ့လာတွေ့ရှိမှုတစ်ခုအရ သိခဲ့ရပါတယ်။ အာဖရိကအနောက်ပိုင်းက ချင်ပန်ဇီတွေဟာ ကျောက်တုံးတွေကို သစ်ပင်တွေဆီကို ပစ်ပေါက်လိုက်၊ အမြစ်တွေကြားဆီကို ပစ်ပေါက်လိုက်လုပ်နေပြီး အဲဒီနောက်မှာတော့ ကျောက်တုံးတွေကို အစုအပုံလိုက်ဖြစ်အောင် ဖန်တီးနေတာပါ။

ဒီကျောက်တုံးပုံစံတွေဟာ ဖြစ်သလိုကြုံရာ ပုံတာ မဟုတ်ပဲ အစောပိုင်း ခေတ်တွေက ကိုးကွယ်ယုံကြည်မှုပုံစံတွေနဲ့ ခပ်ဆင်ဆင်တူနေတာကို တွေ့ရမှာပါ။

ဒါဟာ လေ့လာသူတွေကို လူသားတွေရဲ့ အစောပိုင်း ကိုးကွယ်ယုံကြည်မှုတွေ အကြောင်း လေ့လာစေနိုင်မှာဖြစ်ပြီး လူသားတွေရဲ့ ယုံကြည်မှုတွေနဲ့လည်း တူညီနေတာကို တွေ့ရပါတယ်။ ဒီချင်ပန်ဇီတွေဟာ ကျောက်တုံးပုံတွေရဲ့ ရှေ့မှာ စုဝေးကြပြီး ဒါဟာ ခေတ်ဦးလူတွေရဲ့ ဘာသာရေးဆန်တဲ့ကိုးကွယ်မှုပုံစံပဲ ဖြစ်ပါတယ်။ ချင်ပန်ဇီတွေနဲ့ အခြား မျောက်လွှဲကျော်တွေဟာ ကျောက်တုံးတွေနဲ့ အခြားပစ္စည်း တွေကို လက်နက်အနေနဲ့သုံးတာ၊ အခွံမာအသီးတွေ ခွဲရာမှာ သုံးရမယ်ဆိုတာ သိကြပါတယ်။ အခုလို ယုံကြည်ကိုးကွယ်မှုဆန်ဆန် ပြုမူကြတာကိုတော့ အခုမှသာ မြင်ဖူးကြတာပါ။

အခုလို ဝတ်ပြုမှု အခမ်းအနားပုံစံနဲ့ ပြုမူတာတွေရယ်၊ သမိုင်းမှာ လူတွေသုံးခဲ့တဲ့ အသုံးအဆောင်ပစ္စည်းတွေလိုမျိုး အသုံးပြုတတ်တာတွေရယ်က အခုအချိန်မှာ သူတို့အတွက် နည်းနည်း ရှုပ်ထွေးနေနိုင်ပေမဲ့ လူသားတွေဖြတ်သန်းခဲ့သလို ပိုမို အဆင့်မြင့်တဲ့ ကိုးကွယ်မှုပုံစံတွေ၊ အသုံးအဆောင် ပစ္စည်းတွေ ဖြစ်လာနိုင်ပါတယ်။ ရှေးဦးလူသားတွေအတွက်ကတော့ ကျောက်တုံးပုံတွေကို ဈာပနအခမ်းအနားတွေမှာသာ သုံးလေ့ရှိတာဖြစ်ပြီး ဒါဟာ တော်တော်လေး ရှေးကျတဲ့ ယုံကြည်မှုဆိုင်ရာအပြုအမူဖြစ်ပြီး ချင်ပန်ဇီတွေဟာ ဒီအပြုအမူမျိုးကို ပင်ကိုယ်အသိနဲ့ ပြုမူတာ ဖြစ်ဟန်တူပါတယ်။

သူတို့ရဲ့ အပြုအမူတွေဟာ လူသားတွေရဲ့ ကိုးကွယ်မှုဆိုင်ရာအသိတွေနဲ့ တိုက်ရိုက် ဆက်စပ်မှုရှိနေနိုင်ပါတယ်။ အဲဒီ အာဖရိကအနောက်ပိုင်းက ဒေသခံ တိုင်းရင်းသားတွေဟာ သူတို့ကြောက်လန့်တဲ့ အပင်တွေ (သို့) ( အခြား သူတို့ကြောက်လန့်တဲ့ မည်သည့်နေရာ ဖြစ်စေ) ရှေ့မှာ ကျောက်တုံးတွေကို လာပုံလေ့ရှိပါတယ်။ ”ဒါမျိုး တစ်ခါမှ မမြင်ဖူးပါဘူး၊ ကျွန်မကို ဆွံ့အသွားစေခဲ့ပါတယ်။ ဒီတွေ့ရှိမှုဟာ လူသားတွေရဲ့ ကိုးကွယ် ယုံကြည်ကြောက်လန့်မှုတွေအကြောင်း သိစေနိုင်မှာ ဖြစ်ပါတယ်။ ကျောက်တုံးတွေနဲ့ လမ်းကြောင်း အမှတ်အသားပြုတာတွေ၊ လမ်းဆုံလမ်းခွဲ မှတ်သားတာတွေဟာ လူသားတွေအတွက်တော့ အရေးကြီးတဲ့ တိုးတက်မှု အဆင့်တွေပါပဲ။ ချင်ပန်ဇီတွေဟာလည်း ကျောက်တုံးတွေကို သုံးပြီး ဒီအဆင့်တွေအထိ ရောက်လာမလားဆိုတာ ဆက်လေ့လာရမှာ ဖြစ်ပါတယ်” လို့ လေ့လာသူတွေထဲက တစ်ဦးဖြစ်တဲ့ ကီဟို (Kehoe) ကပြောပြခဲ့ပါတယ်။

Ref: Independent ”Scientists may have found evidence that chimps believe in god”
Zuluu (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top