ခဏခဏရေဆာသလိုခံစားရစေတဲ့ ကျန်းမာရေးအခြေအနေတွေ

28-6-2021-yyl-36.jpg

ပူအိုက်လွန်းလှတဲ့ နွေရာသီမှာမဟုတ်ဘဲ ခဏခဏရေဆာနေရင် ပုံမှန်မဟုတ်တော့ပါဘူး။ အပြင်မှာ နေခြစ်ခြစ်တောက်ပူတာကလည်း ကျွန်တော်တို့ကို ချွေးထွက်လာစေပြီး အဆက်မပြတ်ရေဓာတ်ဆုံးရှုံးမှုတွေဖြစ်လာစေပါတယ်။ အဲဒီအခါမျိုးမှာ ရေကို ခါတိုင်းထက် ရေပိုဆာပြီး ရေသောက်ပေးရပါတယ်။ အစပ်များတဲ့၊ အဆီများတဲ့အစားအစာတွေကလည်း ပုံမှန်ထက် ရေပိုဆာစေပါတယ်။ အဲဒီလိုအခြေအနေတွေကြောင့် မဟုတ်ဘဲ တစ်ချိန်လုံး ရေဆာနေမယ်ဆိုရင်တော့ အခြားကျန်းမာရေးအခြေအနေတွေရဲ့လက္ခဏာရပ်တစ်ခုဖြစ်နိုင်ပါတယ်။ ဘယ်လိုမျိုး ကျန်းမာရေးအခြေအနေတွေလည်းဆိုရင်

ဆီးချိုရောဂါ

သင့်ခန္ဓာကိုယ်က ဆဲလ်တွေက အင်ဆူလင်အထောက်အပံ့ဖြစ်လာတဲ့အခါမှာ သင့်ကျောက်ကပ်က သင့်သွေးထဲက သကြားဓာတ်တွေကို ဖယ်ရှားဖို့ ပိုပြီး အလုပ်လုပ်ရပါတယ်။ ဒါက ဆီးကနေစွန့်ထုတ်ဖို့အတွက် သင့်ခန္ဓာကိုယ်ကို ဆီးခဏခဏသွားစေပါတယ်။ဆီးခဏခဏသွားတဲ့အတွက် ရေဓာတ်ဆုံးရှုံးသွားစေပါတယ်။ အဲဒီရလဒ်ကြောင့် ခါတိုင်းထက်ပိုပြီး ရေသောက်ချင်စိတ်တွေဖြစ်နေတာပါ။ မကြာခဏဆီးသွားတာနဲ့ ရေခဏခဏဆာတာက ဆီးချိုရောဂါရဲ့ရှေ့ပြေးလက္ခဏာရပ် (၂) ခုဖြစ်ပါတယ်။

သွေးအားနည်းရောဂါ

သွေးအားနည်းရောဂါက ဟီမိုဂလိုဗင်လုပ်ဖို့အတွက် သင့်ခန္ဓာကိုယ်က သွေးနီဉအလုံအလောက်မရှိတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ Diet အားနည်းတာ၊ သွေးထွက်များတာတွေလို အကြောင်းအရင်းတွေကြောင့်ဖြစ်နိုင်ပါတယ်။ ရေဓာတ်ကုန်ခန်းတာကလည်း သွေးအားနည်းရောဂါရဲ့အဖြစ်များဆုံးလက္ခဏာပါပဲ။ ခါတိုင်းထက် ရေခဏခဏဆာတာဆိုရင် သွေးအားနည်းရောဂါကြောင့်ဖြစ်နိုင်ပါတယ်။ သွေးအားနည်းရောဂါပြင်းထန်တဲ့အခါ လက္ခဏာရပ်တွေက ပိုပြီးသိသားပါတယ်။ ဒီရောဂါအခြေအနေရဲ့အခြားလက္ခဏာရပ်တွေမှာ မူးဝေတာ၊ ပင်ပန်းနွမ်းလျတာ၊ ချွေးထွက်တာတို့လည်း ပါဝင်ပါတယ်။

သွေးအတွင်း ကယ်စီယမ်ဓာတ်များတဲ့ Hypercalcemia

Hypercalcemia ဆိုတာက ခန္ဓာကိုယ်က ကယ်စီယမ်ပမာဏက အန္တရာယ်များတဲ့ပမာဏထိ တိုးလာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ ကင်ဆာရောဂါ၊ တီဘီရောဂါတွေကြောင့်ဖြစ်နိုင်ပါတယ်။ ရေခဏခဏဆာသလိုခံစားရတာက Hypercalcemia ရဲ့ပထမဆုံးလက္ခဏာဖြစ်နိုင်ပါတယ်။ သွေးအတွင်း ကယ်စီယမ်ပမာဏများလွန်းတာက အရိုးတွေကို အားနည်းလာစေပြီး ဆီးကျောက်တည်တာတွေဖြစ်စေနိုင်ပါတယ်။

​အာခံတွင်းခြောက်တာ

တံတွေးဂလင်းတွေက တံတွေးလုံလုံလောက်လောက်ထုတ်မပေးတဲ့အခါမှာ ခဏခဏရေဆာသလိုခံစားစေပါတယ်။ ကင်ဆာရောဂါအတွက် ဆေးသောက်ရတာ၊ ကုသရတာ (သို့) ကွမ်းယာစားတာလို တစ်နေ့တာအလေ့အထတွေကြောင့် ဖြစ်လာနိုင်ပါတယ်။ အာခံတွင်းခြောက်သွေ့တာရဲ့အခြားလက္ခဏာရပ်တွေမှာ ခံတွင်းအနံ့အသက်မကောင်းတာ၊ အရသာပြောင်းတာ၊ ဝါးရတာအခက်အခဲဖြစ်တာတွေပါဝင်ပါတယ်။

ကိုယ်ဝန်ရှိတာ

ကိုယ်ဝန်ရှိတာရဲ့လက္ခဏာရပ်တော်တော်များများရှိပြီး ရေခဏခဏဆာတာကလည်း အဲဒါတွေထဲက တစ်ခုဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးခဏခဏသွားစေတဲ့အတွက် ရေဓာတ်ဆုံးရှုံးစေပါတယ်။ ခန္ဓာကိုယ်မှာ ရေဓာတ်ကုန်ခန်းတာက သင့်ကို ရေခဏခဏဆာစေပါတယ်။

Ref: Health condition that can make your feel thirsty
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top