အရက်ကြောင့် နှစ်စဉ် လူပေါင်း (၂.၈) သန်း သေဆုံးနေရကြောင်း လေ့လာချက်တွေက ဖော်ပြ

alcohol.aa8aeb4af6f3250aa670551d4e0737f9.jpg

အချက်အလက်တွေအရ အရက်သေစာ သောက်သုံးတဲ့ နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ ကင်ဆာနဲ့ နှလုံးရောဂါတွေအပြင် ယာဉ်တိုက်မှုတွေပါ ဖြစ်လာခဲ့ပြီး တစ်နှစ်ကို လူပေါင်း (၂.၈) သန်းလောက် သေဆုံးနေရတယ်လို့ သိရပါတယ်။

အရက်ကို ဆေးဖြစ်ဝါးဖြစ် နည်းနည်းလေးသောက်လို့ ကျန်းမာရေး ကောင်းလာတာလည်း ဘယ်မှာမှ မတွေ့ရသလို တစ်စက်မှ မသောက်လို့ ကျန်းမာရေး သိသိသာသာ တိုးတက်လာတာမျိုးကိုလည်း မတွေ့ရပါဘူးလို့ သုတေသနပြုသူတွေက ဆိုပါတယ်။ အရက်သေစာသောက်သုံးမှုကို လျှော့ချနိုင်ဖို့အတွက် အခွန်ကောက်ခံမှုနှုန်းကိုလည်း နိုင်ငံအာဏာပိုင်တွေက ၎င်းတို့ရဲ့ နိုင်ငံသားတွေအပေါ်  ပြင်ဆင်သင့်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

လေ့လာတွေ့ရှိချက်တစ်ခုမှာတော့ အရက်အနည်းငယ်လောက် သောက်သုံးပေးခြင်းဟာ နှလုံးရောဂါကို သက်သာလာစေဖို့ အထောက်အကူပြုတယ်ဆိုပေမဲ့ တခြားသော ကျန်းမာရေး ပြဿနာတွေကိုတော့ ပိုလို့ ဆိုးရွားလာစေနိုင်တယ်လို့ ဆိုထားပါတယ်။ သေဆုံးမှုတွေရဲ့ အဓိက တရားခံစာရင်းမှာ အယ်လ်ကိုဟောက နံပါတ်(၇) နေရာမှာတောင် ရပ်တည်နေတယ်လို့လည်း ပြောကြားထားပါသေးတယ်။

တစ်ကမ္ဘာလုံးကလူတွေရဲ့ (၃) ပုံ (၁) ပုံက အရက်သေစာကို နည်းအမျိုးမျိုးနဲ့ သောက်သုံးနေကြတယ်လို့ ဆိုပါတယ်။ အဲဒီထဲကမှ (၂၅) ရာခိုင်နှုန်းက အမျိုးသမီးတွေဖြစ်ပြီး (၃၉) ရာခိုင်နှုန်းကတော့ အမျိုးသားတွေ ဖြစ်ပါတယ်။

CDC ရဲ့ ပြောကြားချက်အရ နှစ်စဉ် အမေရိကန် လူမျိုး (၂,၀၀၀) ကျော်ဟာ အရက် အလွန်အကျွံ သောက်သုံးမှုကြောင့် သေဆုံးနေရပြီး အရွယ်ရောက်ပြီးတဲ့ အမေရိကန်လူမျိုး (၃.၈) သန်းလောက်ကတော့ တစ်ပတ်တစ်ခါလောက် ပုံမှန် အရက်သောက်တတ်ကြပြီး တစ်ခါသောက်ရင် (၈) ခွက်အောက်လောက်တော့ သောက်တတ်ကြတယ်လို့ ဆိုပါတယ်။

Ref: nbcnews “Alcohol is a global killer, study finds”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top