ရက်ပေါင်း (၂၀) ကျော်အတွင်း ရှမ်းမြောက်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးသူ (၅၀၀) ကျော်ရှိ

28-6-2021-yyl-43.jpg

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဇွန်လ (၁၂) ရက်မှ (၂၁) ရက်နေ့အထိ ရက်ပေါင်း (၂၀) ကျော်အတွင်း မြို့နယ် (၂) ခုမှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ (၅၀၀) ကျော်ရှိနေတယ်လို့ United Nations OCHA ဆီက သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက အိုးအိမ်စွန်ခွာထွက်ပြေးနေရသူ (၅၀၀) ကျော်မှာ ကျောက်မဲမြို့နယ်၊ စန့်ဟင်းနဲ့ ကန့်ကန်ရွာတွေက စစ်ဘေးရှောင်ပြည်သူ (၂၁၀) ဦး ဝန်းကျင်ဖြစ်ပြီး အတင်းအကြပ်စစ်မှုထမ်းခိုင်းမှာကို ကြောက်ရွံ့တဲ့ လူဦးရေ (၃၃၀) ဝန်းကျင်ကလည်း ကွမ်းလုံမြို့နယ်ကနေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလမှစတင်ကာ ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ် (၁၄) ခုက လူပေါင်း (၁၈,၃၅၀) ဝန်းကျင်က အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီး အဲ့ဒီထဲက လူဦးရေ (၃,၆၄၀) ခန့်ဟာ ယာယီစခန်းတွေမှာ နေထိုင်နေရကာ လူဦးရေ (၁၄,၇၀၀) ခန့်ကတော့ မူလနေရာကို ပြန်လည်ရောက်ရှိသွားပြီဖြစ်တယ်လို့ United Nations OCHA ဆီက သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော်နဲ့ မဟာမိတ်တပ်တွေဖြစ်တဲ့ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ သျှမ်းပြည်တိုးတက်ရေးပါတီတို့ကြား တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပါတယ်။

Photo- Internet
Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top