ခပ်စပ်စပ်လေး စားမှ ကောင်းတဲ့ သင်္ဘောသီးသုပ်

t4.jpg

သင်္ဘောသီးသုပ် ရယ်လို့ ပြောလိုက်တာနဲ့ ပါးစပ်က သွားရည်ကျလောက်တဲ့ အစားအစာများထဲမှ တစ်ခုဖြစ်ပါတယ်။

တစ်ယောက်နဲ့ တစ်ယောက် သုပ်တဲ့ပုံခြင်းတော့ တူမယ်မထင်ပါဘူး။ တစ်ချို့က ငပိနဲ့ အရည်တွေ ရွဲနေအောင် သုပ်ကြသလို တစ်ချို့ကတော့ အရည်မပါဘဲ ဆီချက်နဲ့ သုပ်ကြတာတွေလည်း ရှိပါတယ်။

သင်္ဘောသီးသုပ်လို့ ပြောလိုက်ရင် ငရုတ်သီးကလည်း စပ်နေမှ ကောင်းမှာဖြစ်ပါတယ်။ ငရုတ်သီး အစိမ်းကို ထည့်သုပ်ကြသလို အမှုန့်တွေကို ထည့်သုပ်သူလည်း ရှိကြပါတယ်။ သင်္ဘောသီး တစ်ခုတည်းနဲ့ မပြည့်စုံသည့် အတွက်ကြောင့် မြေပဲ၊ ပုဇွန်ခြောက် စတာတွေကို သင်္ဘောသီးသုပ်ရဲ့ အရသာကို ပိုမိုကောင်းမွန်အောင် ဖြည့်ဆည်းပေးရပါတယ်။

သရေစာ အဖြစ်စားကြသလို တစ်ချို့ကတော့ ထမင်းနဲ့တောင် တွဲစားကြပါတယ်။ ခဏခဏ စားဖူးပေမယ့်လည်း ဘယ်တော့မှာ မရိုးတဲ့ အသုပ်တစ်မျိုးဆိုလည်းမှားမယ်မထင်ပါဘူး။ ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်တွေမှာ သူငယ်ချင်းတွေနဲ့ စုပြီး သုပ်စားတဲ့ အသုပ်တစ်မျိုးလည်း ဖြစ်ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top