ပါးစပ်က ချစ်ကြောင်းထုတ်ပြောမပြတတ်တဲ့မိန်းကလေးရဲ့အချစ်ကို သိနိုင်တဲ့အချက်များ

yyl-033-8.jpg

“I love you” ဆိုတဲ့ စကားလုံးသုံးလုံးက ရိုးရှင်းတယ်လို့ထင်ရပေမဲ့ နက်နက်ရှိုင်းရှိုင်းချစ်တတ်တဲ့သူတွေအတွက် ချစ်မြတ်နိုးသူပြောလိုက်တဲ့ ဒီစကားလုံးတွေက တောက်ပတဲ့နေ့ရက်တွေ ဖန်ဆင်းပေးသလို စိတ်ညစ်နေရင်တောင် ပြုံးပျော်ရွှင်အောင်လုပ်ပေးနိုင်ပါတယ်။ တစ်စုံတစ်ယောက်ဆီက ဒီစကားလုံးတွေကြားရဖို့အတွက် အချိန်အကြာကြီးစောင့်ဆိုင်းခဲ့ရဖူးတယ်မလား။ တကယ်တော့ တချို့လူတွေက သူတို့ရဲ့စိတ်ခံစားချက်တွေကို ဖွင့်ထုတ်မပြတတ်ကြပါဘူးလို့ ကျွမ်းကျင်ပညာရှင်တွေက ဆိုပါတယ်။ အဲဒီလို ဖွင့်ထုတ်မပြလို့ သင့်ကို မချစ်ဘူးလို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ မိန်းကလေးတစ်ယောက်က “ချစ်တယ်” ဆိုတဲ့စကားလုံးကို ပါးစပ်က ဖွင့်မပြောပေမဲ့ သင့်ကို ချစ်တယ်ဆိုတာ အောက်မှာဖော်ပြပေးမယ့် အချက်တွေအရ သိနိုင်ပါတယ်။

သင့်လိုအပ်တာတွေကို ရှေ့တန်းတင်ပြီး စဉ်းစားပေးတယ်

သင့်ကောင်မလေးက ရိုဆန်တဲ့စာတွေရေးတတ်တဲ့၊ ချစ်တယ်ဆိုတဲ့စကားတွေကို တတွတ်တွတ်ထုတ်ပြောတတ်တဲ့သူဟုတ်ချင်မှဟုတ်မှာပါ။ ဒါပေမဲ့ သင် လိုအပ်တာတွေ၊ သင်ဖြစ်ချင်တာတွေ ဦးစားပေးတဲ့သူ၊ သင်အလုပ်ရှုပ်နေရင်တောင် အချိန်ညှိပေးတဲ့သူဆိုရင် ဒါက သူ့ရဲ့အချစ်တွေကို ထုတ်ပြတဲ့နည်းလမ်းတစ်ခုပါပဲ။

အနာဂတ်အကြောင်း မကြာခဏပြောတယ်

ကိုယ့်ချစ်တဲ့သူနဲ့ ရှေ့ဆက်ဘယ်လိုတွေလုပ်မယ်ဆိုပြီး အနာဂတ်ကို ကြိုတွေးဖြစ်ကြတယ်မလား။ သင့်ကောင်မလေးက သင့်နဲ့အတူရှိမယ့်အနာဂတ်အကြောင်းကို မကြာခဏပြောတယ်ဆိုရင် ဒါက သင့်ကို သူ့ရဲ့အချစ်တွေ ထုတ်ပြနေတာပါ။ ချစ်တယ်လို့ မကြာခဏမပြောပေမယ့်လည်း သင့်နဲ့အတူအိပ်မက်တွေ၊ အနာဂတ်တွေ မျှဝေရင်းနဲ့ အချစ်တွေကို ထုတ်ပြနေတာဖြစ်ပါတယ်။

မိသားစု၊ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးတယ်

တစ်စုံတစ်ယောက်က မိမိအပေါ်အရမ်းချစ်လို့၊သံယောဇဉ်ရှိလို့သာ မိသားစု၊ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးကြတာပါ။ သင့်ကောင်မလေးက သင့်ကို သူ့သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ မကြာခဏတွေ့ဆုံပေးတယ်ဆိုရင် ဒါကို ကောင်းတဲ့အချက်လို့သာ ယူဆထားလိုက်ပါ။

သူ့အကြောက်ဆုံးအရာ၊ လျှို့ဝှက်ချက်တွေကို သင့်ကို ထုတ်ပြောပြတယ်

ကျွန်တော်တို့ရဲ့ပျော်ရွှင်စရာအခိုက်အတန့်တွေကို သူငယ်ချင်းတွေနဲ့အတူ မျှဝေရတာလွယ်ကူပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့လျှို့ဝှက်ချက်တွေ၊ အကြောက်တရားတွေကို မျှဝေဖို့ တွန့်ဆုတ်ကြပါတယ်။ ကျွန်တော်တို့ချစ်တဲ့သူ၊ ယုံကြည်ရတဲ့သူနဲ့တော့ မျှဝေဖြစ်ကြမှာပါ။ သင်က သင့်ကောင်မလေးရဲ့လျှို့ဝှက်ချက်နဲ့ အကြောက်တရားတွေကို သိတယ်ဆိုရင် သင်ဟာ သူ့အတွက်အရေးပါတဲ့သူပါ။ သင့်ကို သူဘယ်လောက်ချစ်တယ်လို့ ပြောပြစရာတောင်မလိုတော့ပါဘူး။

သင့်အားနည်းချက်ကို ထောက်ပြတယ်

တစ်ခါတလေ သင့်ကောင်မလေးရဲ့ဝေဖန်တဲ့စကားတွေကို နားထောင်ရတာ စိတ်ညစ်တယ်မလား။ သင့်ကောင်မလေးက သင့်အားနည်းချက်ကို ထောက်ပြတတ်တဲ့သူ၊ သင့်ကို ကောင်းတဲ့လူတစ်ယောက်ဖြစ်အောင် တွန်းပို့နေတတ်သူလား။ သင်ကြားချင်တဲ့စကားကို ပြောပေးမယ့်လူတစ်ယောက်ရှာရတာလွယ်ပါတယ်။ ဒါပေမဲ့ သင့်အားနည်းချက်၊ ချွတ်ယွင်းချက်တွေကို ထောက်ပြပေးနေတဲ့သူက သင့်ကိုချစ်တဲ့သူပါပဲ။

Ref: 5 signs that say she loves you, even if she doesn’t say ‘I love you’ often

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top