ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၄) နှစ်မြောက်မွေးနေ့

Bogyoke-Birthday-Final-3-5.jpg

ဒီနေ့ (၂၀၁၉ ဖေဖော်ဝါရီ ၁၃ ရက်) ဟာ မြန်မာအမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ (၁၀၄) နှစ်မြောက်မွေးနေ့ပါ။ ဗိုလ်ချုပ်ဟာ လူ့ဘဝမှာ နေထိုင်သွားတဲ့အခိုက်အတန့်အတွင်း မှတ်ကျောက်များစွာ အတင်ခံနိုင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

ရိုးသားဖြောင့်မတ်တည်ကြည်မှု၊ ရဲရင့်မှု၊ ကိုယ်ကျင့်သီလကောင်းမွန်မှု၊ ရပ်တည်ချက်ခိုင်မာမှု၊ ဆုံးဖြတ်ချက်ပြတ်သားမှု၊ မှန်ကန်တဲ့ဦးဆောင်မှုကို ပေးနိုင်မှု၊ ကိုယ်ယုံကြည်ရာကို နောက်မတွန့်ဘဲ တစိုက်မတ်မတ်လုပ်ဆောင်တတ်မှု၊ တိုင်းပြည်နဲ့လူမျိုးအပေါ် စေတနာကြီးမားမှု၊ ကိုယ်ကျိုးစွန့်အနစ်နာခံစိတ်အပြည့်ရှိမှု၊ နိုင်ငံရေးကို နှံ့နှံ့စပ်စပ်လေ့လာပြီး လက်တွေ့ကျကျ အဖြေရှာနိုင်မှု၊ အနာဂတ်ကိုကြိုမြင်တတ်ပြီး အရှည်သဖြင့်တွေးခေါ်လမ်းပြပေးနိုင်မှု … စတဲ့ အရည်အချင်းပေါင်း မြောက်မြားစွာနဲ့ လူ့ဘဝမှာ ရှင်သန်နေထိုင်သွားခဲ့တဲ့ အများတကာလေးစားဖွယ်ရာ အာဂလူသားတစ်ဦးပဲဖြစ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top