စွန့်ပစ်ပစ္စည်းများ ပြန်လည်အသုံးပြုခြင်းပြပွဲကို ဝန်ကြီးများရုံးတွင် ပြသလျက်ရှိ

မြန်မာနိုင်ငံမှာ စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်ပြုပြင်အသုံးချတဲ့လှုပ်ရှားမှု ပိုမိုအားကောင်းလာစေဖို့ရည်ရွယ်တဲ့ အမှိုက်ကစ ရွှေဖြစ် “Pure Gold” ပြပွဲကို ရန်ကုန်မြို့သိမ်ဖြူလမ်းမပေါ်ရှိ ဝန်ကြီးများရုံးမှာ ပြသလျက်ရှိပါတယ်။

ဒီပြပွဲကို ဒီဇင်ဘာ ၁၅ ရက်ကနေ ဇန်နဝါရီလ ၆ ရက်နေ့အထိ မနက် ၁ဝနာခွဲမှ ညနေ ၄နာရီခွဲ အချိန်အတွင်း ပြသွားမှာဖြစ်ပြီး မည်သူမဆို ဝင်ကြေးအခမဲ့ လာရောက်ကြည့်ရှုနိုင်ပါတယ်။

ပြပွဲမှာ မြန်မာလက်မှုပညာရှင်တွေရဲ့ လက်ရာတွေအပြင် နိုင်ငံတကာက ဒီဇိုင်နာတွေဖန်တီးပြုလုပ်ထားတဲ့ အနုပညာလက်ရာပစ္စည်းတွေကို ပြသထားတာဖြစ်ပါတယ်။

ဒီပြပွဲကို chu chu၊ လှတယ်၊ rice စတဲ့ ပြည်တွင်း ပြည်ပ NGO အဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်ကြတာဖြစ်ပါတယ်။

ဒါ့အပြင် စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်ပြုပြင် ထုတ်လုပ်တဲ့ သရုပ်ဖော်ပြသမှုများ၊ အလုပ်ရုံဆွေးနွေးပွဲများနဲ့လာရောက်ကြည့်ရှုသူတွေပါဝင်ဆင်နွှဲနိုင်တဲ့ အနုပညာလက်ရာပြပွဲများလည်း ပါဝင်နေပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top