ပုံမှာ မြင်ရတာကတော့ ကားတစ်စီး မဟုတ်သလို ဆိုင်ကယ်လည်း မဟုတ်ပါဘူး။ လူ့စွမ်းအင်ကို အသုံးပြုပြီး မောင်းနှင်တဲ့ယာဉ်တွေထဲမှာ ကမ္ဘာ့အမြန်ဆုံးယာဉ်တစ်စီး (သို့မဟုတ်) ဥပုံစံရှိတဲ့ စက်ဘီးတစ်စီးပဲ ဖြစ်ပါတယ်။ ကနေဒါနိုင်ငံ အခြေစိုက် Aerovelo အင်ဂျင်နီယာအဖွဲ့က ဒီဇိုင်းဆွဲပြီး ဖန်တီးခဲ့တာပါ။
![](https://yoyarlay.com/wp-content/uploads/2024/04/26.4.24-yyl-2.jpg)
![](https://yoyarlay.com/wp-content/uploads/2024/04/26.4.24-yyl-3.jpg)
လေခွင်းအားကောင်းအောင် ဥပုံစံ ဖန်တီးထားတဲ့ စက်ဘီးဟာ Eta လို့ အမည်ရပြီး တစ်နာရီကို ၈၉.၅၉ မိုင်နှုန်းအထိ ခရီးနှင်နိုင်စွမ်း ရှိပါတယ်။ ဒါဟာ လူ့စွမ်းအင်နဲ့ မောင်းနှင်တဲ့ ယာဉ်တွေထဲမှာ ကမ္ဘာ့စံချိန်တင် အမြန်ဆုံးနှုန်း ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်ကတည်းက Eta ကို စမ်းသပ်မောင်းနှင်ပြီး ကမ္ဘာ့စံချိန်သစ် တင်နိုင်ခဲ့တာပါ။ \
![](https://yoyarlay.com/wp-content/uploads/2024/04/26.4.24-yyl-4.jpg)
Ref: New Human-Powered Speed Record Set at 89.6 Mph in Egg-Shaped Bike
NZ ( ရိုးရာလေး)