ရော်နယ်ဒိုရဲ့ ဂိုးသွင်းစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တဲ့ စတာလင်

22-7-2020-yyl-010.jpg

ဝက်ဖို့ဒ်ကို ၄ ဂိုးပြတ် အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ၂ ဂိုး သွင်းနိုင်ခဲ့တဲ့ မန်စီးတီးတောင်ပံကစားသမား စတာလင်ဟာ မန်ယူတိုက်စစ်မှူးဟောင်း ရော်နယ်ဒိုရဲ့ ဂိုးသွင်းစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပါပြီ။ ဝက်ဖို့ဒ်နဲ့ပွဲမှာ စတာလင်က ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ၁၉ ဂိုးမြောက် သွင်းယူနိုင်ခဲ့ပြီး ကစားသမားဘဝတစ်လျှောက်မှာ ၈၅ ဂိုးမြောက် သွင်းယူနိုင်ခဲ့တာပါ။

ရော်နယ်ဒိုဟာ မန်ယူမှာ ကစားခဲ့တုန်းက တောင်ပံကစားသမားအဖြစ် ကစားခဲ့တာဖြစ်ပြီး စတာလင်ကလည်း တောင်ပံမှာ ကစားသူပါ။ ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းမှာ စတာလင်ထက် ဂိုးပိုသွင်းနိုင်တဲ့ တိုက်စစ်မှူးမဟုတ်သူ ၅ ယောက်ပဲ ရှိပါတယ်။ ဆောက်သမ်တန် ဂန္ထဝင်ကစားသမားဟောင်း တစ်ဆီရာ၊ မန်ယူဂန္ထဝင် ကွင်းလယ်လူဟောင်း ပေါစခိုးလ်၊ ရိုင်ယန်ဂစ်၊ ချဲလ်ဆီးကွင်းလယ်လူဟောင်း လမ်းပတ်၊ လီဗာပူးကွင်းလယ်လူဟောင်း ဂျရတ်တို့ဖြစ်ပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top