ဟော်လန်မြေက စပါးရဲ့အံ့အားသင့်ဖွယ်နိုင်ပွဲကြောင့် All English Final ဖြစ်လာ

59968723_2316905605019345_1581859175493795840_n.jpg

အိမ်ကွင်းမှာ အေဂျက်ကို ဝ-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ စပါးဟာ အဝေးကွင်းပွဲစဉ်မှာ (၂) ဂိုးသွင်းခံရပြီးမှ (၃) ဂိုး ပြန်သွင်းပြီး နှစ်ကျော့ပေါင်းရလဒ် ၃-၃ ဖြစ်ခဲ့ပေမဲ့ အဝေးဂိုးစည်းမျဉ်းကြောင့် ဗိုလ်လုပွဲတက်လှမ်းနိုင်ခဲ့ပါတယ်။

ပွဲစတာနဲ့ တိုက်စစ်ဆင်ကစားခဲ့တဲ့ အေဂျက်ဟာ (၄) မိနစ် ဂိုးရခဲ့ပါတယ်။ တာဒစ်ရဲ့ကန်ချက်ကို ဟူဂိုလိုရစ် ပုတ်ထုတ်နိုင်ခဲ့လို့ ထောင့်ကန်ဘော ဖြစ်ခဲ့ပေမဲ့ ထောင့်ကန်ဘောကနေ ဒီလစ်က ခေါင်းတိုက်ပြီး အဖွင့်ဂိုးသွင်းခဲ့တာပါ။

စောစောစီးစီးဂိုးပေးလိုက်ရတဲ့ စပါးက တိုက်စစ်ဖွင့်ကစားခဲ့လို့ ပွဲက မြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်ခဲ့ပါတယ်။ နောက် (၃) မိနစ်အကြာမှာပဲ စပါးအသင်း ချေပဂိုးရဖို့နီးစပ်ခဲ့ပေမဲ့ ဆွန်ဟောင်မင် ချိုးပေးတဲ့ ဘောလုံးက တိုင်ထိထွက်ခဲ့ပါတယ်။ ပွဲချိန် (၃၅) မိနစ်မှာ ထရစ်ပီယာကို တာဒစ် ကျော်ဖြတ်ပြီး ဧရိယာထဲပြန်ချိုးပေးတဲ့ ဘောလုံးကနေ ဇီယက်က ဒုတိယဂိုးထပ်သွင်းခဲ့ပါတယ်။

တန်ပြန်တိုက်စစ်ဆင်လာချိန်မှာ လူးကပ်စ်မိုရာက ဒယ်လီအလီ ယူလာတဲ့ဘောလုံးကို ဖြတ်ဆွဲပြီး ချေပဂိုးသွင်းခဲ့

ဒုတိယပိုင်းမှာ လိုရန်တီကိုထည့်ပြီး တိုက်စစ်မြှင့်ခဲ့တဲ့စပါးဟာ ပွဲချိန် (၅၄) မိနစ်မှာ ဂိုးရဖို့နီးစပ်ခဲ့ပေမဲ့ ဒယ်လီအလီရဲ့ကန်ချက်ကို အိုနာနာ ကာကွယ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်တစ်မိနစ်အကြာမှာပဲ စပါးအသင်း ချေပဂိုးရခဲ့ပါတယ်။ စပါးအသင်း တန်ပြန်တိုက်စစ်ဆင်လာချိန်မှာ လူးကပ်စ်မိုရာက ဒယ်လီအလီ ယူလာတဲ့ဘောလုံးကို ဖြတ်ဆွဲပြီး ချေပဂိုးသွင်းခဲ့တာပါ။ နောက် (၄) မိနစ်အကြာမှာလည်း စပါးအသင်း ဒုတိယချေပဂိုးရခဲ့ပါတယ်။ အေဂျက်ဂိုးသမားနဲ့ နောက်ခံလူ နားလည်မှုလွဲပြီး ဧရိယာထဲ ရှုပ်ယှက်ခတ်နေချိန်မှာ လူးကပ်စ်မိုရာက အေဂျက်ကစားသမားတွေကို လိမ်ခေါက်ပြီး ကန်သွင်းယူခဲ့တာပါ။

ထပ်ဆောင်းအချိန်ပို (၅) မိနစ်ရဲ့ နောက်ဆုံးစက္ကန့်မှာ လိုရန်တီ ခေါင်းတိုက်ချပေးတဲ့ဘောလုံးကို လူးကပ်စ်မိုရာရသွားပြီး ဧရိယာအစပ်ကနေ မြေလိမ့်ဘောကန်သွင်းရာမှာ စပါးအသင်း တတိယဂိုးရခဲ့

၂-၂ ဂိုး ဖြစ်သွားချိန်မှာ အေဂျက်အသင်း ဂိုးရဖို့နီးစပ်ခဲ့ပေမဲ့ ဇီယက်ရဲ့ကန်ချက် တိုင်ထိထွက်ခဲ့လို့ နစ်နာခဲ့ပါတယ်။ အေဂျက်ဟာ ခံစစ်ကစားသမားတွေနဲ့ ကွင်းလယ်အထိုင်ကစားသမားကို လူစားထည့်သွင်းပြီး သရေရလဒ်ကိုဆက်ထိန်းဖို့ ကြိုးစားခဲ့ပေမဲ့ ထပ်ဆောင်းအချိန်ပို (၅) မိနစ်ရဲ့ နောက်ဆုံးစက္ကန့်မှာ လိုရန်တီ ခေါင်းတိုက်ချပေးတဲ့ဘောလုံးကို လူးကပ်စ်မိုရာရသွားပြီး ဧရိယာအစပ်ကနေ မြေလိမ့်ဘောကန်သွင်းရာမှာ စပါးအသင်း တတိယဂိုးရခဲ့ပါတယ်။

လူးကပ်စ်မိုရာဟာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ ပဉ္စမမြောက် ကစားသမားဖြစ်လာ

လူးကပ်စ်မိုရာဟာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ ပဉ္စမမြောက် ကစားသမားဖြစ်လာခဲ့ပြီး စပါးအသင်းကလည်း ဥရောပပြိုင်ပွဲ/ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့တဲ့ (၈) သင်းမြောက် အင်္ဂလန်ကလပ် ဖြစ်လာပါတယ်။ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ (၂) ဂိုးပေးရပြီးမှ နောက်ကလိုက်ကစားပြီး ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့တာဟာ ၁၉၉၉ ခုနှစ်က ဂျူဗင်တပ်ကို အနိုင်ယူကျော်ဖြတ်ခဲ့တဲ့ မန်ယူအသင်းနောက်ပိုင်း ပထမဆုံးပါပဲ။

စပါးအသင်းကလည်း ဥရောပပြိုင်ပွဲ/ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့တဲ့ (၈) သင်းမြောက် အင်္ဂလန်ကလပ် ဖြစ်လာ

၂၀၁၉ ချန်ပီယံလိဂ် ဗိုလ်လုပွဲကတော့ All English Final ဖြစ်လာပြီး ဥရောပပြိုင်ပွဲသမိုင်းမှာ အင်္ဂလန်ကလပ် (၂) သင်း ဗိုလ်လုပွဲကစားရတဲ့ တတိယမြောက်ပွဲစဉ်ဖြစ်လာပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top