အခုနှစ်အတွင်း မြန်မာနိုင်ငံက လူဦးရေ (၂၀) ရာခိုင်နှုန်း Covid-19 ကာကွယ်ဆေးရရှိအောင် လုပ်ဆောင်နေတယ်လို့ ကုလသမဂ္ဂ(မြန်မာ)ထုတ်ပြန်

115958741_55233251.jpg

ရန်ကုန်၊ ဇူလိုင် (၂၁)

COVAX အစီအစဉ်အရ ၂၀၂၁ ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံက လူဦးရေ (၂၀) ရာခိုင်နှုန်း Covid-19 ကာကွယ်ဆေးရရှိအောင် မြန်မာနိုင်ငံက ကုလသမဂ္ဂအဖွဲ့အစည်းတွေ အရှိန်အဟုန်မြင့် ပူးပေါင်းလုပ်ဆောင်နေကြတယ်လို့ ကုလသမဂ္ဂ(မြန်မာ)က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ကာကွယ်ဆေးတွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ကာကွယ်ဆေးထိုးရာမှာ ဦးစားပေးမှု၊ ဆိုင်ရာလမ်းညွှန်ချက်တွေနဲ့အညီ ကာကွယ်ဆေးကိုဖြန့်ဝေသွားမှာဖြစ်ပြီး အခုအသုတ် ဖြန့်ဝေမှုမှာ မြန်မာနိုင်ငံအတွက် ကာကွယ်ဆေး ပထမအသုတ်ရရှိနိုင်အောင် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံက ဆေးရုံတွေအနေနဲ့ လူအင်အားမလုံလောက်ခြင်း၊ ဆေးကုသမှုခံယူနိုင်ရန်နဲ့ အောက်ဆီဂျင်ရရှိနိုင်မှုတွေမှာလည်း ပစ္စည်းအထောက်အပံ့ အကန့်အသတ်ရှိနေတဲ့အတွက် ကုလသမဂ္ဂအဖွဲ့အစည်းတွေအနေနဲ့ အောက်ဆီဂျင်လိုအပ်ချက်ကို ဖြေရှင်းနိုင်ရန်အတွက် အောက်ဆီဂျင်စက်တွေနဲ့ အခြားလိုအပ်တဲ့ ကိရိယာတွေကို နည်းလမ်းမျိုးစုံနဲ့ ဝယ်ယူနိုင်ရန် လုပ်ဆောင်နေကြတယ်လို့ ကုလသမဂ္ဂ(မြန်မာ)ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့နဲ့ မိတ်ဖက်အဖွဲ့တွေက Covid-19 ရောဂါကာကွယ်ဆေးထိုးနှံရေးကို အရှိန်အဟုန်မြှင့်လုပ်ဆောင်နိုင်ရန် COVAX အစီအစဉ်အပါအဝင် နည်းလမ်းမျိုးစုံနဲ့ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အရေးပေါ်ကျန်းမာရေးဝန်ဆောင်မှုပေးခြင်းတွေနဲ့ Covid-19 ရောဂါ ကာကွယ်ဆေးထိုင်းခြင်းဆိုင်ရာ ကြိုးပမ်းအားထုတ်မှုတွေက အဆောတလျင်အရှိန်မြင့် ဦးဆောင်ပေးလုပ်ဆောင်ရမယ့် အရေးကြီး ကိစ္စတစ်ခုအဖြစ်ရှိနေဆဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေ လက်ရှိအချိန်မှာ ပြည်နယ်နဲ့ တိုင်းအလိုက် Covid-19 ရောဂါစစ်ဆေးမှုတွေကို တစ်ရက်မှာ လူဦးရေ (၁၂,၀၀၀) ကနေ (၁၅,၀၀၀) နှုန်းအထိ စမ်းသပ်စစ်ဆေးပေးနေပေမယ့် စမ်းသပ်စစ်ဆေးမှုတွေမှာအကန့်အသတ်တွေရှိနေရာအတွက် ကူးစက်မှု အရေအတွက် အမြောက်အများရှိနေပေမယ့် သတင်းမပေးပို့နိုင်တဲ့ အခြေအနေတွေလည်း ရှိနေနိုင်ပါတယ်။

Photo- Internet

Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top